How much songs affect your life?
သီချင်းတွေနဲ့စီးမြောကြတယ်ဆိုတဲ့စကားလေးကိုကြားဖူးကြမှာ...
ခုအသက်အရွယ်အထိ နားထောင်ဖူးတဲ့သီချင်းအမျိုးအစားမျိုးစုံရှိတယ်...
တခါတလေ rock နဲ့ဓာတ်ကျတယ်...
တခါတလေတော့ Pop နဲ့ပေါ့...
တခါတလေကျတော့ Hip hop လေးနဲ့...
တခါတခါကျတော့လဲ ဘာစာသားမှမပါပဲတီးလုံးသက်သက် EDM Dj songs တွေကိုနားထောင်ဖြစ်တယ်...ထားပါ အဓိကကဒီအကြောင်းအရာမှမဟုတ်တာ...
သီချင်းတွေနဲ့သူတို့ကဘယ်လောက်ထိသက်ရောက်တယ်ဆိုတာပြောချင်တာ...
ကျွန်တော်တို့တွေဘဝကြီးကိုဖြတ်သန်းလျှောက်နေရတဲ့အခါ ခံစားမှုပေါင်းများစွာကြုံတွေရကြတယ်...ပျော်ရွှင်စရာရှိမယ် ဝမ်းနည်းစရာရှိမယ် အမျိုးမျိုးပေါ့...
တခါတခါကျ ခင်ဗျားတို့ခံစားဖူးလားမသိဘူး သွားရင်းလာရင်း ပတ်ဝန်းကျင်မှာဖွင့်ထားတဲ့သီချင်းနဲ့စီးမြောမိမှန်းမသိစီးမြောကြတာ...ကျနော်ကတော့ခဏခဏခံစားဖူးတယ်...ကိုယ်ဘာခံစားလို့ခံစားနေရမှန်းသတိမထားလိုက်ချိန်မှာ ကိုယ့်မသိစိတ်ကအလိုလိုစီးမြောမိတာ...သတိမထားမိရင် အခုစာကိုဖတ်ပြီးချိန်သတိထားကြည့် တကယ်ကြုံဖူးကြမှာပြောရဲတယ်...