Cicada 3301 ဆိုတာဘာလဲ

in #esteem6 years ago

image
“Cicada 3301 ဆိုတာဘာလဲ?” (စိတ်ဝင်စားဖွယ်အကောင်းဆုံး ပြသနာ)

  • Cicada 3301 ဆိုတာကတော့ ကမ္ဘာပေါ်မှာဖြေရှင်းလို့ မရနိုင်သေးတဲ့ ပုစ္ဆာတွေထဲကတစ်ခုလို့ ပြောလို့  ရသလို စောက်အထာအကျဆုံး လက်တွေ့ ပညာရေးစာမေးပွဲတစ်ခုလည်းဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက Coding သမားတွေတောင် တိုင်တွေပါတ်ကုန်တဲ့အထိကိုခက်ခဲလွန်းတဲ့ ပုစ္ဆာတစ်ခုလို့ ကျွန်တော် ဆိုလိုတာပါ။

-ကျွန်တော်ရေးတဲ့အကြောင်းအရာတွေက သူများတွေနဲ့ လည်းတူချင်မှလည်းတူမယ် ဒါပေမယ့် သေချာတာ တစ်ခုကတော့ မပီကလာ ပီကလာ စကားသံတွေနားထောင်လိုက်ရတဲ့ Video File ထက်တော့ တန်ဖိုးရှိ မယ်လို့ ထင်တာပါပဲ။

-ဒီကစားပွဲကိုတော့ ဇန်န၀ါရီလ 4 ရက်နေ့ 2012 ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့ပါတယ်။ ကစားပွဲအဖြစ်သတ်မှတ် ချိန်ကတော့ တစ်လပဲပေးခဲ့ပါတယ်။ လူတွေလုံးဝလက်လျှော့လိုက်ရတဲ့အထိဖြစ်ခဲ့ရတယ်ဆိုပါတော့လေ။

-ဒုတိယတစ်သုတ်ကိုတော့ ဇန်ဝါရီလ 4 ရက် 2013 နဲ့ တတိယတစ်သုတ်ကိုတော့ ဇန်န၀ါရီလ 4 ရက် 2014 မှာစတင်ခဲ့တာဖြစ်ပြီးတော့ 2014 ခုနှစ်တုန်းကတော့ ဒီပြိုင်ပွဲကို Twitter မှာစတင်ကြော်ငြာခဲ့တာလည်း ဖြစ်ပါတယ်။

-ဒီပြိုင်ပွဲကတော့ iQ မြင့်တဲ့သူတွေသာ ၀င်ရောက်စဉ်းစားဆုံးဖြတ်ပြီး အဖြေတွေလိုက်လံရှာဖွေခဲ့ကျပေမယ့် တကယ်တော်တဲ့ ဆရာကောင်ကြီးတွေတောင် လက်ဖျားခါသွားတဲ့အထိ ကြီးကျယ်လွန်းပါတယ်။ ပထမဆုံး ပြိုင်ပွဲဖွင့်တဲ့အချိန်မှာ Wedsite တစ်ခုလုံး လိပ်ပြာလိုလိုကောင်ကြီးပဲ ရှိနေပြီးတော့ ဘာခလုတ်မှလည်းနှိပ် လို့ မရသလို Login ၀င်ရမဲ့နေရာနဲ့ Home ခလုတ်အစရှိသည်တို့ တစ်ခုမှပါဝင်လာတာမျိုးမရှိပါဘူး။

-ကျွန်တော်သာဆိုရင် လှည့်ပြန်ခဲ့ပါတယ်။ အခုလည်းကျွန်တော်အဲ့လမ်းကနေ လှည့်ပြန်လာခဲ့တာပါပဲ။ ခင် များသွားလည်း လှည့်ပြန်လာရမှာသေချာပါတယ်။ ဒါပေမယ့် နိုင်ငံခြားကကောင်တွေက စောက်ရမ်းတွေ ကြိုးစားလိုက်တာ နောက်ဆုံးမှာတော့ ပထမအဆင့်ကို အောင်မြင်သွားပါတယ်။ ဆိုလိုတာကတော့ Wedsite ထဲ ဒီကောင်တွေရောက်သွားတယ်ပေါ့ဗျာ။

-ပထမအဆင့်ကိုဖြတ်ကျော်တဲ့သူတွေထဲမှာ တော်တော်ကျွမ်းကျင်နာမည်ကြီးတဲ့ Coding သမားတွေ ပါဝင်လာသလို Hacker အချို့ လည်းပါဝင်လာတယ်လို့ သိရပါတယ်။ ယုံတမ်းပဲလားတော့မပြောတတ်ပါ။ ဒါပေမယ့် ပထမအဆင့်ကိုအောင်မြင်သွားပါတယ်။

-Wesite ထဲရောက်တော့ မအေဘေးလေးတွေအကုန် တိုင်ပါတ်ကုန်ကျပါတယ်။ ဘာမှမရှိတဲ့ အနက်ရောင် Screen ပေါ်မှာ Barcode အလုံးပေါင်းသန်းနဲ့ ချီပြီးပေးထားပါတယ်။ Coding တွေလိုက်ဖြည်ကြည့်တော့ လည်း စောက်အဓိပ္ပါယ်မရှိတာတွေဖြစ်နေတဲ့အတွက် အချိန်ကြန့် ကြာမှုတွေက အဆက်မပြတ်ပါပဲ။

