📷

in #esteem8 years ago

ဗုဒ္ဓဘာသာဝင်များ အထူးသိကောင်းစရာ...

"ပဋ္ဌာန်းတရားတော်ကို ဆင်ခြင်ခိုက် ထူးခြားချက်များ"

အဘိဓမ္မာ ၇-ကျမ်းဝယ် ဓမ္မသင်္ဂဏီမှသည် အစဉ်အတိုင်း ယမိုက်ကျမ်းအထိ သုံးသပ်ဆင်ခြင်ရာ ခြောက်ဖြာသော ရောင်ခြည်တော်တို့ ထွက်ပေါ်ကွန့်မြူးခြင်း မရှိသေး၊ ၇-ကျမ်းမြောက်ဖြစ်သော ပဋ္ဌာန်းကျမ်းကြီးဖြစ်လာမည့် ရုပ်နာမ်တရားများ၏ အကြောင်းအကျိုးသတ္တိနှင့်တကွ ဆက်စပ်ဖြစ်ပျက်မှုကို သဗ္ဗညုတဉာဏ်တော်ဖြင့် သုံးသပ်စဉ် ဉာဏ်တော်နှင့် ဆင်ခြင်ရာတရားတော် လိုက်ဖက်ပြီး စိတ်(နာမ်တရား) အလွန်ပင် ရွှင်လန်းကြည်လင်၍ နာမ်တရားတို့မှီရာ နှလုံးသွေးအကြည်ရုပ်တရားများလည်း သန့်ရှင်းကြည်လင်လာပြီး ခန္ဓာကိုယ် နေရာဌာအသီးသီးမှ နီလ၊ ပီတ၊ လောဟိတ၊ သြဒါတ၊ မဉ္စိဋ္ဌ၊ ပဘဿရာ (ညို၊ ရွှေ၊ နီ၊ ဖြူ၊ အမောင်း၊ ပြိုးပြိုးပြက်) တည်းဟူသော ရောင်ခြည်တော် ၆-သွယ် ကွန့်မြူးထွက်ပေါ်လာ၍ လောကဓါတ်တစ်ခွင်လုံး လွှမ်းဖုံးသွားကာ တန်ခိုးကြီးနတ်ဗြဟ္မာများ ဘုရားဖြစ်မှန်းသိကြသည်။

ပဋ္ဌာန်းတရားတော်ကို ဆင်ခြင်သိမြင်နိုင်ခဲ့မှုကြောင့် ဘုရားရှင်၏စွမ်းရည်သတ္တိများ အစွမ်းကုန်ပေါ်လွင်စေနိုင်မှုကို အတုယူ၍ ကံ-ဉာဏ်-ဝီရိယများနှင့် ကောင်းမှုများ ကြိုးစားလုပ်ကြသော်လည်း စွမ်းရည်သတ္တိများမပေါ်လွင် မအောင်မြင်ချိန်များ၌ ပဋ္ဌာန်းတရားတော်ကို ရွတ်ဖတ်ပူဇော်သင့်ကြပါသည်။

ဓမ္မဗျူဟာသာသနာမာမကအဖွဲ့
------ image

@hlay

Coin Marketplace

STEEM 0.06
TRX 0.31
JST 0.063
BTC 68336.60
ETH 2045.00
USDT 1.00
SBD 0.49