ဒူ​ဝေဒူတသုတ်

in #esteem6 years ago

ဒေဝဒူတသုတ်ထဲက တရားအသိတိုး
စေမယ့် တရားအကျဉ်းပါ … ။

မြတ်စွာဘုရား တစ်ဆူမှာတစ်ကြိမ်သာ
ဟောပါတယ် ။ မည်သူကမှတောင်းဆိုစရာ
မလိုပဲ ဘုရားရှင်တို့ရဲ့ ဓမ္မတာအရ
ဟောတဲ့သုတ်ပါ …။

ဒေဝ ဆိုတာ နတ်
ဒူတ ဆိုတာ တမန်
နတ်တို့ရဲ့တမန် တနည်းအားဖြင့်
ယမမင်း စစ်ခန်း …

တကယ်တော့
ယမမင်း ဆိုတာ ငရဲ ကိုကျခံရမယ့်
သူတွေအတွက် ငရဲ ဂိတ်ပေါက်ကနေ
ကယ်ဘို့စောင့်နေတဲ့သူတော်ကောင်းကြီး
ပါတဲ့။လူရွှင်တော်တွေတောင်ပြော
မြောက်ပြော ပြောသလိုမဟုတ်ပါဘူး …

သူက ငရဲ ဂိတ်ပေါက်ကိုရောက်လာတဲ့
သူတွေကိုမေးတဲ့မေးခွန်းလေးတွေနှလုံး
သွင်းကြည့်ရအောင်နော် …

{ ယမမင်း } အမောင်ငါ့ရှေ့တော့ရောက်
လာပြီ သင့်ကိုမေးခွန်းမေးမယ်မှန်မှန်ဖြေ …

လောကမှာ တရားတမန်တွေရှိတယ်တဲ့
ယမမင်း လောကမှာမွေးကင်းစ ကလေး
လေးတွေကို မြင်ဘူးသလားမေးတော့ …

ကျွန်တော် မြင်ဘူးပါတယ်ခဗျာ ။ အားလုံး
လည်းမြင်ဘူးကြမှာပါ …။

အေးဒီကလေး လေးတွေကကိုယ့်လက်
ကိုယ့်ခြေမှမသယ်နိုင် အနှီးထဲမှာကျဉ်းကျဉ်းကျုတ်ကျုတ်နဲ့ ဆာရင်လည်းဘေးက သူ့မိဘအပါအဝင် ပတ်ဝန်းကျင်က ကျွေးမှစားရသောက်ရတဲ့ ဘဝဘယ်လောက်ဆင်းရဲလိုက်သလဲ ဒီကလေးမြင်လို့ အော် မွေးဖွားလာရတာဒုက္ခ ဆင်းရဲကြီးပဲ ငါတော့ဒီမွေးဖွားခြင်းဒုက္ခကလွတ်အောင်ရုန်းမှပဲ လို့အမောင်ကြံတွေးဖူးသလား … ?

ကျွန်တော် မကြံဘူးပါဘူးခဗျာ ဖြေတော့

ယမမင်းကြီးက အမောင်တယ်မေ့ပါလား …
ကဲဒုတိယတခု အမောင်လောကမှာ အိုမင်းမစွမ်းတဲ့ပုဂ္ဂိုလ်တွေမြင်ဘူးသလား …

အိုမင်းနေတဲ့သူတွေ တုန်တုန်ချိချိနဲ့ကို့ယ်လက်ကိုယ့်ခြေမှ မသယ်နိုင်အိုမင်းမစွမ်း စိတ်တိုင်းမကျ ဘေးလူတွေဖေးမမှ အဆင်ပြေသလိုဖြစ်ပေမယ့် အဆင်မပြေတဲ့ ဘဝ ဘယ်လောက်ဆင်းရဲသလဲတဲ့ …

အော် ဒီအိုခြင်းဒုက္ခဟာအလွန်ပဲဆင်းရဲပါလား။ငါတော့ ဒီအိုခြင်းဆင်းရဲက လွတ်အောင်ကြိုးစားမှပဲ ဆိုတဲ့အသိမျိုး အမောင်ကြံဖူးသလား မေးတော့ … ?

ကျွန်တော်မကြံဘူးပါဘူး ခဗျာတဲ့ …။

ယမမင်းကြီးက အမောင်တယ်မေ့ပါလား …။
အမောင်ပြောတာ အမိတွေလည်းပါတယ်နော် တော်ကြာငရဲကို ယောကျာ်းတွေချည်း ရောက်တယ်မထင်နဲ့အုံးဗျ …။

ယမမင်းကြီးက ကဲဒါဆိုတတိယတမန်ကို ထပ်မေးမယ် …
လောကမှာ အိပ်ယာဖျာကပ် လဲနေတဲ့သူနာတွေ နှာခေါင်းပိုက်တန်းလန်း လက်ပိုက်တန်းလန်းနဲ့ သူနာတွေ အမောင်တွေ့ဖူးလား ဆိုတော့ …

ကျွန်တော်မြင်ဘူးပါတယ်ခင်ဗျာ … ။
အားလုံးလဲမြင်ဘူးကြမှာပါ ။
ဒီလိုနာခြင်းဆင်းရဲကြီးဟာ ဒုက္ခကြီးပါလား ငါတော့ ဒီလိုနာခြင်းကလွတ်အောင် ကြိုးစားမှပဲဆိုတဲ့အသိမျိုး အတွေးမျိုး အမောင်ကြံဖူးသလား မေးတော့ … ?

