ဝဋ်

in #dhamma7 years ago

ဝဋ်"

တစ်ခါက အလွန် ကြမ်းတမ်း ရက်စက်သော ဘုရင် တစ်ပါး ရှိရာ တိုင်းသူ ပြည်သားများနှင့် မှူးကြီး မတ်ကြီးများက မနှစ်သက်ကြသော်လည်း ကြောက်ရွံ့ သောကြောင့် ပြန်လှန် ပြောဆိုရန် မရဲကြပေ။ ထိုအထဲတွင် စိတ်ထား မကောင်းသော အမတ်ကြီး တစ်ပါးလည်း ပါဝင်သည်။

တစ်နေ့သော် ဘုရင်ကြီးက တစ်တိုင်းပြည်လုံးကို အံ့ဩသွားစေနိုင်မည့် အမိန့် တစ်ခုကို ထုတ်ပြန်လိုက်သည်။ ငါ၏ တိုင်းပြည် အဝှမ်းတွင် မည်သည့် ကြမ်းတမ်း ရက်စက်ခြင်း၊ တရား မမျှတခြင်း မရှိစေရ ဟူ၍ဖြစ်သည်။

ဤအမိန့် ထုတ်ပြီးကတည်းက ရှင်ဘုရင်ကြီး ကိုယ်တိုင်လည်း သူ၏ စကားအတိုင်း တိုင်းပြည်ကို မေတ္တာ အပြည့်အဝထားပြီး တော်တည့် မှန်ကန်စွာ အုပ်ချုပ်သဖြင့် နဂိုက တင်ရှိခဲ့သည် နာမည်ဆိုးပင် ပျောက်ကွယ်သွားပြီး သူ့ကို အလွန် နူးညံ့ သိမ်မွေ့သော ရှင်ဘုရင်ကြီးဟု ပြောင်းလဲ ခေါ်ဝေါ်လာကြ အထိပင် ဖြစ်သည်။

လအနည်းငယ် ကြာသောအခါ ရှင်ဘုရင်ကြီးအား မလို မုန်းထား ပိုဖြစ်လာပြီး သူက ဩဇာညောင်းသော မင်းသား တပါးကို ထီးနန်း အပ်လိုသော အမတ်ကြီးက အခြားသူများ မရှိသော အချိန်တွင် တိတ်တဆိတ် ရှေ့တော်သို့ လာရောက် ခစားသည်။

"အရှင်မင်ကြီး၊ စိတ် အနှောက်အယှက် မဖြစ်ရင် တစ်ခု မေးချင်ပါတယ်၊"
"မေးစေ၊"
"အရှင်မင်းကြီး ယခုကဲ့သို့ အဘယ်ကြောင့် ချက်ချင်းကြီး ပြောင်းလဲသွားသလဲ ဆိုတာကို သိချင်ပါတယ်၊"
"ဒါက ဒီလိုပါ၊
ငါတနေ့ အရပ်သား အသွင်နဲ့ အမဲလိုက်တုံး ငါနဲ့ အတူ ပါလာတဲ့ အမဲလိုက်ခွေးက ယုန်လေး တကောင်ကို လိုက်ဆွဲတာ ယုန်ရဲ့ခြေထောက် တဖက်ကို ကိုက်မိတယ်၊ ဒါပေမဲ့ ယုန်လေးက ကံကောင်းလို့ ကျောက်တုံး နှစ်ခုကြားထဲ ဝင်ပြီး လွတ်မြောက်သွားတယ်၊ ငါတို့ ရွာထဲရောက်တော့ ခုနက အမဲလိုက်ခွေးက ရွာသား တစ်ယောက်ကို သဲသဲမဲမဲ သွားဟောင်တော့ ကျောက်တုံးကြီးနဲ့ ပြစ်ပေါက် ခံရတာ ခွေးရဲ့ခြေထောက် တော်တော် နာသွားပုံရတယ်၊ မထနိုင်တော့ဘူး၊ မကြာပါဘူး အဲဒီခွေးကို ခဲနဲ့ ပေါက်ခဲ့တဲ့ ရွားသားလည်း ရှေ့ နည်းနည်းဘဲ လျောက်သွားရသေးတယ် လမ်းဘေးမှာ ရှိတဲ့ မြင်းတကောင်က ကန်လိုက်တာ သူ့ရဲ့ ဒူးတဖက် ဒဏ်ရာ ရသွားလို့ မြေကြီးပေါ် ခွေကနဲ ထိုင်ကျသွားတယ်၊ မြင်းလည်း သူ ကန်လိုက်တာကြောင့် လူတွေ ရုတ်ရုတ်သဲသဲ ဖြစ်သွားတာကို လန့်ပြီး ဟိုပြေး ဒီပြေး ပြေးရာက ခြေထောက် တဖက်ဟာ ချိုင့်ခွက့် တစ်ခုထဲ ကျသွားလို့ အနာတရ ဖြစ်ပြီး ပြန်မထနိုင်တော့ဘူး၊ အဲဒါတွေ အားလုံးဟာ မကောင်းမှု့ တစ်ခုကြောင့် ဆက်တိုက် ဖြစ်လာတဲ့ မကောင်းမှု့ သံသရာတွေပါဘဲ၊ ဒါကြောင့် ငါလည်း ပြောင်းလဲဘို့ ဆုံးဖြတ် လိုက်တာပါ။"

