ရဲ ဘဝ (2)

in #en-us8 years ago

image

              သင်တန်းပြီးသွားတော့ တာဝန်ကျရဲတပ်ရင်းကိုပို့ ပေးကြတာပေါ့ဗျာ ပို့ တာတောင့်ရိုးရိုးမပို့ ဘူး ၁၂ဘီးကား boxပုံထဲ့မှာထည့်ပြီးတော့လိုက်ပိုတယ် လူတွေလဲ ငါးပိသိပ်တာကျနေတာပဲ ကိုယ်ကတော့ဆုတောင်းတာပေါ့ အဲဒီကို မြန်မြန်ရောက်ပါစေလို ရောက်သွားပြီးပေါ့ဗျာ အဲမှရောက်တော့အထုပ်တွေချ တန်းစီးလူစစ် ပြီးတော့အိမ်ဆောင်ခွဲပေး ကျွန်တော် အိပ်ဆောင်၃ပေါ့ မနက်မိုးလင်းတာနဲ့ တန်းစီးလူစစ် ဖက်ထိပ်ခွဲပေါ့ ဖက်ထိပ်လုပ်ပြီးပြန်လားမှနံနက်စာကျွေးတာ

ပြီးတာနဲ့ လေ့ကျင့်ခန်း လုပ်ရတယ်လေ လေ့ကျင့်တာတစ်ရက်ကို ၃နာရီ သင်တယ် သင်တန်း ကမနက်ပိုင်၁၂နာရီပြီးတယ် သင်တန်းပြီလိုပြန်လာပြီးရေမိုးချိုး ထမင်းစား ခဏနား နေ့ ခင်းသင်တန်းပြန်စ ညနေ့  ၃နာရီ မှပြီး ဖက်ထိပ်ပြန်းလုပ် ၅နာရီ တန်ဖြုတ် ခတ္တနား ည ကင်းပါတဲ့သူကင်းစောင့်ပေါ့ ကင်းမပါတဲ့သူကတော့ အဆောင်မှာ အိပ်ရင်အိပ် မအိပ်ချင်ရင်လဲဈေးဆိုင်မှာသွာပြီး တပ်ဖွဲ့ ဝင်အချင်းချင်း ဝိုင်းဖွဲ့ ပြီးလ္ဘက်ရည် သောက်ရင်စကားပြော TVကြည့်တဲ့သူကကြည့် အဲဒီလိုနဲ့ တစ်ညပြီးတော့တာပေါ့ နောက်နေ့ တွေလဲ ဒီလိုလည်ပတ်နေတာပဲနောက် ၃ လ /၄လ လောက်ရောက်တော့ နစက ဆိုတဲ့ တပ်ဖွဲ့ ကခေါ်တယ် လုပ်ချင်တဲ့သူ နစက ကို အသွင်းပြောင်း မလုပ်ချင်တဲ့သူကတော့ဒီအတိုင်ပဲနေပေါ့ အဲလိုနဲ့ နစက ဆိုတဲ့တပ်ဖွဲ့ ကိုရောက်တော့တာပေါ့ရောက်ရောက် ချင်း ငါးခူးရ လိုဆိုတဲ့ နယ်မြေ(၅) ပေါ့ ဌာနချူပ်မှာ တာဝန်ကျတာပေါ့ ကင်းပြီးရင်ကင်း ကျနေတာပေါ့ နောက် နှစ်ပတ်လောက်ရောက်တော့ စပယ်ပင်ရင်းကင်းစခန်းကို ကျတာပေါ့ ကင်းစခန်းကျတယ်ဆိုတော့သွားရာပေါ့အဲမှာစတွေ့ တော့တာပါပဲကိုယ်အိတ်ယာလိပ်အဝတ်ထုပ် ရိက္ခာ သေနက်နဲ့ ကျည်အိတ် အားလုံးကို ကိုယ်ဟာကိုထမ်းပြီး လမ်းလျောက်ပြီးသွားခဲ့ရတယ် ၅ မိုင် ၆ မိုင် လောက်ရှိတဲ့ခရီးကိုသွားရပါတယ် အဲလိုလျောက်လားရင်ရောက်တော့တာပေါ့ တာဝန်ချိန် နေရာထိုင်ခင်းလုပ်ပြီး ကိုယ်ဟာကိုစားရဖို့ ထမင်း/ဟင်းချက်ရသေးတယ် ဒီကြားထဲ့ သုံးစရာရေမရှိလိုသွားခပ်ရာသေးတယ် ဒီလိုနဲ့ ထုံစံအတိုင်း ကင်းပြီးရင်ကင်း ပေါ့ ရက် (၃၀)ဆို ကင်းစခန်ချိန်ပြီးကိုယ်အထုပ်နဲ့ သေနက်ရယ်ထမ်းပြီး ဌာနချူပ်ရောက်အောင်ပြန်ရတယ် ပြန်ရောက်မှရေမိုးချိုးထမင်းစားညနေ့ တန်းစီးပြီးကိုယ်တာဝန်ကျတဲ့ကင်းရုံမှာ အိပ်ယာလိပ်ထားပြီးရင် သေနက်ထုတ် အလှည့်ကင်းစောင့်ပြီး ကင်းရုံမှာအိပ်ရတယ်။
နောက်နေ့ မှဆက်ပါမယ်

Coin Marketplace

STEEM 0.06
TRX 0.31
JST 0.063
BTC 66827.42
ETH 2060.67
USDT 1.00
SBD 0.51