Poem

in #esteem6 years ago

နှောင်းလူတို့နားလည်​လွယ်​​အောင်
ကျွန်​​တော်​ စကား​ပြေပြန်​​ပေးပါရ​စေ..
ဆရာကြီး😁😁..

ရွှေကျွန်း​တော​ပြောင်
မြက်​​ယောင်​​ယောင်​ကျန်​ နိုင်​ငံအတွက်
ဘာဆက်​လုပ်​မည်​နည်း...
ကျောက်​မျက်​​မြေသုဉ်း
ဗြုန်း ပင်​မကျန်​ နိုင်​ငံအတွက်
ဘာဆက်​လုပ်​မည်​နည်း...
လောင်​စာဓာတ်​​ငွေ့
ပြည့်​ပြင်​​ရောင်းချန်​ နိုင်​ငံအတွက်
ဘာဆက်​လုပ်​မည်​နည်း...
သားငါးပုဇွန်
ကောင်းမကျန်​သည့်​ နိုင်​ငံအတွက်
ဘာဆက်​လုပ်​မည်​နည်း...
ရွယ်​​ကောင်း​မောင်းသန်
လုပ်​သားကျွန်​ဖြစ်​ နိုင်​ငံအတွက်
ဘာဆက်​လုပ်​မည်​နည်း...
သြော်​...
နေရာလူမှန်
ကင်းမဲ့ပြန်​သည့် နိင်​ငံအတွက်
ရှေ့ဆက်​ဘာလုပ်​ ​သွေးပျက်​ဆုတ်​လာ
မလှုပ်​သာပြီ ​ရှေ့မှာ​ရောင်​ခြည်
ရွှေပြည်​မျှော်​​ငေး က​လေးလို။

နှောင်းလူတို့နားလည်​လွယ်​​အောင်
ကျွန်​​တော်​ စကား​ပြေပြန်​​ပေးပါရ​စေ..
ဆရာကြီး😁😁.
အဟန့်​....
...
လွယ်​လွယ်​ပဲပြန်​လိုက်​ပါမယ်​..
(​ရွှေ၊​ကြေးနီ နှင့်​သစ်​​တောများ​ပျောက်​ဆုံးပြီး
မြက်​သာ​ယောင်​​ယောင်​က​လေး ကျန်​​တော့တဲ့
မိမိနိုင်​ငံ​တော်​ကြီးအတွက်​သင်​ ဘာဆက်​လုပ်
မည်​နည်း။
ကျောက်​မျက်​ရတနာ​တွေထွက်​တဲ့​မြေလည်း
မရှိ​တော့်​၊​လောင်​စာဓာတ်​​ငွေ့​တွေ​ရောင်းစား
လို့လည်းမကျန်​​တော့၊နိုင်​ငံထွက်​ သားငါး
ပုဇွန်​​ကောင်းလည်းမရှိ​တော့၊အား​ကောင်း
မောင်းသံလှတဲ့ မြန်​မာပြည်​သား​တွေလည်း
သူများနိုင်​ငံမှာ ကျွန်​ဖြစ်​​နေရ
အစရှိသည်​တို့အတွက်​ မိမိနိုင်​ငံ​တော်​ကြီးအတွက်​သင်​ ဘာဆက်​လုပ်
မည်​နည်း။

သြော်​...
ရှေ့ဆက်​တဖြည်းဖြည်း ဆုတ်​ယုတ်​လာတဲ့
အမိမြန်​မာနိုင်​ငံ​တော်​ကြီးအတွက်
နေရာမှန်​ လူမှန်​​ရောက်​လာမည့်​​နေ့ကို
မျှော်​​နေမိတဲ့ ငါ့အဖြစ်​က
က​လေးတစ်​​ယောက်​လိုပါပဲလား..
ဟန်းးး.....(သက်​ပြင်းချသံ😁)

ဆရာ့ရဲ့ ဓားပဲ့ကြီး-Phရန်​ပြန်း(​ဒေါက်​တာ
ရမ်းပြန်​😁)

image
@hlay

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.028
BTC 57097.85
ETH 3049.62
USDT 1.00
SBD 2.30