" Death Sentence ( ကြိုးမိန့် ) "

in #estee6 years ago

ခါးသီတဲ့အမှန်တရားလေးတစ်ခု ခင်များကို ပြောပရစေ ။
Let me tell you some bitter truth .

မေး ။ ။ Allah ဆိုတဲ့ဖန်ဆင်းရှင်ဟာ တကယ်ရောရှိသလား ?

ဖြေ ။ ။ … ရှိပါတယ် ။

မေး ။ ။ သူဟာ မည်သည့်ပုံသဏ္ဍန် - မည်သည့်အဆင်းနဲ့ တည်ရှိနေကြောင်းကို ခင်များဘယ်လို သိသလဲ ? စာအုပ်ထဲပါလို့ သိတာလား ? အခုလက်ရှိ သက်သေပြနိုင်မလား ?

ဖြေ ။ ။ ဓမ္မနွယ အနုမာန နဲ့တော့ သက်သေပြနိုင်ပါတယ် ။ ခင်များ ကောင်းကင်ကိုမော်ကြည့်လိုက်ပါ မြင်ရသမျှကောင်းကင် နေ လ နက္ခတာယာ အားလုံးနဲ့ ရှိရှိသမျှခပ်သိမ်းအားလုံးဟာ အလ္လဟ်ရဲ့ စီမံမှုကြောင့်သာ ဖြစ်နေရတာပါ ။

မေး ။ ။ ဟ … ဒါဆို ခင်များ #ဂျင်းမိတာဘဲ ။ ဒီစကားက ကလေးတောင် ပြောတတ်တဲ့ စကားဗျ ။ ကျူပ်ပြောရင် ခင်များယုံမှာ မဟုတ်ဘူး ။ 21 - ရာစု လောက်ကနေ ယနေ့ခေတ်အထိ အလ္လဟ် ဆိုတာ မရှိဘူးဗျ ။ သေသွားပြီ လေ ဟ် ဟ် ။

ရှိတယ်ဆိုရင် ခင်များတို့ သက်သေ Evidence ပေးနိုင်ရမယ် ။

တကယ်က အလ္လဟ်ဆိုတာ ယုံကြည်ချက်တစ်ခုပါဘဲ ။ အဲ့ ဒီယုံကြည်ချက်ကို ဟော့ကင်းတို့ တဖွဲ့လုံးက သတ်ပလိုက်တာဗျ ။

( 1 ) -
ကျမ်းချပ်မှာ ဖွှင့်ဆိုပြထားရင် ရှင်းလင်းနိုင်ရမယ် ။

( 2 ) -
မရှင်းလင်းနိုင်ဘဲ ဖွှင့်ဆိုထားရင် ဒါ " လိမ်တာ " ။

( 3 ) -
လိမ်ထားတဲ့အရာတွေအပေါ်မှာ ခြေကုပ်ယူထားတဲ့
စောင်အယူဆတွေအားလုံးဟာ အကုန်လွဲချော်ပြီးသားဖြစ်နေရမယ် ။

( 4 ) -
စောင်တလွဲဖြစ်နေတာကို စောင်တလွဲဖြစ်နေပြီးသားလို့လည်း
လက်ခံ တတ်ရမယ် ။ လက်ခံနိုင်ရမယ် ။

ခင်များတို့မှာ ဖွှင့်ထားတဲ့ စိတ်
( Opening Mind ) ရှိတယ်ဆိုရင်ပေါ့ ဟ် ဟ် …

Introduce …

ထာဝရတည်မြဲပါ၏ ။ မြဲသော အတ္တရှိပါ၏ ။ မြဲသောဖန်ဆင်းရှင် ဆိုတာလည်း ရှိပါ၏ ။ ဒီ Antique အတွေးအမြင်တွေအားလုံးဟာ ခေတ်ကာလအခြေနေ အရ လက်ခံထားခြင်းသာဖြစ်တယ် ။
၎င်း ချွတ်ခြုံကျနေသော အတွေးမြင်အားလုံးကို လွန်ခဲ့သောဆယ်စု
နှစ်ကာလလောက်က သိပ္ပံနည်းကျ ဆန်းစစ်ဝေဖန်ပြီးပီလို့ Sciencist တစ်ယောက်က ပြောခဲ့တယ် ။