ကျွန်တော်တို့အားလုံးလည်း ကြံတော့ကြံဖူးပါလိမ့်မယ် ဒါပေမယ့် စူးစူးနစ်နစ်တော့ မဖြစ်ခဲ့လောက်ဘူး ။ဒီတော့ မကြံဘူးပါဘူးပေါ့ …။

ယမမင်းကြီးက အမောင်တယ်မေ့ပါလား …။
ကဲ ၄ ခုမြောက်တရားတမန်ထပ်မေးအုံးမယ်
အမောင်လောကမှာ သေသူတွေကော တွေ့ဖူးသလားမေးတော့ …?

တွေ့ဖူးပါတယ်ခင်ဗျာ ဒီလိုပဲဖြေရမှာပဲ ခဏ ခဏကို တွေ့နေရတာကိုး …။

ယမမင်းကြီးက အမောင်သေခြင်းဒုက္ခဟာ တကယ့်ဆင်းရဲကြီးပဲ ငါတော့ အသေလွတ်ရာ တရားရှာမှပဲဆိုပြီး မေးတော့လည်း
မကြံဘူးပါဘူးခင်ဗျာပဲပေါ့ …။
ဒီတော့ ယမမင်းကြီးစကားက တယ်မေ့ပါလားတဲ့ …။

ကဲနောက်ဆုံး တရားတမန်ကိုမေးမယ် လောကမှာ သူ့ဥပဒေနဲ့သူရှိတယ် ဥပမာ သူများပစ္စည်းခိုးလို့ထောင်ကျ ။ သူများအသက်သတ်လို့ ထောင်ကျတာတွေရှိတယ် ဒါကလောကဥပဒေ လူမှာလည်း လူ့ကျင့်ဝတ်ငါးပါးသီလ ချိုးဖောက်ရင် ငရဲ ဆိုတာ ဧကန်ရှိတယ်ဆိုတာသိနိုင်တယ် …။
သင်ဒါကို မတွေးမိဘူးလား မေးတော့ …?

ကျွန်တော်မတွေးမိပါဘူးခင်ဗျာတဲ့ …။

ယမမင်းစကားလေး မှတ်ထားပေါ့ဗျာ
အမောင် အမိ တို့တယ်မေ့ပါလားတဲ့ …။
တရားမေ့တဲ့ အပြစ်ထက်ကြီးတဲ့အပြစ် မရှိဘူးနော် ။ ဒီတော့ ယမမင်းကြီးက ဆိတ်ဆိတ်နေလိုက်တော့မှ နောက်ကငရဲသားတွေက ဆွဲခေါ်သွားကြပြီး ငရဲမှာခံရတာပေါ့ဗျာ …။

( ဆိုလိုချင်တာက တရားစခန်းမှာ တရားအားထုတ်နေပီဖြစ်တဲ့ တချို့ယောဂီတွေတောင် သောတာပန်ဖြစ်ချင်တာနဲ့ သကဒါဂါမ်ဖြစ်ချင်တာနဲ့ ဒီတရားတမန်တွေကို မမြင်ကြဘူး ။ ဒါကြောင့်အရေးကြီးလွန်းလို့ပါ ။ ဒေါသ ထွတ်နေတဲ့သူ မြင်ရင်လည်း တရားတမန်ပဲလို့မှတ်ပါ ကိုယ်သူ့လို ဒေါသ မထွတ်အောင် …။
လောဘ မောဟ ကြီးတဲ့သူတွေတွေ့လည်း ဒီလိုအသိယူပါလို့ တိုက်တွန်းလိုက်ပါတယ် ။ တရားတမန်တွေ ကိုကြည့်ပြီးသံဝေဂ ယူနိုင်ကြပါစေလို့ဆုတောင်း ပေးလိုက်ပါတယ်ဗျာ )

image

@​aakk

Sort:  

World of Photography
>Visit the website<

You have earned 6.50 XP for sharing your photo!

Daily Stats
Daily photos: 1/2
Daily comments: 0/5
Multiplier: 1.30
Block time: 2018-05-03T00:53:42
Account Level: 1
Total XP: 130.00/200.00
Total Photos: 20
Total comments: 0
Total contest wins: 0
And have also received a 0.33 percent upvote.

Follow: @photocontests
Join the Discord channel: click!
Play and win SBD: @fairlotto
Daily Steem Statistics: @dailysteemreport
Learn how to program Steem-Python applications: @steempytutorials
Developed and sponsored by: @juliank

Coin Marketplace

STEEM 0.17
TRX 0.12
JST 0.028
BTC 55629.86
ETH 2914.29
USDT 1.00
SBD 2.28