ကျွန်တော်နှင့်သုံးရာသီ

in #esteem8 years ago

တစ်ချိန်ကပေါ့ အရမ်းကို ပျော်စရာပါ။
တို့ရွာကလေးက လူတွေဟာ လူတိုင်းကို ကူညီတတ်တယ်။
တစ်ယောက်နဲ့တစ်ယောက်မေတ္တာထားကြတယ်
သံယောဇဉ်ဆိုတာ အချင်းချင်းရှိနေကြစမြဲပါ။
နွေရောက်ခဲ့ရင် ကလေးတွေနဲ့စည်စည်ကားကားလေးပါ့
ကလေးတွေကချွေးတရွှဲရွှဲနဲ့ ကစားနေကြတယ်
လူကြီးတွေ ဟိုအိမ်ကိုလည် ဒီအိမ်ကိုလည်နဲ့
မီးသတိပေးနေတဲ့ ရွာလည်က လော်စပီကာသံလေးက
ခပ်ကျယ်ကျယ် လွမ်းရတဲ့ တစ်ချိန်ကရက်တွေရယ်
အခုတော့ ဘယ်မှာလဲ အဲ့ဒီလိုပျော်စရာအချိန်တွေ
image
image
image
မိုးရာသီရောက်ခဲ့ပြန်တော့ ထီးကလေးတွေနဲ့
လက်ဖက်ရည်ဆိုင်ကို သွားနေသူတွေ
မိုးတွေအရမ်းသည်း နေချိန်မှာ
ကလေးလေးတွေ ကိုယ်တုံးလုံးနဲ့
မိုးရေချိုးနေရင်း ဟိုပြေးလိုက် ဒီပြေးလိုက်နဲ့
မိုးသီးရှာရတဲ့ကလေးတွေရဲ့ ဒုက္ခကလဲ မသေးဘူး
သစ်ပင်တွေက ကျိုးကြတော့မလို ဒိုးယိမ်းကနေကြပြန်တယ်
မိုးရွာကာနီး လေပြင်းပြင်းတွေတိုက်လို့
လှမ်းထားတဲ့အင်္ကျီကို အပြေးလေးလိုက်ကောက်ခဲ့ဖူးတယ်
မိုးချိန်းသံကြားရင် ကြောက်လန့်တကြားပုန်းတဲ့ကောင်မလေးတွေကို
လှောင်ခဲ့ဖူးတယ်
အမေတို့က လျှပ်စီးတွေလျှပ်ရင်
်ဒေဝေါကြီးလာတော့မယ်လို့ပြောတယ်
မမြင်ဖူးတဲ့ဒေဝေါကြီး အသည်းတုန်အောင်ကြောက်ခဲ့ဖူးတယ်
image
image
image
နှင်းတွေတဖွဲဖွဲကျနေတဲ့ မနက်ခင်းဆို မထချင်ခဲ့ဘူး
ရွာထဲမှာတရားတွေဖွင့်နေချိန်ဆို မထချင်လဲထရပြန်တယ်
အေးစက်နေတဲ့ရေ ဆော့ရတော့မယ့်ကလေး
သူ့အတွက်တော့ မအေးတော့ပါဘူး
ရေအေးတယ်ဆိုပြီး မျက်နှာမသစ်တဲ့
ဲ့ငပြင်းလေးတွေက ခပ်ပေါပေါ
လူကြီးတွေကချမ်းတတ်တယ်
ကလေးတွေကသွေးသားကောင်းတယ်
အနွေးထည်ဆိုတာ သူ့အတွက်တော့ စောင်ခြုံ ထားရသလိုပဲ
ဘယ်လောက်အေးနေပါစေ သူတို့ကချွေးတရွှဲရွှဲနဲ့
ညရောက်တော့ မီးပုံလေးဘေးမှာ
ကလေးတစ်သိုက်နဲ့ ဦးလေးသောင်းအလုပ်ရှုပ်နေတယ်
လူကြီးတွေကတော့အတင်းပြောနေမှာလားမသိဘူး
အဲ့ဒီအချိန်လေးတွေကိုပြန်လိုချင်နေဆဲပါ....
image
image
image
image
SMT67@aungkyawsoe

photo from Gallery

Coin Marketplace

STEEM 0.06
TRX 0.30
JST 0.054
BTC 71537.49
ETH 2102.51
USDT 1.00
SBD 0.51