မဟာအတွေး

in #esteem6 years ago

တစ်ခါဆီ၌ အရှင်အနုရုဒ္ဓါမထေရ်သည် စေတီတိုင်းအရှေ့ဝါးတော်၌နေစဉ် အတွေးခုနှစ်ခုကို တွေးမိ၏။
အတွေးသည် ခုနှစ်ခု၌ရပ်၍ ရှေ့မဆက်တော့သည့်အချိန်ဝယ် မြတ်စွာဘုရားသည် သုသုမာရဂိရိမြို့
ဘေသကဠ တောမှနေ၍သိတော်မူကာ အရှင်အနုရုဒ္ဓါဆီကြွလာပြီး ရှစ်ခုမြောက်အတွေးကိုဖြည့်ပေး
တော်မူ၏။ ထို့နောက် ထိုအတွေးရှစ်ချက်ကိုတွေးခြင်း ကြောင့်ရရှိမည့် အကျိုးတရားတို့ကို ဟောတော်မူ၍ လာရာတောဆီသို့ ပြန်လည်ကြွတော်မူ၏။ မထေရ် အားလည်း နေမြဲတော်၌နေရန် မိန့်တော်မူသည်။
FB_IMG_1526562870158.jpg

မူလတောသို့ ပြန်ရောက်သောအခါ မြတ်စွာဘုရား သည် ရဟန်းတို့အား ထိုမဟာအတွေး ရှစ်ပါးတရားတော်ကို ပြန်လည် ဟောကြားတော်မူပါသည်။

လောကုတ္တရာတရားသည်--------------
၁။အလိုနည်းသူအားသာပြည့်စုံ၏
အလိုကြီးသူအားမပြည့်စုံ။
၂။ရောင့်ရဲသူအားသာပြည့်စုံ၏။
မရောင့်ရဲသူအားမပြည့်စုံ။
၃။ဆိတ်ငြိမ်မှုရှိသောသူအားသာပြည့်စုံ၏
ဆိတ်ငြိမ်မှုမရှိသောသူအားမပြည့်စုံ
၎။စိတ်အားထက်သန်သောသူအားသာပြည့်စုံ၏
စိတ်မထက်သန်သောသူအားမပြည့်စုံ
၅။သတိရှိသောသူအားသာပြည်စုံ၏
သတိမဲ့သောသူအားမပြည့်စုံ
၆။သမာဓိရှိသောသူအားသာပြည့်စုံ၏
သမာဓိမရှိသောသူအားမပြည့်စုံ
၇။ပညာရှိသောသူအားသာပြည့်စုံ၏
ပညာမဲ့သောသူအားမပြည့်စုံ
၈။ပပဉ္စတရား၌မမွေ့လျော်သူအားသာပြည်စုံ၏
ပပဉ္စတရား၌မွေ့လျော်သူအားမပြည့်စုံ
နံပတ်ရှစ်အတွေးသည် မြတ်စွာဘုရားဖြည့်ပေးသောအတွေးတော်ဖြစ်ပါသည်။
FB_IMG_1526562886220.jpg
ထိုအတွေးရှစ်ခု၌ပါသော ဝေါဟာရ၏ဆိုလိုရင်းတို့ကိုလည်းအကျယ်ဆက်ဟောတော်မူပါသည်။
၁။ အလိုနည်းခြင်း ဟူသည် မိမိ၏ကောင်းကွက်ဂုဏ် အရည် အသွေးများကို လူအသိမခံလိုခြင်းဖြစ်ပါသည်။ မိမိကောင်းကွက် အားသာချက်ကို လူသိစေလိုခြင်း သည် အလိုများသူပင်ဖြစ်နေသေးပါသည်။
၂။ ရောင့်ရဲခြင်း ဟူသည် ရလာသမျှသောဥစ္စာရသင့်သမျှသောဥစ္စာ ရနိုင်သမျှသောဥစ္စာတို့ဖြင့် ကျေနပ်ပျော်ရွှင်နိုင်မှု ဖြစ်ပါသည်။ ရလေလိုလေအိုတစ္ဆေ သဘော အတိုင်းမသိအတာ မသိသဘောမျိုးသည် မရောင့်ရဲခြင်းဖြစ်ပါသည်။
၃။ ဆိတ်ငြိမ်မှု ဟူသည် လူသူလေးပါးအပေါင်းအသင်းများကို ခွါ၍နေခြင်း။ အကယ်၍ ခွါမရပါက တရား
စကားကိုသာပြောခြင်း တရားကိုအာရုံပြု၍ဆိတ်ဆိတ် နေခြင်းဖြစ်ပါသည်။
၎။ စိတ်ထက်သန်မှု ဟူသည်ကောင်းမှုလုပ်ငန်းတို့ကိုစွဲစွဲမြဲမြဲပြုလုပ်ခြင်း တက်တက်ကြွကြွပြုလုပ်ခြင်း
ကိုဆိုလိုပါသည်။
၅။ သတိရှိသူ ဆိုသည်မှာ အမှတ်မဲ့ပြုသည်ဟုမရှိပြုလုပ်သမျှကိုသိနေခြင်း ပြုလုပ်ပြီးသမျှကိုပြန် အောက် မေ့နိုင်ခြင်းဖြစ်ပါသည်။
၆။သမာဓိ မှာအမြင့်ဆုံးအားဖြင့်ဈာန်ရသည်အထိဖြစ် ပါသည်။
၇။ပညာ ဟူရာ၌ ရုပ်နာမ်ကိုဖောက်ခွဲမြင်နိုင်သောဝိပဿ နာပညာကိုဆိုလိုပါသည်။
၈။ပပဉ္စ ဟူသည် တဏှာ မာန ဒိဋ္ဌိ သုံးပါးကိုပြောပါသည်။
×××××
မဟာအတွေးရှစ်ချက်ကို တွေးသောသူအားရရှိနိုင် သောအကျိုးတရာူတို့မှာ---------

