ဆရာတော်ဘုရားကြီး၏ အဆုံးအမများ

in #dama8 years ago

#လူတစ်ချို့လုပ်နေတာပြောပြမယ်"
******(ပါချုပ်ဆရာတော်ကြီး)

ဘုန်းကြီး တလောက
စင်္ကာပူက အဘိဓမ္မာသင်တန်းပို့ချဖို့ပင့်လို့ သွားတယ်..
ဒါကို အလှူခံကြတယ်..
"ဘုန်းကြီးကျန်းမာရေးမကောင်းလို့ဆေးကုဖို့"လို့ ပြောပြီးအလှူခံကြတာ..
သိပ်ဝမ်းနည်းစရာကောင်းတယ်..

တစ်ခါ ဒကာတစ်ယောက်ကလည်းလျှောက်ပြန်တယ်..
"ဘုန်းကြီးကျောင်းဆောက်ဖို့လိုရင်"
"အလှူခံဖြတ်ပိုင်းရိုက်ပေးပါ"
"အလှူခံပေးပါ့မယ်"တဲ့..
ဒါတွေက တော်တော်မကောင်းတဲ့ကိစ္စတွေပဲ..
ဘုန်းကြီးငယ်ငယ်တုန်းက
ရဟန်းဒါယကာတွေက"လိုတာပြောပါ" ဆိုပြီးပြောလွန်းလို့
၂ခါလောက်ပဲ တောင်းဖူးတယ်..

နောက်တစ်ခု
တရားပွဲတွေမှာ အလှူခံဖလားတွေ ချထားတယ်..
တရားလာနာတဲ့လူတစ်ယောက်ဟာ
ဒါကိုမြင်ပြီး သူမလှူနိုင်တဲ့အခါ
သူ့စိတ်ထဲ စနိုးစနောင့်ဖြစ်သွားတယ်ဆိုရင်
ဒါဟာမကောင်းတော့ဘူး..
ပိုက်ဆံပေးပြီးမှ တရားနာရတယ်ဆိုရင်
ဘုန်းကြီးတို့က တရားကို ရောင်းနေသလိုဖြစ်နေမယ်..
ရောင်းရအောင်ကလည်း ကိုယ့်တရားမဟုတ်ဘူး..
ဘုရားတရားတော်တွေ..

တချို့နေရာတွေမှာဆို
လမ်းကို ပိတ်ပြီးတော့တောင် အလှူခံတာတွေ့ရတယ်..
သဒ္ဓါရှိတဲ့သူက လာလှူတာမျိုးမဟုတ်ပဲ
ကြိုနေစောင့်နေပြောဆိုအလှူခံနေရင်
ဒါတောင်းနေတာနဲ့အတူတူပဲ..
ဒါကို လက်ခံရင်
ဘုန်းကြီးတို့သူတောင်းစားဖြစ်သွားမယ်..
ဒါကြောင့် ဘုန်းကြီးတို့တရားပွဲတွေမှာ
စာအုပ်တို့ အခွေတို့ အရောင်းမခံဘူး..
ဘုန်းကြီးကရောင်းတယ် ရောင်းခိုင်းတယ်ထင်မှာကို
သိပ်စိုးရိမ်တယ်..

ဘုန်းကြီးတို့ဆရာသမားမထေရ်ကြီးတစ်ပါးဆို
သူ့ဒါယကာတွေက "ဘာလိုလဲဘုရား"လို့မေးတော့
"သဒ္ဓါရှိသလောက်ကြည့်လှူ"
"ဘာလိုလဲ နောက်မမေးနဲ့"လို့ပြောတာတွေ့ဖူးတယ်..

တမင်ကြီး အလှူပေးချင်အောင် ပြောနေစရာမလိုဘူး..
သဒ္ဓါရှိတဲ့သူက လိုက်ရှာပြီးတောင်လှူတယ်..
တရားကို ဟောတဲ့နေရာမှာလည်း
ဘုန်းကြီးတို့ ဘုရားညွှန်ကြားချက်အတိုင်း
ဒေသနာစဉ်အတိုင်းဟောတယ်..
အကြောင်းပြချက်ခိုင်လုံတဲ့တရားပဲ ဟောတယ်..
တရားနာသူတွေအပေါ် မေတ္တာနဲ့ဟောတယ်..
မသိကြသေးတာ သိကြပါစေ ဆိုတဲ့စေတနာနဲ့ ဟောတယ်..
ကိုယ့်ဂုဏ်ကိုမြှောက် သူများကိုနှိမ်တဲ့တရားမျိုး မဟောဘူး..

မြတ်စွာဘုရားက တပည့်သံဃာတွေကိုလည်း
ဒီလိုတရားတွေဟောဖို့ တိုက်တွန်းခဲ့တာပါ..
ဒါကို လိုက်နာဖို့အရေးကြီးပါတယ်.. image

                          ပါချုပ်ဆရာတော်ကြီး

စေတနာမေတ္တာအရင်းခံဖြင့်
မျှဝေပူဇော်ပါသည် 🙏🙏🙏
ohmarshin(oms)

Sort:  

The essence of life is instructive.

Coin Marketplace

STEEM 0.06
TRX 0.30
JST 0.059
BTC 69465.22
ETH 2115.87
USDT 1.00
SBD 0.53