Waiver

in #esteem-awesome8 years ago

ချစ်တဲ့သူနဲ့လမ်းခွဲလိုက်ရလို့
အဆင်ပြေနေတဲ့သူဆိုတာ ရှိပါ့မလား
ပျော်ချင်ယောင်ဆောင်ပြီးရှေ့ဆက်နေရတာ
လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးပေါ့
ဒါပေမယ့် သူမှကိုယ့်ဘက်မှာမရှိတော့တာ
ကိုယ်အဆင်မပြေလည်း
သူဘာမှလုပ်ပေးမှာမဟုတ်တော့ဘူး
ကိုယ်နာကျင်နေလည်း သူလှည့်ကြည့်မှာမဟုတ်တော့ဘူး
ကိုယ်လွမ်းနေသေးရင်လည်း
သူကိုယ့်ဆီပြန်လာမှာမဟုတ်တော့ဘူး
ဒီတော့ အဆင်မပြေလည်း ရှေ့ဆက်
နာကျင်နေရင်လည်း ရှေ့ဆက်
လွမ်းနေရင်လည်း ရှေ့ဆက်ရတော့မှာပဲလေ
ဒါဟာ နာကျည်းရခက်တဲ့ အမှန်တရားတစ်မျိုးပေါ့။

မင်းဟာစွန်တစ်စင်းဖြစ်ခဲ့မယ်ဆိုရင်
ကိုယ်ဟာ စွန်လွှတ်သူပေါ့
အပြောကျယ်တဲ့ ကောင်းကင်ပြင်ကြီးထဲမှာ
လွတ်လပ်စွာပျံဝဲရင်းပျော်လိုက်စမ်းပါကွယ်
မင်းပျော်ဖို့အတွက်ဆိုရင်
နေပူပူကိုကြည့်ပြီး ကျလာမယ့်မျက်ရည်တွေကိုလည်း
ကိုယ်မကြောက်ဘူး
ချောင်းတွေမြောင်းတွေဗွက်တွေနင်းရင်း
ဆူးစူးမှာလည်း ကိုယ်မမှုဘူး
ဒါပေမယ့်
အချိန်တန်လို့ ပြန်ရမယ့်အချိန်မှာ
ရစ်ဘီးလေးနဲ့အတူ စွန်လေးကိုပါသိမ်းရင်း
အိမ်ပြန်နိုင်ပါ့မလားဆိုတာကိုတော့
ကိုယ်ဆက်မတွေးဝံ့တော့ပါဘူး.....

@minminthet

Coin Marketplace

STEEM 0.06
TRX 0.29
JST 0.050
BTC 67418.90
ETH 1966.28
USDT 1.00
SBD 0.46