ကို်​ယ့်အဆင့်​ကို​ယ်​သိ

in #busy8 years ago

တက္ကသိုလ်တက်နေတဲ့လူငယ် တစ်ဦးကိုကြည့်ပီး သူတို့အနာဂတ်အတွက်ရင်လေးသွားတယ် .. အဲသည်လူငယ်လေးဟာ မပြည့်စုံတဲ့ဘ၀ကနေ လာရတယ် တက္ကသိုလ်မတက်ခင်အချိန်ထိ မိဘအပေါ်သိတတ်တယ် အိမ်အလုပ်ဆိုရင်လည်းကူညီတယ် တက္ကသိုလ်တက်ပီးနောက်ပိုင်း အရမ်းပြောင်းလဲသွားတယ် ပေါ်ကြော့နေချင်တယ် အပျင်းရောဂါစွဲကပ်လာတယ် .. ဘာလို့လဲ ?? ဘာလို့လဲဆိုတော့ သူပေါင်းတဲ့အပေါင်းအသင်းတွေဟာ ပြည့်စုံတဲ့အသိုင်းအ၀ိုင်းကနေလာတယ် အကောင်းစားသုံးတယ် ဖုန်းဆိုလည်း Iphone ပဲကိုင်တယ် .. အဲလိုအသိုင်းအ၀ိုင်းနဲ့ရောစပ်သွားတဲ့အခါ အဲသည်လူငယ်ဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပျက်စီးသွားတယ် .. သူတို့လိုအကောင်းစားပဲသုံးချင်တယ် .. ပေါ့ပေါ့လေးနေချင်တယ် .. အနာဂတ်လဲပျောက်သွားတယ် .. ဘ၀ရည်မှန်းချက်လဲမရှိတော့ဘူး .. မိဘအပေါ်လဲမသိတတ်တော့ဘူး .. လူငယ်ဖြစ်လို့ အတွေးအမှားတွေနဲ့ လမ်းမှားလိုက်တော့တာဘဲ တစ်ကယ်ဆိုရင် မပြည့်စုံတဲ့မိမိဘ၀ကို အောက်ခြေကနေ စပြီးကြိုးစားဖြည့်ဆည်းရမှာ အထက်ကလူကိုကြည့်ပီး မတုတာအကောင်းဆုံးပဲဗျာ .. ခပ်ရင့်ရင့်ပြောရရင် ကိုယ့်အဆင့်ကိုယ်သိတာအကောင်းဆုံးပါပဲ !

Coin Marketplace

STEEM 0.06
TRX 0.30
JST 0.053
BTC 71636.90
ETH 2111.86
USDT 1.00
SBD 0.49