ဌက်ပျောဆနွင်းမကင်း လုပ်​မယ်

in #cook7 years ago (edited)

ဌက်ပျောဆနွင်းမကင်း
ဘန်းဆိုဒ် ၉+ ၁၁ လက်မ
ဌက်ပျောသီး....၁၇ လုံး (အရွယ်တော်)
ဂျုံမှုန့်.. ..၁၀ ကျပ်သား(160g)
အုန်းသီး.. ..၁လုံး (အမှုန့်ခြစ်ထားပါ)
သကြား...၂၀ ကျပ်သား( အချိုမကြိုက်ရင်
လျှော့ပါ) (320 g)
ထောပတ်.....၁၀ ကျပ်သား (160g)
နို့မှုန့် (pep)....၂ထုပ် (30 g)
ဆား.....၁ဇွန်း (လက်ဖက်ရည်ဇွန်း)
ဘိန်းစေ့.. ...အနည်းငယ်
Food colour(နီ).....အနည်းငယ်
ရွှေကြည်မှုန့်.. ၅ဇွန်းမောက်(ထမင်းစားဇွန်း)
(ငှက်ပျောဆနွင်းမကင်းကိုအရင်လုပ်တုန်း
ကရွှေကြည်မထည့်ပါဘူး
အစ်မ Khine Chaw Suနည်းကိုကြည့်ပြီး
ရွှေကြည်ထည့်ကြည့်တာ ပိုကောင်းပါတယ် ရှင့်
အစ်မရေ ကျေးဇူးပါနော်
ငှက်ပျောသီး ကိုကြေအောင်ချေထားပါ
ဂျုံ +ထောပတ် +သကြား+ အုန်းသီးမှုန့်
နို့မှုန့် + ဆား+ ရွှေကြည် ထည့်ပြီးအားလုံးသမသွားအောင် ရောနယ်ပါ
အရောင်လိုသလောက်ထည့်ပြီး နှံ့အောင်
နယ်ပါ (food colour မထည့်လဲရပါတယ်)
ဖုတ်မယ့်ဘန်းကို ထောပတ်သုတ်ပြီး
မုန့်နှစ်လောင်းထည့် အပေါ်ယံညီအောင်
ထောပတ် ၂ဇွန်းလောက် ဆမ်းပြီး
ညှိပေးပါ
ပြီးရင် ဘိန်းစေ့ဖြူးပြီး အပူချိန်
၂၀၀ံ စင်တီဂရိတ်နဲ့ အပေါ်မီး များများ
အောက်မီးနဲနဲ နဲ့ မိနစ် ၄၀လောက် ဖုတ်ပေးပါ
(အောက်မီး ကို ၁၀မိနစ်လောက်ပဲ
ပေးပါတယ်)
မိနစ် ၃၀ လောက်နေရင် ဓားချွန်
လေးနဲ့ ထိုးကြည့်ပြီး မုန့်နှစ်ကပ်မပါလာ
တော့ရင် ကျက်ပါပြီ အပေါ်ယံ နီလာအောင်
၁၀ မိနစ်လောက် ထပ်ထားပြီးရင်
ရပါပြီရှင်
အအေးခံပြီးမှ ကြိုက်ရာပုံဖြတ်လို့ရပါပြီ

Credit: Lin Thawdar

Sort:  

Congratulations @myoyuparko! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes received
You made your First Comment
Award for the number of upvotes
Award for the number of posts published

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!