၁။ဈာန်တရားကိုရရှိနိုင်ခြင်း၊
၂။အဝတ်စားနှင့်ပတ်သက်၍စိတ်မများတော့ပဲ
ရတတ်သမျှအဝတ်စားနှင့်ကျေနပ်စွာနေနိုင်ခြင်း၊
၃။အစားအသောက်နှင့်ပတ်သက်၍ သင့်တော်သမျှ
နှင့်ရောင့်ရဲလာခြင်း
၎။နေရာထိုင်ခင်းနှင့်ပတ်သက်၍ စိတ်ဒုက္ခမရှိခြင်း
၅။ဆေးဝါးနှင့်ပတ်သက်၍ စိတ်ငြိမ်းအေးမှုရခြင်း
၆။အခင်းကော်ဇောစသော အသုံးအဆောင်တို့၌
ဆိုးသည်ကောင်းသည် မတွက်စိတ်လက်ချမ်း
သာခြင်း။

အဝတ်စားနှင့်ပတ်သက်၍ အစားအသောက်နှင့်ပတ်သက်၍ နေရာထိုင်ခင်းနှင့်ပတ်သက်၍ဆေးဝါးများ နှင့်ပတ်သက်၍ အခြားအသုံးအဆောင်များနှင့် ပတ်သက်၍ စိတ်မောလူမောဖြစ်ကာ မပျော်ရွှင်နိုင် မအေးချမ်းနိုင်ဖြစ်နေသောသူတို့သည် စိတ်၏အေးငြိမ်း ချမ်းသာမှုကိုအလိုရှိပါက အထက်ပါမဟာအတွေး ရှစ်ချက်ကိုတွေးရာပါ၏။ ကျင့်ကြံရာပါ၏။ 

ထိုအခါမဟာချမ်းသာသည် မိမိထံသို့သေချာပေါက်ရောက်လာမည်ဖြစ်ပါသတည်း။

မောင်ရဟန်းသာသနာ့ရင်ခွင် စာပြုစုသူ @chirstonawba

Sort:  

World of Photography
>Visit the website<

You have earned 6.50 XP for sharing your photo!

Daily Stats
Daily photos: 1/2
Daily comments: 0/5
Multiplier: 1.30
Block time: 2018-05-17T16:33:00
Account Level: 0
Total XP: 26.00/100.00
Total Photos: 4
Total comments: 0
Total contest wins: 0
When you reach level 1 you will start receiving up to two daily upvotes

Follow: @photocontests
Join the Discord channel: click!
Play and win SBD: @fairlotto
Daily Steem Statistics: @dailysteemreport
Learn how to program Steem-Python applications: @steempytutorials
Developed and sponsored by: @juliank

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63271.81
ETH 2568.70
USDT 1.00
SBD 2.80