-နောက်တော့မှ ဆက်ဆက်မိရင်းနဲ့ ကဗျာစာအုပ်တွေက စာတိုစာစ တွေအပါအ၀င်ရောမ ခေတ်ကလို လူနားမလည် ဂြိုလ်သားသောကရောက်သွားမဲ့ စာတွေဖြစ်နေတာလည်း တွေ့ ရှိခဲ့ရပြန်ပါတယ်။ အဲ့အချိန် မှာသိလိုက်ရတာတစ်ခုကတော့ ဒီပွဲကိုတစ်ယောက်ထဲ Run ဖို့ ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။

-ကမ္ဘာတစ်ဝှမ်းကလူတွေက အသီးသီးသောသူတို့ ဘက်စုံရ စွယ်စုံကြမ်းကောင်တွေကို ချိတ်ဆက်ပြီးတော့ ဒီကစားနည်းကို ဆက်ကစားကျပါတယ်။ တဖြည်းဖြည်းနဲ့ ဂေါ်လာသလို နာမည်ကြီးချက်တွေကလည်း ဟုမ်းဟုမ်းတောက်လာတယ်ဆိုပါတော့ဗျာ။

-သူတို့ ဖြတ်သန်းနေကျတဲ့အချိန်မှာ ရလဒ်တစ်ခုကတော့ မမျှော်လင့်စရာတစ်ခုကိုကြုံလိုက်ရပါတယ်။ ဒါကတော့ သူတို့ အသည်းအသန်လိုက်ရှာနေတဲ့ ကုဒ်တွေက ကမ္ဘာပေါ်မှာရှိတဲ့ မြို့ ကြီးခုနှစ်ခုရဲ့ တည်နေ ရာတွေဖြစ်နေတယ်ဆိုတာပါပဲ။

-ဒါတွေကိုသိသိချင်း တစ်ကမ္ဘာလုံးက ဆရာသမားတွေချိတ်ဆက်ပြီး အဲ့တည်နေရာတွေကိုလိုက်လံကြည့်ရှု တဲ့အခါမှာ အဲ့ဒီ လိပ်ပြာလိုလို ဘာလိုလိုတံဆိပ်အပါအ၀င် နောက်ထပ် QR Code ဖတ်လို့ ရတဲ့ Scan တစ် ခုကို စာရွက်အောက်မှာရေးထားပါတယ်။ အဲ့စာရွက်တွေကိုလည်း Public လမ်းမီးတိုင်တွေမှာ ကပ်ထားတာ ပါ။

-သူတို့ တွေ့ ခဲ့တာတွေကို လိုက်လံရှာဖွေနေရင်း အီဂျစ်ခေတ်ကစာအုပ်တွေထဲက စကားထာတွေအပြင် အခြားသော လူသတ်မှုဖြစ်ခဲ့ဖူးတဲ့ တည်နေရာတွေက လူသေတွေနဲ့ ပါတ်သတ်တာတွေပါ ပါဝင်လာတဲ့အထိ ရှုပ်ထွေးလာကျပါတယ်။

-ဆိုတော့ကာ ယုံတမ်းပုံပြင်နဲ့ အင်တာနက်ကလူတွေပြောပုံအရဆိုရင်တော့ သူတို့ က ကမ္ဘာပေါ်မှာရှိတဲ့ သူတွေထဲက ဆိုက်ဘာနည်းပညာအကျွမ်းကျင်ဆုံးလူတွေကိုအလိုရှိနေတာဖြစ်တယ်လို့ ပြောကျပါတယ်။ အားလုံးကျော်ဖြတ်ပြီးရောက်သွားတဲ့သူတွေရှိသလို သူတို့ ကိုပြန်လည်မတွေ့ ရတော့ဘူးလို့ လည်းပြော ကျပါတယ်။

-အခုလက်ရှိမှာလည်း ဒီကစားပွဲကို 2015 – 2016 – 2017 ခုနှစ်တွေမှာဆက်တိုက်ကျင်းပခဲ့တာဖြစ်ပြီး တော့ အောင်မြင်သွားတဲ့ သူတွေသတင်းကတော့ အခုထိတော့မကြားမိသေးပါဘူး။ 2018 အတွက်လည်း လူခေါ်တော့မှာပါ။ ဆိုတော့ကာ ရွှေမြန်မာတွေက ဆရာကျတဲ့ သူတွေမို့ သွားရောက်အဖြေရှာသင့်ပါတယ်။
image
-သူတို့ ဆောင်ပုဒ်ကလည်း နည်းနည်းတော့ စားတယ်။ “We Are Searching Leaders, Not A Followers” ဆိုပြီးလက်ကိုင်ထားတယ်လည်းပြောကျပါတယ်။ Cicada 3301 ဆိုတာက အင်တာနက်မှာ ဖြေရှင်းလို့ မရတဲ့ ကိစ္စတွေထဲက ၅ ခုထဲကတစ်ခုလည်းဖြစ်ပါတယ်။

-ကဲ… ပရိတ်သတ်ကြီးကကော? အခုပဲသွားမလား? ကြောင်တောင်တောင် မြန်မာပြည်ငပေါတွေရဲ့ အတွင်းရေးသတင်းတွေကို ဆက်ပြီးတော့ ထိုင်ကြည့်နေမလား?

image
Photo from google

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.030
BTC 58296.60
ETH 3064.91
USDT 1.00
SBD 2.26