ဖန်ဆင်းရှင် ဉပမာ အလ္လာဟ် 0r Mahatman ဟာ လူသား၏ အဇ္ဈတ္တအတွင်းအနှစ်သားပိုင်းသို့ မသေမပျက်နိုင်သော အတ္တ Soul 0r Personal Atman ကို သွပ်သွင်းပေးလိုက်ခြင်းဆိုသော ဘာသာရေး အမြင်မှာ စိတ်ကူးယဉ်သပ်သပ် သာဖြစ်တယ် ။

လောက၌ ကျင့်သုံးမှုများသည် လူသား၏ အတ္တကို ထာဝရတည်စေ နိုင်သည်ဟူသော အယူဆမှာလည်း အခြေမြစ်မရှိတဲ့ တရားသေ
အမြင် ။ မိမိ၏ အားနည်းချက်များကို ရှင်သန့်ခွင့်အခိုက်တန့် ပြည့်စုံ လာအောင် ပြုပြင်ထိန်းသိမ်းပေးခြင်းဖြင့် လူသားသည်ပိုမို မြင့်မား
သည့်ပန်းတိုင်သို့ ရောက်ရှိစေနိုင်ပြီး ထိုသို့ အစွန်းဆုံးတိုင် ဖြည့်စွှမ်းပေးခြင်းဖြင့် သေသည်၏ အခြားမဲ့ သုခဘုံမှာ ထာဝရဘုရား နဲ့ ထာဝရနီးစပ်ထိကပ်နေရမည်ဆိုတဲ့ အမျော်အကြောက်မှာလည်း စောင်တလွဲအယူဆသာ ဖြစ်တယ် ။

လူသားတစ်ဉီး၏ အားနည်းချက်များကိုလည်းကောင်း - မဖြည့်ဆည်းနိုင်သေးသော - ဖြည့်ဆည်း၍ မကုန်နိုင်သော လိုအင် ဆန္ဒအာသာရမက်များကိုလည်းကောင်း သစ္စတရား၏တုံပြန်မှုအရ တမလွန်ဘဝတွင် ပြည့်စုံလာမည်ဟူသော ကျင့်ဝတ် နီတိ Maxim
အတွေးခေါ်တွေအားလုံးဟာ ဉီးနှောက်အိုင်အိုဒင်းချို့တဲ့သော နုံချာ
စုတ်ပြတ်တဲ့ အတွေးစများသာဖြစ်တယ် ။ အကြောင်းကို ဆက်လက် ဖွေရှာနိဲုင်စွှမ်းငှာမတတ်နိုင်၍ လူသား၏ ကြံဆတွေးခေါ်ခွင့်ကို ပိတ်ဆို့လိုက်သော ဉီးနှောက်တခြမ်းသေခြင်းသာဖြစ်တယ် ။

ကျွန်ုပ်စဉ်းစားသည် …
ထိုကြောင့် … … ကျွန်ုပ်ရှိပါ၏ဆိုတဲ့ အယူဆတွေဟာ ဟိုး … ပဝေသဏီ အန်းတိပ်ခေတ်ထဲကအတွေးမြင်တွေ ။မပြီးစီးနိုင်သော အငြင်းအခုံတွေ ။ ဒီလို ပြောလို့ - ငြင်းလို့ မရဘူးမဟုတ်ရနိုင်ပါတယ် ။ သို့သော်ယုံကြည်မှုကို Ulimate Truth 'Ulimate Reality လုပ်ချင်ရင်တော့ သက်သေပေးနိုင်ရမယ် ။ Evidence ပါ ။ မပေးနိုင်ရင်တော့ စိတ်ကူးယဉ် ပါ ။

တကယ်တမ်း လူသား၏ ​သေခြင်း၏အခြားတစ်​ဘက်​မှာ ကျနော်တို့ အခုဘဝမှာ ​ဆောက်​တည်​ထားတဲ့ အ​တွေးအ​ခေါ်အသိဉာဏ်​​ အဆောက်အအုံ တွေ / စိတ်​ကူးစိတ်​သန်း​တွေအားလုံးပါသွားနိုင်​ပါတယ်​လို့ဘယ်ဘာသာတရားကမှ အာမခံချက်​​ပေးမထားဘူး။

သိမှုအတွေ့အကြုံနဲ့ ပတ်သတ်တဲ့ အတွေ့ကြုံများဟာ အားလုံးပြောင်းလဲနေသကဲ့သို့ အတ္တအယူဆနဲ့ ပတ်သတ်တဲ့ လူသား၏အတွေးခေါ်အသိညဏ် Conscience - Unconscience & Imagination စိတ်ကူးတွေးဆ လက်ခံနိုင်စွှမ်းဟာလည်း အမြဲပြောင်းလွဲနေတယ် ။ သိပ္ပံနည်းကျ လက်တွေးစမ်းသက်ပြလို့မရနိုင်သေးသမျကာလပတ်လုံး ထာဝစဉ်
ပြောင်းလွဲနေလိမ့်အုန်းမယ် ။

