ကြောက်စိတ်ကို အနိုင်ယူပါ

in #esteem8 years ago (edited)

image
Credit:photo


သူခိုးတစ်ကောင် မိန်းကလေး တစ်ဦးတည်းရှိနေချိန်
အလစ်နဲ့ဝင်လာ ခဲ့တယ်။ အစက ခိုးမလို့ ကောင်မလေး
တစ်ယောက်ထဲ လဲမြင်ရော စော်ကားဖို့ပါ အကြံပေါက်လာ
ခဲ့ပြီး ကောင်မလေးဆီ အတင်းဝင်ရောက်လာခဲ့ပါတယ်။

ကောင်မလေးက သူခိုးလဲမြင်ရော တော်တော် လန့်သွားပါတယ်
သူခိုးသူ့နားမရောက်ခင် ပြေးစရာ ပုန်းစရာ မရှိတာနဲ့
ငိုချလိုက်ပြီး သူခိုးကို စကားစပြောလိုက်တယ်။
ကျွန်မကို သတ်လိုက်ပါ ကျွန်မ မနက်ဖြန်ထိ မစောင့်နိုင်တော့ဘူး။
သူခိုးက ခြေလှမ်းတွေ တုံ့သွားပြီး ကြောင်သွားပါတယ်။

ဒါနဲ့ သူခိုးက ရှိတာ တွေထုတ်ပေးပါငိုမနေနဲ့ အလကားပဲတဲ့။
ကောင်မလေးက ပြန်ပြောလိုက်တယ်။ ကျွန်မက သေရမယ့်သူ
ပါ ရှင့်ကို ကြောက်စရာမလိုပါဘူး ။ ရှင့်ကိုသနားမိတယ်လို့ဆို
လိုက်တော့ သူခိုးက ပိုလို့ ကြောင်သွားပြန်တယ်။

ဒါနဲ့သူခိုးက မေးပါတယ် ဘာလို့သနားတာလဲ

ကောင်မလေးက ပြောပြီလေ ကျွန်မရောဂါက
လေထဲကနေ ကူးစက်နိုင်လို့ ကျွန်မ အိမ်က
ပြစ်ထားခဲ့တာ သုံးရက်ရှိပါပြီ။
ကျွန်မ ကို ဆရာဝန်တွေနဲ့ ပြလဲ မထူးခြားတော့လို့
ကျွန်မ မိဘတွေကို ကျွန်မနဲ့ဝေးရာ ထွက်သွားပြီး
ကျွန်မသေမှ လာသဂြိုလ်ဖို့. မှာထားပြီးပါပြီ။
အခုကျွန်မနေရရင် အလွန်ဆုံး သုံးရက်ပါပဲဟု
မျက်ရည် တဖွဖွနဲ့ ပြောပြပြီး။

အိမ်ယာပေါ်သို့ သတိလစ်ချင်ယောင်ဆောင်ကာ
လှဲချလိုက်ပါသည်။ ထိုနောက် အသံအားနားစွင့်နေလိုက်တော့
အခန်းတံခါးပိတ်သံနဲ့အတူ ထွက်ပြေးသွားသောခြေသံအား
ကြားမိတော့မှ ပြတင်းပေါက်က နေ အသာထချောင်းကြည့်လေတော့
သူခိုးခမျာ ပြေးလိုက်တာ မှုန်နေတာပဲလေ..

ဒီစာလေးကို ဖတ်ပြီးအားလုံးဟာ အခက်အခဲတွေကို
ခေါင်းငုံ့နေမယ့်အစား ရင်ဆိုင်နိုင်ဖို့ သတ္တိတွေ
ပေါ်လာပါစေလို့ မျှော်လင့်လျှက်...

➖➖➖➖➖➖➖➖➖➖
Creedit:original_writer

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.068
BTC 73101.09
ETH 2248.42
USDT 1.00
SBD 0.48