ငါလောဘနဲ့...ငါ

ရောင်နီမလာမှီ မျက်လုံးကိုဖွင့်
လမ်းထိပ်၌ရှိ ပဲပြု ပ်ဝယ်ကာ
ထမင်းကြမ်းကို ဆီဆမ်းဆားဖြူး
မစားချင်လည်း ဝမ်းဟာမည်မို့
ကြိတ်မှိတ်ကာစား အလုပ်လာခဲ့
ပင်ပန်းနွမ်းလျ ပန်းလှသော်လည်း
အောင့်အီးသည်းခံ လောကဓံကို
ရင်ဆိုင်အံတု ငါမမှုဟု
စိတ်ထဲ၌တွေး နေရေးမခက်
ဝမ်းရေးခက်သည်မို့ ကြိုးစားလုပ်ကိုင်
ဇွဲပိုင်ပိုင်ဖြင့် မရပ်မနား
ဆက်ပြီးသွားရအုံးမည့် ငါ....

ကံကြမ္မာပေးလာ ဒီဘဝမှာ
ငိုတစ်ခါ ရယ်တစ်လှည့် ရှေ့ဆက်ရလဲ
နာကျင်နေသော နှလုံးသားက
လောကဓံကို ဟားတိုက်ချင်လဲ
အားမသန်တော့ မာန်ကိုလျှော့ကာ
ဆက်ကြိုးစားရ
အသက်ရင်းပြီး အဝီစိထိ
ကွင်းဆင်းရလည်း ငါမမူဘဲ
ကြိုးစားနေမြဲ ငါကြိုးစားဆဲ
တဒိန်းဒိန်းနဲ့ စစ်ဖြစ်နေသလား
ထင်မှားလောက်အောင် ယမ်းခွဲသံများ
ဆူညံနေလည်း မကြောက်မရွံ့
ရွှေရှာရသော ငါတို့ဘဝကား
လူ့ဘဝရဲ့ ငရဲတည်း.....

ကိုယ့်လမ်းကိုကိုယ်ဖောက် ငါဆက်လျှောက်လည်း
မိဘတွေဆိုဆုးံမက မြေဝယ်မကျ နာခံရ၏
ကိုယ့်ထက်တတ်သူ ကိုယ့်ဆရာတွေက
ဒီလိုလုပ်ရင် ဒီလိုဖြစ်တယ်
ရှင်းပြသော်ငြား နားမထောင်သူ
ဒီလူမိုက်များ ရောက်ရှိသင်္ချိုင်း
ငါသည်လည်းဘဲ ထိုသို့မဖြစ်
ထိုအဖြစ်မရောက်အောင် ကြိုးစားကာနေ
မပေါ့မဆ သတိဖြင့်ယှဉ်
နားကိုစွင့်လျက် အသက်မပျောက်အောင်
ကြိုးစားဆောင်ကာ လုးံလစိုက်ထုတ်
နေရပေ၏.....,
အမြဲတစေ ရှိနေတတ်တဲ့
လူ၏လောဘ လူ၏အတ္တကား
များပြားလှ၏
ငါသည်လည်းဘဲ လူဖြစ်ပေရာ
လောဘကတော့ ရှိစမြဲဘဲ
ထိုလောဘအား တားဆီးမရ
ဖျောက်ဖျက်မရ သို့အလို့ငှာ
ငါသည်ကြိုးစားနေရပေအုးံမည်.......

SMT 67@aungkaywsoe
Photo from facebook