Shine

in #esteem6 years ago

*** လက်​ဖြာ ​တောက်​ပ​သော ....***

ဖိနပ်​တစ်​ရန်​​လောက်​ ​ချေးပါ...
အနာဂတ်​တ​စ္ဆေတစ်​​ကောင်​ကို ​မောင်းထုတ်​မလို့..
အဲ့ဒီအရာရဲ့ တစ်​ဖက်​​ကျော်​​ကျော်​မှာ
လှောင်​​ပြောင်​ပိတ်​​လှောင်​​နေတဲ့ ကုန်းပြန့်​ပြန့်​​တွေထက်​က
မြက်​ဖိနပ်​တစ်​ရန်​ကို ပြန်​လည်​ ယူ​ဆောင်​လာခဲ့​ပေးပါမယ်​...
အ​ယောင်​​ဆောင်​သက်​တန့်​​တွေထက်​ ပိုမက်​​မောတတ်​ရင်​​ပေါ့..

တက်​မက်​​လောင်​မြှိုက်​​နေတဲ့ ​သောကရာဇာကို ဦးမညွှတ်​နဲ့..
လက်နက်​​တော်​​တွေကို ​ရွေးယူတိုက်​ပွဲဝင်​ပါ..သမိုင်း​ကောင်းထဲမှာ ဉာဏ်​ပညာဟာ အကြီးရင့်​ဆုံး တံတိုင်းတစ်​ခုပဲ..
ကိုယ့်​ကိုယ့်​ကိုယ်​ ဦးညွှတ်​ဖို့ ဘယ်​သူ့ဆီမှာမှ ဒူးမ​ထောက်​​လေနဲ့..။
ရှိခိုးရခြင်းက ကိုယ့်​ကိုယ့်​ကို​ယ်​ စိုက်​ပျိုးလိုက်​ခြင်း ဖြစ်​ပါ​စေ...
သေနင်္ဂ​ဗျူဟာ​တွေကို ဝဲလွှင့်​ပစ်​...
အမှန်​ကန်​ဆုံးထဲ တိုးဝင်​ပါ..
တိုက်​ခိုက်​ရခြင်း​တွေတိုင်း ​သွေးထွက်​သံယို ဖြစ်​စရာမှ မလိုအပ်​ပဲ..
အ​ကောင်းဆုံး လက်​နက်​ကို အလှပဆုံး နှလုံးသားနဲ့ ထုဆစ်​ပါ..
အဖြူ​ရောင်​ပန်းပွင့်​​တွေ ထာဝရ ရနံ့သက်​ဖို့ ပညာရှင်​ ဥယျာဉ်​မှူးတစ်​ဦးသာ လိုအပ်​တယ်​ဆိုရင်​ အမာ​ကျောဆုံး လက်​နက်​ကို ထုတ်​​ဖော်​ သုံးစွဲပစ်​လိုက်​​ပါ​တော့...
အ​ကောင်းဆုံး လက်​နက်​အ​ကြောင်း ထာဝရ ​ကျော်​ကြားခွင့်​အတွက်​ ​မွေးပျံ့​နေမယ့်​ မက်​​ဆေ့ခ်ျ​တစ်​​စောင်​ကို ချန်​ထားရစ်​ခဲ့ပါ...
လူတိုင်း ဖတ်​မိပါ​စေ..
ဖတ်​မိသူတိုင်း လင်းလက်​​တောက်​ပစွာ ပြုံးရွှင်​​နေရစ်​ကြပါ​စေ....

ငါတို့​ရေးထိုးကြမယ့်​ သမိုင်းတို​လေး​တွေဟာ ချစ်​မြတ်​နိုးဖွယ်​ရာ ပုံပြင်​တစ်​ပုဒ်​အဖြစ်​ သက်​ရှိရုပ်​ကြွင်းတို့ ဖြစ်​တည်​​နေရစ်​ပါ​စေ...

ငါတို့က ​ရှေ့တိုးကြမယ်​...
မြက်​ဖိနပ်​​တွေကို စီးလို့...
တ​စ္ဆေ​တွေကို ​ခြောက်​လှန့်​ကြမယ်​..
အဖြူ​ရောင်​ ပန်းပွင့်​​တွေကို စိုက်​ပျိုးလို့..
ညည်းတွား​နေတဲ့ ​တေးချင်းကို ဆွဲဆွဲငင်​ငင်​ သီကျူးလို့ ဘဝဂ်​ဆန်​ဆန်​ ပွင့်​အန်​​နေကြ​စေ...
ထာဝရ လတ်​ဆတ်​မှုတို့နဲ့ အတူ........

I'm ATM.
MSU 021.
Photo credit. image

Sort:  

အဓိပ္ပာယ်တွေကများတော့ သိပ်နားမလည်နိုင်ဘူး

အနာဂတ်​ က​လေးငယ်​​တွေအထိ အလင်း​ပေးချင်​မိတဲ့ စိတ်​​စေတနာ...

[Source Link](https://steemitimages.com/0x0/https://img.esteem.ws/54rjb1batc.jpg)

Photo Credit လို့မရေပဲ အပေါ်ကစာကို copy ကူးပြီးထည့်ပေးပါ sis ရေ။ ဒိပြင့်ပိုစ့်တွေမှာလဲ ကိုယ်ယူထားတဲ့ image link ကို ပြောင်းထည့်ပေးရုံပါပဲ။ Good luck ပါဗျာ။

ဟုတ်​...​ကျေးဇူးပါ ​ပြောပြ​ပေးတာ သင်​ပြ​ပေးပါအုံး​နော်


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.

Thank you so much.

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 61757.74
ETH 3388.32
USDT 1.00
SBD 2.51