အပြုံးလေးများနဲ့

in #esteem8 years ago

ပြုးံ ပြ နေတိုင်း စိတ်ကောင်းရှိ တယ်မထင်နဲ့....

လူတော် ဆိုတိုင်း လူကောင်းမထင်ပါနဲ့..
အပြင်သဏ္ဏန် ကြည့် ပြီး လူရိုး လို့ အထင်မစော မိပါနဲ့....
ပန်းတွေ မြင် တိုင်း ရနံ့ မပါတတ်သလို..
လူမြင်တိုင်း လူ ကောင်းလို့ မမြင် မိပါစေနဲ့..

ပြုံးပြတိုင်း စိတ်ကောင်းရှိတယ်မထင်လိုက်နဲ့
အတွင်းပုပ်နေတဲ့နှလုံးသားကို အပေါ်ယံ
အပြုံးနဲ့ တကာ ဆင်ထားသူတွေရှိတတ်တယ်...

ခြေနှစ်ချောင်း မြင်တိုင်း ကူညီ နိင်မယ်မထင်နဲ့ ကိုယ့် ပိုင်ဆိုင်ထားသမျှ သိမ်းပိုက် ခံလိုက် ရမယ်..
လူ့ပါးစပ်တစ်ပေါက်က ပိတ်ဖို့မလွယ်ဘူးလေ
ချီးမွမ်းတိုင်း မုဒိတာပွားတယ်မထင်နဲ့
ရင်ထဲကမပါတဲ့ စကားလုံးတွေနဲ့မြှောက်ပင့်ပေးလို့
အတွင်းကြိတ်ပြီးမနာလိုဖြစ်တတ်သူတွေရှိတယ်...

အပေါင်းအသင်းများတိုင်း မိတ်ဆွေစစ်လို့မထင်နဲ့
အဆင်ပြေစဉ် ကူချင်သူများပေမယ့် ဒုက္ခကြုံချိန်
ထူမမယ့်သူ ရှားသွားနိုင်တယ်...

လူကောင်းတစ်ယောက်ဖြစ်ရုံနဲ့ ရိုးသားတယ်လို့
စိတ်မချလိုက်ပါနဲ့...
စစ်မှန်တဲ့ရိုးသားမှုဆိုတာ
အခွင့်ကောင်းတွေကစမ်းသပ်လိုက်မှ
ပေါ်လာတတ်တယ်...

ပညာတတ်တိုင်း ပညာရှိတယ်မထင်လိုက်နဲ့
မှားမှန်ခွဲခြားဝေဖန်ပိုင်းဖြတ်နိုင်စွမ်း အားနည်း
လို့ ဘွဲ့ရပီး ပညာမတတ်သူတွေ ဖြစ်နေတတ်တယ်...
သတိထားပါ..

သစ်ပင်ကောက်တာမြင်ရပေမယ့်
လူကောက်တာကို မမြင်နိုင်ဘူး..
မြစ်ချောင်းတွေထက် လူတွေက
ပိုကွေ့ကောက်တတ်တယ်...

အပေါ်ယံချိုမြိန်မှုတွေက ကြာကြာဝါးမှ
ခါးမှန်းသိလာသလို လူတစ်ယောက်ရဲ့
စိတ်ဓာတ်အမှန်ကို ကြာကြာပေါင်းမှ
အကြောင်းသိနိုင်လိမ့်မယ်....
မယုံရင် ကြည့် ကြည့် အချိန်ကစကားလုးံပေါင်း သိန်းသောင်းမက ပြောသွား လိမ့်မယ်...
image

Coin Marketplace

STEEM 0.06
TRX 0.31
JST 0.063
BTC 69275.57
ETH 2114.50
USDT 1.00
SBD 0.46