မေးခွန်းပေါင်းများစွာနဲ့ကျွန်နော်

in #busy6 years ago

luxury-cartoon-giving-flowers-draw-these-cute-things-for-your-boyfriend-and-stupefy-him-cartoon-giving-flowers.jpg
မေးခွန်းပေါင်းများစွာနဲ့ကျွန်နော်
ကျွန်နော်သူ့ကို ချစ်မိနေပါပြီ သူ့အမည်က လှလှလို့ခေါ်ပါတယ်
နာမည်နဲ့လိုက်ဖက်အောင် သိပ့်လှပြီး ချစ်စရာကောင်းတဲ့
ကောင်မလေးတစ်ယောက်ပါဗျာ လှလှဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ
ယဉ်ကျေးသိမ်မွှေ့ပြီ ငွေကြေးချမ်းသာတဲ့ အတိုင်းအဝိုင်းထဲက ကောင်မလေးပါဗျာ
သိပ့်လှတဲ့ လှလှတစ်ယောက်ကို မြင်တွေ့သူတိုင်း ချစ်ခင်ကြပါတယ် မြင်တွေ့သူတိုင်း
ချစ်ခင်ကြတဲ့အထဲမှာတော့ ကျွန်နော်တစ်ယောက်လည်း အပါအဝင်ပေါ့ဗျာ……………………။
depositphotos_7475286-stock-photo-kiddie-love.jpg
ကျွန်နော်ဟာ လှလှဆိုသော ကောင်မလေးတစ်ယောက်ကိုမြတ်နိုးတွယ်တာ
ချစ်ခင်သောစိတ်တို့နှင့် စွဲလမ်းနှစ်သက်နေမိတော့ ညနေဆိုတဲ့ နေဝင်ချိန်ရောက်တိုင်း
ကျွန်နော်ဟာ ကျုရှင်ကအပြန် သူလာတက်နေကျ မြေနီလမ်းလေးကနေ နေ့တိုင်း
လှလှဆိုတဲ့ ကောင်မလေးကို စောင့်လို့နေမိပါတယ် တစ်ရက်ကို တစ်ကြီမ်လောက်တော့
သူ့ကို မြင်တွေ့ရမှ စိတ်ကျေနပ်မှုရှိတယ် သူ့မျက်နှာ လှလှလေးကို တွေ့မြင်ရ ရင်
ပျော်ရွှင်တယ်ပေါ့ဗျာ ဒါပေမယ့်မတွေ့ရတဲ့ နေ့ရက်တွေမှာတော့ ထိုတစ်ရက်က
ကျွန်နော်အတွက်တော့ အဓိပ္ပာယ်မရှိတဲ့ နေ့ရက်လိုပါပဲဗျာ……………………………………။
37664196-girl-with-flower-and-balloon-boy-holding-hands.jpg
ကျွန်နော်ဟာ လှလှဆိုတဲ့ ကောင်မလေးကို ဘာကြောင့် ချစ်ခင်စွဲလမ်း
မြတ်နိုးတွယ်တာ နေမိသလဲဆိုတာကို ယခုချိန်ထိ စဉ်းစားပါသော်လည်း အဖြေဟာ
အတိအကျ ထုတ်မရသေးပါဘူး လှလှဆိုတဲ့ ကောင်မလေးက သိပ့်လှနေလို့လား
ဒါမှမဟုတ် လှတာကိုမှ နှစ်သက်မိတဲ့ ကျွန်နော်စိတ်ကြောင့်လား ဒါမှမဟုတ် ဘာကြောင့်လဲ
ဘာကြောင့် ညနေ နေဝင်ချိန်ရောက်တိုင်းမှာ လှလှဆိုတဲ့ ကောင်မလေး ကျုရှင်ကနေ
အိမ်ပြန်လာရာ မြေနီလမ်းလေးမှာ ခြင်ကိုက်ခံပြီး ကျွန်နော် ဘာကြောင့် စောင့်နေမိခဲ့တာလဲ
လှလှမျက်နှာလေးနဲ့ လှလှရဲ့ ကိုယ်ဟန်အမှုအရာလေးတွေကို တွေ့မြင်ရတော့ ဘာကြောင့်
ကျေနပ်စိတ်ဖြစ်ပြီး ပျော်ရွှင်သွားခဲ့တာလဲ လှလှဆိုတဲ့ကောင်မလေးကို မမြင်ရသောနေ့တို့၌
ဘာကြောင့် စိတ်ခံစားမှုတွေ ဖြစ်ပေါ်နေရတာလဲ ဆိုတဲ့ မေးခွန်းပေါင်းများစွာတို့ကို
ကျွန်နော်ကို ကျွန်နော် မေးမြန်ကာအဖြေရှာနေမိတာလဲ ဒီနေ့ထိတိုင်အောင်ပါပဲလှလှရယ်………………။
author:@winkyaw
photos:cedit google images

Sort:  

တစ်ခါတလေလဲ ကလေးစာတွေဖတ်ရတာ ပျော်ရတယ်

ဟုတ်ကဲ့ပါ
ကျေးဇူးပါပဲဗျာ

သတ္တာထဲကျေးဇူးတွေပြည့်နေလောက်ပြီနော်

အဖြေရှာနေတာတွေ့ရှိရင်ငါ့လာပြောပြပေးဦးဟ

တွေ့ရင်တော့ပြောပါ့မယ်ကိုသူရရေ

အမြန်သိချင်လှပြီကွာ စိတ်ဝင်စားတယ်လေ

ကိုယ့်အကြောင်းကိုယ်စိတ်မဝင်စားပဲ
သူများအကြောင်းလိုက်စပ်စုနေတယ်နော်

ဘာတွေဟုတ်နေတာလဲနော်

စပ်စုတာမဟုတ်ပါဘူးဗျာမေးကြည့်တာပါနော်

This comment has received a 0.23 % upvote from @speedvoter thanks to: @winkyaw.

ဘာကြောင့်လည်းဆိုတာတွေ့အောင်ရှာနိုင်ပါစေ

ဖတ်ရတာကောင်ပါတယ်
အားပေးနေမယ်နော်

ခွန်အားဖြည့်မိငယ်ပေါ့နော်

ခင်မောင်တိုးသီချင်းထဲကစာသားမလားကိုသူရ

ဒီသီချင်းကသိပ့်ကောင်းတယ်လေညီရဲ့

This post has received a 1.84 % upvote from @drotto thanks to: @winkyaw.

ဟုတ်ကဲ့ပါခင်ဗျာ

အရမ်းကောင်းပါတယ်ရှင်

ဓါတ်ပုံလေးတွေကချစ်စရာလေးတွေနော်

ဟုတ်တယ် ကျေးဇူးတင်တယ်နော်

လှလှဆိုတဲ့ကောင်မလေးကလည်းချစ်စရာကောင်းမှာပါလေ

မြင်လဲမမြင်ဖူးပဲနဲ့ပြောနေတယ်

ဟုတ်တယ်ပြောလိုက်

မင်းကိုပြောရမှာဒီစကားက

စိတ်ကူးထဲပုံဖော်ကြည့်နေတာဟ

ခြင်ကိုက်တော့နာမှာပဲနော်

ဒါပေမယ့်အသဲကမာတယ်လေ

ကောင်းပါတယ် ကောင်းပါတယ်ရှင်
အမြဲအားပေးနေမယ်

ခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ

အားပေသွားပါတယ်နော်

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.028
BTC 63177.41
ETH 2439.37
USDT 1.00
SBD 2.58