နောက်​ဘဝ ရှိခြင်းကိုပြပါဆိုရင်​​တောင်​ ​နတ်​ နဲ့ ငရဲ ဆိုတာဘဲ​ ပြတယ်​ ကျမ်းစာ အလိုအရ​ပေါ့ ။အဲဒီနတ်​နဲ့ငရဲ ဆိုတာ လူသားရဲ့ အသိညာဏ်​​ကြောင့်​ နတ်​ဘဝ ​ရောက်​သည့်​တိုင်​​အောင်​ ကျနော်​တို့အသိတရား အသိဉာဏ်နဲ့ စိတ်​ကူးအ​တွေးအ​ခေါ်​ကောင်း​ တွေဟာ ​သေခြင်း၏​နောက်​မှာ တိုက်​ရိုက်​အချိုးကျ ပါနို င်​ပါ့မလား ဆိုတာဘဲ​ ။

ရုပ် - စိတ်အပေါ်ကို ထားတဲ့ အမြင်အရ Dualism တွေ Monism တွေ သေပြီးအခြားမဲ့ အခြေနေကို ဒဿ န အမြင်က လှမ်းကြည့်ယင် အဲဒီအသိဉာဏ်​နဲ့ စိတ်​ကူးအ​တွေးအသိ​တွေဟာ နောက်​ဘဝအထိပါသွား နိုင်စရာ အကြောင်းမရှိတော့ဘူး။

တကယ်​​တော့ ​နောက်​ဘဝ ရှိခြင်းမရှိခြင်းဟာ လူသားဘဝရဲ့ အဓိကအ​ကြောင်းမဟုတ်​ ။

ရှင်​သန်​ဆဲ လူသားတစ်​​ယောက်​ရဲ့ဘဝ ကို အ​ကောင်းဆုံး ဖြစ်​မလာရင်​​တောင်​ အဆိုး​တွေကိုရင်​ဆိုင်​​ဖြေရှင်းတက်​ဖို့နည်းလမ်းနဲ့ / အဆိုး​တွေထပ်​မလုပ်​မိ​စေဖို့ ကိုယ်​ပိုင်​အသိတရား​တွေ လိုအပ်တယ်​ဆို တာပါဘဲ ။ အမျော်အကြောက် နည်းနိုင်သမျ နည်းလေ အပေါင်း လက္ခဏာဆောင်လေပါ ။

ဒီအတွက်
God - Allah တို့ရဲ့ အခြေမြစ်မရှိတဲ့ယုံကြည်မှုတွေ
မလိုအပ်တော့ဘူး … You Do Talk a Lord Of Shit ,

ဘဝကို ပညာနဲ့ မွန်းမံဘို့ဘဲလိုတယ် … ပညာ ဘဲလိုအပ်တယ် ။

နောက်ဆုံးသေချာတာတစ်ခုကတော့ ကျနော့ အတွေးခေါ်စိတ်ကူး အသိညဏ်စနစ်တွေကတော့ Allah ကို တသက်စာ သေဒဏ် Death Sentence ပေးလိုက်တယ်ဆိုတာ ပါဘဲ ။

( မှတ်ချက် ) -
GOD တည်ရှိကြောင်းကို ယောင်ဝါးဝါးကျမ်းချက်ပါ အချက်လက် များနှင့်ငြင်းလိမ့်မည်မဟုတ် ။ Psycho- 0r Science - Philo Shorcut 0r Critical Thinking လောက်နဲ့ Evidence ပေးချင် စစ်ဆေးချင်သူများတတ်သာလာခဲ့ကြဗျာ ဖွင့်ပေးထားတယ်

စကားတွေရှုပ်ပွနေအောင်လုပ်မဲ့ ကြောင်တောင်တောင် Cm & Google မှ Ss လောက်များကို ပြန်လည်အဖတ်လုပ် အရေးစိုက်
မည်မဟုတ် ။

Ref ; Behavioursim ( John - B - Waston') / Principle Of Psysho - / C.E.M Joad - The Meaning Of Life & A Treatise Of Human Nature ( David Hume ) .

.
လေးစားလျှက် . . .
image
Writer by@minmaha
Thank esteemapp

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.030
BTC 58119.97
ETH 3054.21
USDT 1.00
SBD 2.26