ရုပ်ရှင် အကြိုခံစားခြင်း - FIRST KILL

in #esteem8 years ago

ဒီနေ့ရုပ်ရှင်အကြိုကဏ္ဍမှာတော့ အမေရိကန် သည်းထိတ်ရင်ဖိုအက်ရှင်ဇာတ်ကားလေးကို ပရိသတ်တွေအတွက် ဖော်ပြလိုက်ပါတယ်။

နယူးယောက်က အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ၀ီလ်ဟာ သူ့သားလေးဒန်နီ နဲ့ပတ်သက်ပြီး ရတက်မအေးနိုင်တဲ့ ပြဿနာတစ်ခုရှိနေခဲ့ပါတယ်။ ဒန်နီဟာကျောင်း မှာ တခြားကလေးတွေရဲ့ အနိုင်ကျင့်နှိပ်စက်ခံနေရတာကြောင့်ဖြစ်ပါတယ်။

အဲဒါနဲ့ တစ်ရက်မှာတော့ ၀ီလ်ဟာ ဒန်နီကို အမဲလိုက်နည်း သင်ကြားပေးရင်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိအောင် လေ့ကျင့်ပေးဖို့ သူငယ်ငယ်ကနေခဲ့တဲ့ မြို့ငယ်လေးဆီကို မိသားစုလိုက် ထွက်သွားခဲ့ပါတယ်။ အဲဒီမြို့လေးမှာရှိတဲ့ ၀ီလ်ရဲ့မိတ်ဟောင်း ဆွေဟောင်း ရဲအရာရှိဟောင်းဝဲလ်က ဓားပြမှုတွေဖြစ်နေတဲ့ အတွက် သတိထားဖို့ ၀ီလ်ကို သတိပေးခဲ့ပါတယ်။

သစ်တောကအထွက်မှာ ၀ီလ်တို့မိသားစုနဲ့ ဘဏ်ဓားပြ တိုက်တဲ့သူတွေနဲ့ဆုံခဲ့ပြီး ၀ီလ်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့အနေနဲ့ တစ်ယောက်ကို သေနတ်နဲ့ပစ်သတ်ခဲ့ပါတယ်။

နောက်တစ်ယောက်ကတော့ ဒဏ်ရာရသွားတဲ့အတွက်အိမ်ကိုခေါ်လာခဲ့ရာမှာ အဲဒီလူက ဒန်နီကိုဓားစာခံလုပ်ပြီး ပြန်ပေးဆွဲခဲ့သလို ၀ီလ်ကိုလည်း ဒန်နီနဲ့အကျပ်ကိုင်ကာ ခိုးရာပါငွေဒေါ်လာ နှစ်သန်းထည့်ထားတဲ့ ဘဏ်အလုံခန်းသော့ကို ကူရှာပေးဖို့ အတင်းအကျပ်စေခိုင်းခဲ့ပါတယ်။ ဒန်နီပြန်ပေးဆွဲခံရပြီးနောက်မှာ ၀ီလ်ရဲ့ အခြေအနေမူပျက်နေတာကို ၀ီလ်နဲ့ပတ်သက်လို့ အူမချေးခါး အကုန်သိတဲ့ ရဲအရာရှိဟောင်း ၀ဲလ်ကသတိထားမိပါတော့တယ်။ နောက်ဆုံးမှာတော့ ၀ီလ်ရင်ဆိုင်နေရတဲ့အခြေအနေကို သိသွားခဲ့ပြီးဒန်နီကိုကယ်တင်နိုင်ဖို့အတွက် ၀ီလ်နဲ့အတူ ဟောင်းဝဲလ်ပါလှုပ်ရှားတဲ့အခါမှာတော့ ဘယ်လိုအဆုံး သတ်မှာလဲဆိုတာစိတ်ဝင်စားစရာပါ။

ဒီဇာတ်ကားမှာတော့ဝီလ်အဖြစ် ဟေဒန်ခရစ္စတန်ဆန်၊ ရဲအရာရှိ ဟောင်းဝဲလ်အဖြစ် ဘရုစ်ဝီလီစ်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာပါ။

Credit:http://7daydaily.com/story/103293

MSO-31

firstkillposter.jpg

Coin Marketplace

STEEM 0.06
TRX 0.31
JST 0.064
BTC 66961.93
ETH 2057.77
USDT 1.00
SBD 0.47