လွင့်
ကျွန်တော်ကတော့ သူမရဲ့
သွေးအေးသွားတဲ့အငွေ့သက်လေးပါ
သူမကတော့ ကျွန်တော့်ရဲ့ထာဝရကဗျာပေါ့
ဘယ်တော့မှမနိုးထချင်တဲ့အိမ်မက်တွေအကြောင်းကို
ကျွန်တော်ကောင်းကောင်းသိခဲ့တယ်...
အဘယ်အတွက်များရေးစပ်ခဲ့ရတာလဲ
ဒီအသံတွေကြားတော့လွမ်းမောရတယ်
ဝင်လာပါလို့တော့ ခေါ်မထားချင်တော့ဖူး...
ရောင့်ရဲစေဖို့အတွက်
ရောင့်ရဲနိုင်ဖို့အတွက်
ရိုးသားခဲ့ရတဲ့ဆန္ဒတွေကို လွမ်းတယ်
ကျွန်တော်က မနမ်းရက်ခဲ့ပေမဲ့
လှမ်းရက်တဲ့ ခြေလှမ်းတွေကို အံ့သြမိပါရဲ့
ပန်းဖိနပ်မှာ ရင်ဘတ်တန်ဆာဆင်ထားတယ်
လှမ်းထွက်သွားတဲ့အခါ နာကျင်နေမှာစိုးလို့...
လွင့်