သတ္ထုစက်ရုပ်ပညာ နှင့် ဗုဒ္ဓအမွေတော်
(အားလုံးဘဲမင်္ဂလာပါ။
MSO ရဲ့စည်းမျဉ်းစည်းကမ်တွေနဲ့အညီပထမဆုံးတင်သောပိုစ့်ဖြစ်ပါတယ်။ ကိုယ်တိုင်ရေးအကြောင်းအရာမဟုတ်သော်လည်း ကိုယ်တိုင် တည်းဖြတ်ထားသောအကြောင်းအရာဖြစ်ပါတယ်။ ကျွန်တော့်အကောင့်ကိုအလည်ရောက်လာခဲ့မယ်ဆိုရင်တော့ ထူးခြားဆန်းပြားတဲ့အကြောင်းအရာတွေကိုဖတ်ရှုနိုင်ပါမယ်။)
သတ္ထုစက်ရုပ်ပညာ နှင့် ဗုဒ္ဓအမွေတော်
ရောမအင်ပိုင်ယာရဲ့သတ္ထုစက်ရုပ်တွေအကြောင်းကို ရှေးဟောင်းသမိုင်းဆိုင်ရာသုတေသီ "ဂျွန်အက်စ်စထရောင်း"ရေးသားသော ဗုဒ္ဓရဲ့ဓာတ်တော်မွေတော်များ"(Relics of the Buddha)အမည်ရစာအုပ်မှာအောက်ပါအတိုင်းရေသားထားတာတွေ့ရပါတယ်။
"ခိုင်မာစေ့စပ်သောရှေးဟောင်းစာမူတွေအဆိုအရ သတ္ထုစက်ရုပ်တွေရဲ့မူလဇစ်မြစ်ဟာ ရောမဝိစာရတိုင်းခေါ်ရှေးခေတ် ရိုမန်အင်ပိုင်ယာ မှာအခြေတည်ခဲ့တာဖြစ်ပြီး "ဘဟုလယန္တကာရ(သို့)ဘူတဝါဟနယန္တယားအတတ်ကို တီထွင်သူပညာရှင်တွေဟာ ဒီသတ္ထုစက်ရုပ်တွေကို
ကုန်သွယ်ရေး၊စိုက်ပျိုးမွေးမြူရေး၊ ရာဇဝတ်သားဖမ်းဆီးရေးနှင့် သေဒဏ်စီရင်ရာမှာလက်မရွံ့ပါးကွက်အာဏာသားအဖြစ်မယုံနိုင်စရာတီထွင်အသုံးချခဲ့ကြတယ်လို့ဆိုပါတယ်"
"စက်ရုပ်တည်ဆောက်မှုဆိုင်ရာအတတ်ပညာရှင်တွေဟာ ရောမနည်းပညာရဲ့လျို့ဝှက်ချက်ကိုမသမာသူတွေရဲ့လက်ဝယ်ကိုကျရောက်မသွားစေရန်အတွက်သင်ယူလေ့လာမှုအားလုံးကို
တင်းကျပ်စွာကန့်သတ်စောင့်ကြည့်ခဲ့ကြပြီး
ဒီနည်းပညာကိုသင်ကြားတတ်မြောက်ခဲ့သူ
တစ်ဦးသာ ဒီနိုင်ငံပြင်ပကိုအကယ်၍ထွက်ခွာခဲ့ရင်သတ္ထုစက်ရုပ်တွေရဲ့ပျံသန်းရှာဖွေရင်းခေါင်းဖြတ်ကွပ်မျက်မှုကိုခံရမယ်လို့ပြင်းပြင်းထန်ထန်သတိပေးထားခဲ့ကြပါတယ်။
