ညသန်းခေါင်ယံ

in #esteem8 years ago (edited)

image
ကျွန်တော် စားမေးပွဲ ဖြေဆိုနေတဲ့ အချိန်အတွင်းက ညတစ်ညမှာ ကြုံခဲ့ရတဲ့ အဖြစ်ကလေးပါ။ တစ်နေ့ ကျောင်းကပြန်ဆင်းလာပြီး ရေးချိုး၊ ထမင်းစား ပြီး တော့ ၇ နာရီ ထိုးတာနဲ့ စာကြည့်တယ်။ ည အိပ်ယာဝင်တာကတော့
၁၀ နာရီခွဲ ဆိုတာ နဲ့ အိပ်ယာထဲဝင်ပါတယ်။ ဖုန်းနှိပ်တာက တစ်နာရီခွဲ လောက် နှိပ်တယ် ပြီးတာနဲ့ ဘုရားရှိခိုး ပြီး
အိပ်မယ်လို့ကြံစည်လိုက်တဲ့ အချိန် ခဏအတွင်းမှာ
"ဗြုန်း" ခနဲ ဆို ခေါင်မိုးပေါ်ကို သရက်သီးကြွေကျလိုက်တာ အမှတ်တမဲ့ လန့်သွားတယ်။ ဒီလိုနဲ့ အိပ်လို့
မပျော်ဘူးလေ။ ကျွန်တော်က အပေါထပ်ကပြတွင်း
ပါက် နားမှာ အိပ်တာလေ။ မနက် ကို မနိုးမှာ စိုးလို့
တောင် ပြတွင်းပေါက်ကို ဖွင့်အိပ်တာ။ အိပ်ယာထဲ ခေါင်းချလိုက်တာနဲ့ ပြတွင်းပေါက် အပြင်ဖက်မှာ သာနေတဲ့ လ
ကို အတိုင်းသားမြင်နေရပါတယ်။ ဟိုတွေ ဒီတွေး အတွေးများစွာနဲ့ မျက်လုံးကလေး မှိတ်ပြီး အိပ်မယ် ကြံရာတွင်
လမ်းထပ်က ခွေးတွေ အူ တာ ဆူညံနေလျှက် ရှိပါတယ်။
လူတွေအားလုံး အိပ်စက်အနားယူနေတဲ့အချိန်ဖြစ်လို့ ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်စိတ်စွာ ရှိနေတဲ့ အတွက်
ကြောင့် နာရီလက်တံ တစ်ချက်ရွေ့သွားတိုင်း
"ချပ်ချပ် ချပ်ချပ်" ဆိုသော အသံကိုပင် အတိုင်းသားကြား
နေရပါတယ်။ ကျွန်တော့် ဘေးက ခြင်ထောင်ထဲမှာလည်း
သူငယ်ချင်းနှစ်ယောက် အိပ်နေတာ "ဖူး....ခေါ.....ဖူး.....ခေါ....." နဲ့ ဟောက်နေတာ သူတို့နှစ်ယောက် ဧရာဝတီ မြစ်တစ်ဖက်ကမ်းကို ပင်ရောက်နေလောက်မည်ဟု တွေးနေမိသည်။ ကျွန်တော်လည်း ဒီလို နဲ့ အသိစိတ်လေးပျောက်ကွယ်သွားကာ အိပ်ပျော်သွားပါတော့တယ်။ အိပ်သွား သော်လည်း အိပ်မက်ထဲ အထိ ပါလာတာက "စာမေးပွဲ" ပါ။ မနက်ဖြန် စာမေးပွဲ ဖြေရမယ်ဆိုတဲ့ အကြောင်းကို စိုးရိမ်စွာနဲ့ အိပ်စက်နေသော သူတစ်ယောက်ပေါ့။ မနက် ငါးနာရီ ထိုးတိုင်း ကျွန်တော် အဒေါ်က ဘုရားရှိခိုးလေ့ရှိပါတယ်။ ဘုရားရှိခိုးတိုင်း
ကြေးစည်တီးပြီး သာဓု ခေါ်သော အသံကြောင့်
ကျွန်တော် လန့်နိုးသွားပါတယ်။ ဒါပေမဲ့ အိပ်ယာ မထသေး။ ညကအိပ်မက်အကြောင်းပြန်တွေးနေမိသည်။
အိပ်မက်ဆိုတာ ကိုယ်သာ ဇာတ်လိုက်ဖြစ်လေ သည်။
စာမေးပွဲခန်း ၌ စာဖြေနေတဲ့ ကျွန်တော် စာမရတဲ့ အတွက် ဆရာမ က အနားကပ်ပြီး ပြောနေတဲ့ အဖြစ်ကို မြင်မတ်နေခဲ့တာပါ။ ပြောင်းပြန်အတိတ်ကောက်မိတော့ ကံအတော်ဆိုးလှပါတယ်။

Sort:  

အရံ အကောင့်များအား ပထမဦးစွာ artzone နဲ့ wafrica ကို follow လုပ်ပါ။ Post တင်ရာတွင် စာလုံးရေ ၃၀၀ အနည်းဆုံးပါအောင်တင်ပါ။ ဓါတ်ပုံတစ်ပုံထည့်ပါ။ Tag တွင် artzone wafrica esteem good-karma smartphonephotography ထည့်ပါ။
upvote bank ပြုလုပ်ထားပါ။
ယခုနည်းဖြင့် နေ့စဉ် post တစ်ခုတင်ပြီး အနည်းဆုံး 0.1 SBD ရယူနိုင်ပါပြီ။ ဈေးတက်လာရင်ပိုများလာမှာပါ။ ရတုန်းယူထားကြပါ။

ဟုတ်

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.060
BTC 66691.54
ETH 2004.00
USDT 1.00
SBD 0.50