အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့ သိက္ခာ

in #esteem8 years ago (edited)

ဒီမနက် အပြင်မသွားခင်

ကျွန်မ အလှပြင်တော့

“အပျိုလည်း မဟုတ်တော့ဘဲနဲ့” လို့

ကျွန်မ အမျိုးသားက စောင့်ရတာ

စိတ်မရှည်တဲ့ လေသံနဲ့ ပြောပါတယ်။



အဲဒါနဲ့ သူ့ကို ကျွန်မရဲ့ ငယ်ဆရာ

ပြောဖူးတဲ့ အကြောင်းလေးကို

ပြန်ပြောပြမိတယ်။

image
ဇနီးသည် လာလည်ပါသတဲ့။

အဲဒီမှာ ဆရာ့တပည့်က

သားနားပြီး သူ့ ဇနီးပုံစံက

နွမ်းလျလို့တဲ့ . .



ရုပ်ရည်တင်မက

အ၀တ်အစားကလည်း နွမ်းဖတ်ဖတ်နဲ့ပေါ့ . .

ခင်ပွန်းဖြစ်သူကိုလည်း ရှိန်နေသလိုမျိုး . .



ဆရာက တခြားစကားတွေ

ပြောဆိုရင်းနဲ့ သူ့တပည့်ကို-
image
မင်းမိန်းမကို ဆင်ပေးလိုက်ဦး၊

ပျော်အောင် ထားရမယ်၊

အ၀တ်အစား သားနားဖို့ မလိုဘူး၊

သပ်ရပ်ဖို့ လိုတယ်။

ပျော်ရွှင်ဖို့ ငွေကြေးအများကြီး မလိုဘူး၊

သူ စိတ်ချမ်းသာအောင် ထားပေးဖို့

လိုတယ်၊မင်းမိန်းမရဲ့သန့်ရှင်းတင့်တယ်

ရွှင်လန်းမှုက မင်းရဲ့ ဂုဏ်သိက္ခာပဲ . .

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.063
BTC 69141.17
ETH 2135.86
USDT 1.00
SBD 0.47