Relics of the Buddhaစာအုပ်ပါရေးသားချက်အရ : ရောမဘုရင်အဆက်ဆက်ကဒီနည်းပညာကိုဖုံးကွယ်ထားဖို့မည်သို့ပင်ကြိုးစားအားထုတ်ခဲ့သော်လည်းဒီသတင်းဟာအရှေ့အရပ်ကိုပျံ့နှံ့လာခဲ့ပြီးနောက်မှာအိန္ဒိယနိုင်ငံသား၊ဗမာလူမျိုး(Burman)တစ်ဦးဟာ ပါဋလိပုတ်နေပြည်တော်အတွက်ဒီနည်းပညာအချက်အလက်ကိုခိုးယူဖို့ဆုံးဖြတ်ချက်ချကာအသေးစိတ်ပြင်ဆင်ကြိုးပမ်းခဲ့ပါတော့တယ်။
ဒီအိန္ဒိယသား၊ဗမာ(Burma)လူမျိုးဟာရောမဝိစာရတိုင်းရဲ့ဘူတဝါဟနအတတ်ကိုရှာဖွေဖို့ခရီးလှည့်လည်သွားလာရင်း
သဘာဝဘေးအန္တရာယ်တစ်ခုနဲ့ရင်ဆိုင်ခဲ့ရပြီး
သေဆုံးခဲ့ချိန်မှာတော့
ဆန်းကြယ်တဲ့ဝိညာဉ်ရေးရာသဘာဝ၊
စွဲလမ်းရာမှာမှီတွယ်ခြင်းသဘောတရားအရ
သူဟာရောမအင်ပိုင်ယာအတွင်းမှာ
လူအဖြစ်ပြန်ဝင်စားခဲ့တယ်လို့ဆိုပါတယ်။
(ဒီအချက်ဟာယုတ္တိဗေဒအမြင်နဲ့တိုင်းတာကြည့်တတ်သူတွေအတွက်တော့အနည်းငယ်သဘောမတွေ့စရာဖြစ်ကောင်းဖြစ်နေနိုင်ပေမယ့်
အိန္ဒိယရာဇဝင်မှတ်တမ်းပါအချက်အလက်အတိုင်းရေးသားခဲ့တဲ့ဂျွန်အက်စ်စထရောင်းရဲ့
ရေးသားချက်မူရင်းအတိုင်းဖော်ပြပေးလိုက်ပါတယ်)
ရှေးဟောင်းစာမူအမြောက်အများမှာပါဝင်သော သေချာတိကျတဲ့အံ့သြစရာအချက်အလက်တွေအရ
သူဟာလူအဖြစ်ပြန်လည်ဝင်စားခဲ့ရာမှာအတိတ်ဘဝ ကိုအလုံးစုံပြန်ပြောင်းမှတ်မိခဲ့ပြီး
ရောမဝိစာရတိုင်းရဲ့ဘူတဝါဟနယန္တရားအတတ်ပညာရှင်(ခေါ်)
သတ္တုစက်ရုပ်များကိုတီထွင်သူသြဇာအကြီးမားဆုံးပညာရှင်ရဲ့
သမီးဖြစ်သူနဲ့အိမ်ထောင်ရက်သားကျခဲ့တယ်လို့သိရပါတယ်။
ဗမာလူမျိုးလူဝင်စားဟာ
ရောမနည်းပညာရဲ့အသေးစိတ်အစီအစဉ်အချက်အလက်ကိုသင်ကြားပြသပေးဖို့ယောက္ခမဖြစ်သူကိုနားပူနားဆာလုပ်ကာသင်ယူခဲ့ရင်း ပညာရပ်အားလုံးပြီးပြည့်စုံတဲ့တစ်နေ့မှာတော့
နည်းပညာလျို့ဝှက်ချက်အားလုံးကိုကြေးနီပုရပိုဒ်ထက်မှာရေးသားမှတ်တမ်းတင်ပြီး
မိမိပေါင်အတွင်းသားကိုခွဲကာ
မြှုတ်နှံသိမ်းဆည်းခဲ့ပါတယ်။
ဒီနောက်မှာတော့အရွယ်ရောက်ပြီဖြစ်တဲ့သားဖြစ်သူကို
သူသေဆုံးချိန်မှာအလောင်းကို ဗမာပြည်မှာမြုတ်နှံပေးဖို့၊
