ခန္တာ

in #esteem8 years ago

ခန္ဓာတော်ဘုရား နှင့် ဥာဏ်တော်ဘုရား

  ဘုရားဟူသည် ဗုဒ္ဓဟူသော

မဂဓစကား၏ မြန်မာအနက် ဖြစ်လေသည် ဗုဒ္ဓဟူသည် သဒ္ဒါနည်းအရ ဗုဓဓာတ် တပစ္စည်းဖြစ်လျက် တကိုဓပြု
ဗုဒ၏ ဓကို ဒပြု ဗုဒ္ဓဟု ရုပ်ပြီးလေသည်
ထိုတွင် ဗုဓဓာတ်သည် သိခြင်း(ဥာဏ)
အနက်ကိုဟော၍ သဗ္ဗညုတညာဏ်တော်ကို အရကောက်နိုင်သည် တပစ္စည်းကား
(ဗုဓဂမာဒိတ္ထေ ကတ္တရိ) ဟူသော
ကစ္စည်းသုတ်ဖြင့် ကတ္တားအနက်၌သက်၍ ခန္ဓာတောကိုသာ
အရကောက်သည်။
ဥပမာထုတ်ရသော် ပန်းချီတတ်သောသူဆိုရာ၌ ပန်းချီပညာကိုမရဘဲ တတ်သူပုဂ္ဂိုလ်ကိုသာ ရလေသကဲ့သို့ သိတတ်သူဟု ဆိုသဖြင့် သိခြင်း သိခြင်း
သဗ္ဗညုတညာဏ်တော်ကိုမရဘဲ တတ်သူဟူသော ခန္ဓာတော်ကိုသာ
အရကောက်နိုင်လေသည်။
ထိုနေရာတွင် ပိုမိုထင်ရှားစေရန်
ကျမ်းအကိုးများကို တိုတိုတုတ်တုတ်
ဖော်ပြပါဦးမည်။
သမ္မာသမ္ဗုဒ္ဓေါ နာမ မရမတ္ထတော
ဧကော ဓမ္မော နာမ နတ္ထိ ရူပါဒိပဉ္စက္ခန္ဓေ
ဥပါဒါယ ဘဂဝါတိ ပညတ္ထော သဗ္ဗညုတညာဏာဒိ အပရိ မေယျဂုဏအဏာဒါရော ခန္ဓသန္တာနော
သမ္မာသမ္ဗုဒ္ဓေါ နာမ။ (မဏိမဉ္ဇူ)
ဤပြဆိုခဲ့ပြီးသည်ကိုထောက်၍
ဘုရားဟူသည် ဥာဏ်တော်မဟုတ် ဥာဏ်တော်၏ တည်ရာ ခန္ဓာတော်သာလျင် ဘုရားဖြစ်သောကြောင့် ဘုရားရှင်၏
ခန္ဓာတော်အစိတ်ဖြစ်သော ဓာတ်တော်
မွေတော် ဘုရားရှင်ကိုယ်တူထား၍
ခွင့်ပြုတော်မူခဲ့သော ဗောဓိပင် ရုပ်ပွားတော် ကိုယ်စားတော်စသော
ဓာတုစေတီ ဓမ္မစေတီ ဥဒ္ဒိဿစေတီ
ပရိဘောဂစေတီတော်မြတ်များကို
ဘုရားမဟုတ်ဟု ယုတ်မာသောစိတ်ထားဖြင့် ပြစ်မှားလျင်
ကြီးမှားသောအပြစ်ရရှိ၍ ဘုရားဟု
ရည်မှတ်ရွယ်ကိုး ဂုဏ်တော်မှန်းဆ
ရှိခိုးပူဇော်လျင် ကြီးမားသော
ကောင်းကျိုးချမ်းသာ ရနိုင်ကြောင်း
လေးလေးနက်နက် ယုံကြည်သင့်လှပေသည်။
တည်တောဆရာတော်ဘုရားကြီး

image
@claye

Coin Marketplace

STEEM 0.06
TRX 0.28
JST 0.048
BTC 66712.20
ETH 1956.00
USDT 1.00
SBD 0.50