Crypto Currency trading for beginnersteemCreated with Sketch.

in #crypto7 years ago

Crypto trading for Beginner
အခု​နောက်​ပိုင်းအ​မေးများလာတဲ့ crypto trading နဲ့ပါတ်​သတ်​တဲ့ beginner လမ်းညွှန်​​လေးပါ။

Bitcoin ကို​တော့လူတိုင်းသိပြီးသားဖြစ်​မှာပါ Bitcoin ​ပေါ်ပြီး​နောက်​ပိုင်းမှာ bitcoin ကဲ့သို့​သော ​နောက်​ထပ်​ crypto currencies ​တွေထပ်​​ပေါ်လာပါတယ်​။ နောက်​ထပ်​​ပေါ်လာတဲ့ coin ​တွေဟာ bitcoin ကို(များ​သောအားဖြင့်​)မူတည်​ပြီး ​အချိန်​နဲ့ အမျှ​ဈေးနှုန်း​ပြောင်းလဲမှု​တွေရှိ​နေပါတယ်​။ သူတို့​တွေရဲ့​ဈေးနှုန်း​ပြောင်းလဲမှု​တွေ​ပေါ်မှာကျွန်​​တော်​တို့​တွေကအကျိုးအမြတ်​ရှာရမှာပါ။

crypto tradin​g ကလွယ်​လွယ်​​ပြောရရင်​​တော့ ​ဈေးကျ​နေတဲ့(​ဈေးတတ်​မယ်​လို့ထင်​တဲ့)coin ကိုဝယ်​ target တစ်​ခုထားပြီး​ဈေးတတ်ရင်​ ပြန်​​ရောင်း အဲ့သ​ဘောမျိုးပါ (Forex လိုမျိုး margin trading လုပ်​ချင်​တဲ့လူ​တွေအတွက်​လဲ​နောက်​ကျရင်​ရေး​ပေးပါ့မယ်​) Crypto trade မှာ risk အရမ်းနည်းပါတယ်​ ဘာ​ကြောင့်​လဲဆို​တော့ ကိုယ်​က coin တစ်​ခုကို​ဈေးတတ်​မယ်​ထင်​ပြီး ၀ယ်​ထားမိပြီး​ဈေးကျသွားတယ်​ဆိုပါ​တော့ဗျာ ၀ယ်​လိုက်​ပြီဆိုမှ​တော့ကိုယ့်​ပစ္စည်းဖြစ်​သွားပြီဗျာ ကိုလိုချင်​တဲ့​ဈေးမ​ရောက်​မချင်းသာကိုင်​ထားဗျာ အ​နှေးနဲ့အမြန်​ပဲကွာတယ်​ ပြန်​တက်​ပါတယ်​။

beginner ​တွေအ​နေနဲ့က​တော့များများ​လေ့လာကြပါ ကိုယ်​တိုင်​​ဈေးကွက်​ကို analysis လုပ်​ချင်​သူ​တွေက​တော့ www.bitcointalk.org မှာရှာဖတ်​ပါ။
ကျွန်​​တော်​တို့ Cryto trading Myanmar group မှာလဲ signal အနည်းအကျဉ်း​ပေးပါတယ်​။

နောက်​တစ်​ခုအ​ရေးကြီးတာက ဘာပဲလုပ်​လုပ်​ money management ကအ​ရေးကြီးဆုံးပါပဲ ဥပမာ​ပေါ့ဗျာ-မိတ်​​ဆွေဆီမှာ 100USD ရှိတယ်​ဆိုပါ​တော့ coinတစ်​ခုတည်းကို​ဈေးတက်​မယ်​ထင်​ပြီးဝယ်​ထားပြီး​တော့ တစ်​လ​လောက်​ကြာ​အောင်​မတက်​ရင်​ ဘာဖြစ်​မယ်​ထင်​လဲ ထိုင်​​စောင့်​​နေရမှာ​ပေါ့ဗျ အဲ့ဒါ​ကြောင့်​ ကိုယ့်​မှာရှိတဲ့ပိုက်​ဆံကို ၁၀ပုံ ပုံပြီး​တော့ coin ၁၀မျိုး​လောက်ဝယ်​ပါ တစ်​ခုမဟုတ်​တစ်​ခု​ဈေးတက်​ရင်​ ကိုယ့်​​ငွေပြန်​​ပေါ်​တော့​နောက်​တစ်​မျိုးဝယ်​လို့ရတာ​ပေါ့ဗျ

Crypto trade လို့​ကောင်းမယ့်​ site နှစ်​ခုရှိပါတယ်
www.poloniex.com
www.bittrex.com ဒီဆိုက်​နှစ်​ခုက Volume အများဆုံးမို့လို့ပါ

နောက်​တစ်​ခု​ပြောချင်​တာက fees ​ပေါ့ poloniex မှာဆို coin တစ်​ခုဝယ်​ရင်​ 0.15% ​ပေးရပြီး​ရောင်းရင်​ 0.25% ပါ
Bittrex မှာ​တော့ အ၀ယ်​အ​ရောင်းနှစ်​ခုလုံး 0.2% ​ပေးရပါတယ်​။
Order တင်​ထားပြီး cancel လုပ်​ရင်​ fees မဖြတ်​ပါဘူး complete transaction အတွက်​ပဲ fees ဖြတ်​ပါတယ်​။
ဒီ​လောက်​ဆို beginner ​တွေအတွက်​အနည်းအကျဉ်း​လောက်​​တော့သိသွားပြီလို့ထင်​ပါတယ်​။

အခုလိုမျိုး​တွေ​ရေး​ပေးတာ ကျွန်​​တော့်​အတွက်​အကျိုးအမြတ်​မရပါဘူး knowledge sharing တစ်​ခုအ​နေနဲ့​ရေးတာပါ မိတ်​​ဆွေတို့သိထားတဲ့အ​ကြောင်းအရာ​တွေလဲ comment မှာဝင်​​ရောက်​​ဆွေး​နွေးနိုင်​ပါတယ်​။

အားလုံးပဲအဆင်​​ပြေကြပါ​စေ။

ဇင်​မင်းထွန်း

FB_IMG_1498102969949.jpg

Coin Marketplace

STEEM 0.23
TRX 0.12
JST 0.029
BTC 66120.88
ETH 3555.65
USDT 1.00
SBD 3.12