ရှင်ဘုရင်၏ စကားကို ကြားရသော အမတ်ကြီးမှာ လောဘဇော ဖုံးလွှမ်းနေ၍ ကောင်းသော စိတ်နှလုံးကို ရရှိရမည့်အစား ဤအချိန်တွင် ရှင်ဘုရင်ကြီး၏ စိတ်နှလုံး ပျော့ပြောင်းသည်ကို ငါသေချာစွာ သိရပေပြီ၊ ရှင်ဘုရင်နှင့် ငါ နှစ်ဦးတည်း ရှိနေသော ဤအချိန်ကို လုံးဝ လက်လွတ် မခံနိုင်၊ ထိုကြောင့် ယခုပင် ဘုရင်ကြီးကို လုပ်ကြံတော့မည် ဟူသော စိတ်ယုတ်ဖြင့် တဟုန်ထိုး ရှေ့တိုးလာရာ လှေကားထစ်ကို မမြင်လိုက်၍ ခလုတ်တိုက် မှောက်လဲကျပြီး မိမိ၏ လက်နက်ဖြင့် မိမိကို ပြန်ထိုးမိလေတော့သည်။ ။268_1235017550.jpg_566.jpg

Sort:  


Get your post resteemed over 90000+ followers and get upto $19+ value Upvote. Your post will skyrocket and give you maximum exposer.

Send 1 SBD or STEEM to @funaddaa with your post url you will get your post share over 30000+ followers and 1 upvote $1.5+ value. Plus Get [ Christmas Bonus- $1 Value upvote ]

Send 3 SBD or STEEM to @funaddaa with your post url you will get your post share over 60000+ followers and 1 upvote $5+ value. Plus Get [ Christmas Bonus- $1 Value upvote ]

Send 5 SBD or STEEM to @funaddaa with your post url you will get your post share over 60000+ followers and 1 upvote $9+ value. Plus Get [ Christmas Bonus- $2 Value upvote ]

Send 6 SBD or STEEM to @funaddaa with your post url you will get your post share over 90000+ followers and 1 upvote $11+ value. Plus Get [ Christmas Bonus- $3 Value upvote ]

Send 10 SBD or STEEM to @funaddaa with your post url you will get your post share over 90000+ followers and 1 upvote $19+ value. Plus Get [ Christmas Bonus- $4 Value upvote ]

See our all pakages at:

http://www.whaleboostup.ml

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.030
BTC 58799.78
ETH 3205.78
USDT 1.00
SBD 2.29