အိပ်မွေ့ချပညာ

in #esteem8 years ago

အိပ်မွေ့ချပညာဒီတစ်ပတ်ရဲ့ Book Review ကဏ္ဍမှာတော့ ပညာရပ်ဆိုင်ရာစာအုပ်လေးတစ်အုပ်နဲ့ မိတ်ဆက်ပေးပါမယ်။
စာအုပ်အမည်ကတော့ “အိပ်မွေ့ချပညာ” ဖြစ်ပါတယ်။
image
စာရေးဆရာ ဒေါက်တာအုန်းမောင်က ရေးသားထားတာဖြစ်ပြီး စာမျက်နှာပေါင်း ၁၇၀ ပါဝင်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ စာအုပ်အစမှာ အိပ်မွေ့ချခြင်းအကြောင်းကို သေသေချာချာရှင်းပြထားသလို အိမ်မွေ့ချခြင်းနဲ့ဆက်နွယ်နေတဲ့အကြောင်းအရာတွေ၊ လုပ်ဆောင်ရတဲ့နည်းလမ်းတွေကို ဖော်ပြထားပါတယ်။ အခန်းပေါင်း ၇ ခန်းခွဲခြားရေးသားထားပြီး အိပ်မွေ့ချတယ်ဆိုတာဘာလဲ။ သိစိတ်၊ မသိစိတ်ဆိုတာဘာလဲ။ နံရံကြီးကိုဖောက်ပြီး မြင်တယ်ဆိုတာ ယုံပါမလား။ စိတ်နဲ့ လူတစ်ယောက်ကို သေအောင်လုပ်နိုင်တယ်ဆိုတာယုံသလား။ စိတ်ပြောင်းကိုယ်ခွာ လုပ်လို့ရသလား။ ဒုတ်ပီး, ဓားပီးဆိုတာတကယ်လား။ အိပ်မွေ့ချလိုက်တော့ ဘယ်လိုတန်ခိုးတွေ ရလာသလဲ။ စတဲ့ အခန်းတွေဖြစ်ပါတယ်။ အခန်းတစ်ခန်းခြင်းစီတိုင်းမှာ ဖတ်ရှုသူတွေနားလည်အောင် သေသေချာချာအသေးစိတ်ရှင်းလင်းရေးသားထားပါတယ်။ ဒီစာအုပ်ဟာ ၁၉၇၃ ခုနှစ်က ထုတ်ဝေထားတဲ့ စာအုပ်ဖြစ်ပြီး စပယ်ဦးဖြန့်ချိရေးက ဖြန့်ချိတာဖြစ်ပါတယ်။ လက်ရှိကာလမှာတော့ အဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းစာအုပ်တစ်အုပ်အဖြစ်တည်ရှိနေပြီဖြစ်ပါတယ်။ ဒီစာအုပ်ကို ဖတ်ရှုချင်တယ်ဆိုရင်တော့ မှာ ရှာဖွေဖတ်ရှုနိုင်ပါတယ်။

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.064
BTC 68305.90
ETH 2082.69
USDT 1.00
SBD 0.48