ဆရာ

in #esteem8 years ago (edited)

image
နွေအကြိုကို ရွှေဥသြက အသံသာနဲ့
ကမ်းလင့်ကြိုပေမယ့်
ငါ့အတွက်က ဥသြတွန်သံတစ်ခါသာတိုင်း
အသည်းတစ်စ ကြွေမတတ်ပါဘဲ။
ဆုံရင်ကွဲမယ် ပြန်လည်တွေ့ပေမယ့်
မခိုင်တဲ့ ငါ့အသည်းမှာ ဒဏ်ရာတွေနဲ့
မင်းတို့လေးတွေရဲ့ ရယ်သံလေးတွေ ပဲ့တင်စဲပါ။
image
(24)ဆူဘုရားက ဆည်းလည်းသံတွေ
စည်းချက်ညီစွာ မြည်ဟည်းတိုင်း
မင်းတိွု့နဲ့အတူ စာအံသံတွေ သတိရမြဲပါ။
image
လမ်းကျဉ်းလေးက မြေမှုန်တွေ လေနဲ့ဝဲတိုင်း
ငါ့ရဲ့ သံယောဇဉ်မျက်ရည်တွေ စီးကျမြဲပါ။
image
image
ဆရာဆိုတာအရာရာကို နှိုင်းဆ ချင့်ချိန်
အေးမြတဲ့မေတ္တာ ပညာအိမ်တည်ဆောက်
အရာရာကို ဦးနှေက်နဲ့ ဆင်ခြင်စဉ်းစားပေးသူ
ဒါမှမဟုတ်ရင်
အဖြူ ရောင်လူပါ။
"အဖေ့အိမ်" နေ့အထူးနှင့်ဘော်ဒါ မှ
ကျောင်းသား/ကျောင်းသူ များကို သတိရလျှက်
ဆရာဦးအောင်ကျော်စိုး
B.Sc;Phy(Q);Msc;part (2)
image
SMT 67@aungkyawsoe

Photo from facebook

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.060
BTC 66900.18
ETH 2053.29
USDT 1.00
SBD 0.51