စာရွက်ကြေတစ်ချို့

in #busy6 years ago

U5dr3rofWyxV3iqZ88qEr4WFFmaWopj_640x480.jpg

ညနက်သော အဆုံးမရှိသော
မှောင်မည်းခြင်းတွေသည်
ငါ့လမ်းမထက်တွင် တည်နေသည်
ပျောက်ဆုံးသွားသော မီးခြစ်တစ်လုံးရဲ့
ပိုင်ရှင်မူလသည် လမ်းဘေးတွင်
သေဆုံးနေခဲ့သည်

ဂုဏ်သရေမဲ့ခြင်းတို့သည်
ငွေကြေးရဲ့ကျွန်သဘောက်ဖြစ်ခဲ့သည်
ဆင်းရဲခြင်းများ ရွေးကောက်ပွဲတွင်
ရှုံးနိမ့်မည်ဟု သတင်းတစ်ခုမှာ
တွေ့ခဲ့မိပါသည်

အားလုံးရဲ့ နောက်ဆုံးခြေရာတွေ
ဒီရေပြင်ထက် ထင်ကျန်ရစ်လည်း
နှလုံးသားရဲ့ ပျော်ရွှင်ခြင်းတို့
မကြာသောအချိန်တွင်
ပျောက်ဆုံးသွားလေမည်
@maykyaw
photo : google image

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 63086.21
ETH 3455.67
USDT 1.00
SBD 2.50