မာဂဓတိုင်း၊ပါဋလိပုတ်နေပြည်တော်ကိုသွားရောက်နေထိုင်အသက်မွေးဖို့
အသေအချာမှာကြားထားခဲ့ပြီး
ရောမတိုင်းနယ်နိမိတ်ရဲ့အပြင်ဘက်ကိုထွက်ပြေးခဲ့ရာမှာလမ်းတဝက်အရောက်မှာပဲလက်မရွံ့အာဏာပါးကွက်သား
ကောင်းကင်ပျံသတ္တုစက်ရုပ်ရဲ့ခေါင်းဖြတ်ကွပ်မျက်ခံရခြင်းကြောင့်
့သေဆုံးခဲ့ရရှာပါတယ်။
သားဖြစ်သူဟာ ဖခင်ရဲ့မှာကြားမှုအရ
ဖခင်အလောင်းကိုလိုက်လံရှာဖွေခဲ့ရင်းလမ်းခရီးတစ်နေရာအရောက်မှာ
အချိန်အတော်ကြာတည်းကသေဆုံးခဲ့ပြီးဖြစ်လို့ပုံသဏ္ဌာန်ပျက်ယွင်းနေတဲ့ဖခင်ရဲ့အလောင်းကိုပါဋလိပုတ်နေပြည်တော်ကိုသယ်ယူလာနိုင်ခဲ့ပြီးဘူတဝါဟနအတတ်ကိုရေးသားထားသော
လျို့ဝှက်နည်းပညာပုရပိုဒ်ကိုရရှိခဲ့ပါတော့တယ်။
သားဖြစ်သူဟာမာဂဓတိုင်း၊ပါဋလိပုတ်နေပြည်တော်မှာအခြေချနေထိုင်ခဲ့ရင်းပုရပိုဒ်ပါနည်းပညာကိုသင်ယူတတ်မြောက်ခဲ့ကာ
ဘုရင်ကိုသတ္တုစက်ရုပ်ပြုလုပ်ရောင်းချခြင်းအားဖြင့်နည်းပညာရှင်အဖြစ်အသက်မွေးဝမ်းကြောင်းပြုနေခဲ့သလို
ဗုဒ္ဓရဲ့ဓာတ်တွေမွေတော်များသိမ်းဆည်းရာတံခါးကိုကာကွယ်ဖို့ အဆက်မပြတ်ရွေ့လျားနေသော ဘူတဝါဟနစက်ရုပ်တပ်ဖွဲ့ကိုဖန်တီးစောင့်ကြပ်စေနိုင်ခဲ့တယ်လို့သိရပါတယ်။
အဇာတသတ်ဘုရင်ဖုံးကွယ်သိမ်းဆည်းခဲ့သော
မြေအောက်ချိုင့်ဝှမ်းအတွင်းပုထိုးတော်ကြီးမှ
ဗုဒ္ဓရဲ့ဓာတ်တော်မွေတော်များကိုစောင့်ကြပ်နေသော နတ်စစ်သည်သဏ္ဌာန်သတ္တုစက်ရုပ်တွေနဲ့လေရဟတ်သဖွယ်အဆက်မပြတ်လှည့်ပတ်နေသောဓားစက်လှံစက်တွေကို
ဘူတဝါဟနယန္တရားပညာရှင်တစ်ဦးရဲ့အကူအညီနဲ့ရှင်းလင်းဖယ်ရှားနိုင်ခဲ့ပြီး
အသောကမင်းကြီးဟာနိုင်ငံအနှံ့အပြားမှာမွေတော်စေတီပုထိုးအမြောက်အများကိုတည်ဆောက်ခဲ့သလို
ကမ္ဘာ့နိုင်ငံအမြောက်အများကိုသာသနာပြုပုဂ္ဂိုလ်တွေစေလွှတ်ခဲ့တယ်လို့ ဂျွန်အက်စ်စထရောင်းJohn S. Strongရဲ့စာအုပ်ပါရေးသားချက်အရသိရပါတယ်။