တစ်ရက်တည်းပါ

in #esteem6 years ago (edited)

image

ငယ်ငယ်ကနားထောင်ဖူးတဲ့ ဆောင်ဦးလှိုင်သီချင်းလေး.

လူဆိုတာ မွေးဖွားလာကတည်းက အူဝဲဆိုပြီး ငိုပြီးလူ့လောကရောက်လာကြတယ် (မငိုတဲ့ကလေးလည်းရှိချင်ရှိမှာပေါ့) ...
သေချာတာကတော့ ကလေးကြီးလာတဲ့အခါ ငိုတာပါဘဲ.
image
ကလေးဘဝမှာ လိုချင်တာမရလို့ငိုတယ် ...
စားချင်တာမစားရလို့ငိုတယ် ...
ကျောင်းမသွားချင်လို့ငိုတယ် စသည်ဖြင့် ...
ကလေးဘဝမှာ နှလုံးသားထဲကထိခိုက်နာကျင်စွာစူးစူးနင့်နင့်ငိုဖူးတယ်ဆိုတာ များသောအားဖြင့်မရှိဘူးပေါ့.
ဒါပေမယ့် ... တစ်ချို့ကတော့ ဘဝပေးအကြောင်းတရားအရ သိပ်ငယ်သေးတဲ့ ကလေးဘဝအရွယ်မှာတင် နှလုံးသည်းခြေပြတ်မတတ် ထိခိုက်နာကျင်ခံစားငိုရသူတွေလည်းရှိတယ်.

အသက်ကလေးရလာတော့ ...
စာမေးပွဲမှာ လိုချင်တဲ့အမှတ်မရလို့ငိုကြတယ် ...
သူငယ်ချင်းနဲ့ရန်ဖြစ်လို့ငိုကြတယ် ...
ရည်းစားနဲ့ပြတ်သွားလို့ငိုကြတယ် ...
ရည်းစား ယောင်္ကျားယူ သို့မဟုတ် မိန်းမယူသွားလို့ငိုကြတယ် ...
အိမ်ထောင်ကျရင် အိမ်ထောင်ရေး အဆင်မပြေလို့ငိုကြတယ် ...
အိမ်ထောင်ဖက်နောက်မီး လင်းလို့ငိုကြတယ် ...
သားသမီး ဆွေမျိုး ပတ်ဝန်းကျင်ကြောင့်ငိုကြတယ် ...
အလုပ်မှာ သူဋ္ဌေးကဆူလို့ အထက်အရာရှိကဆူလို့ငိုကြတယ် ...
စီးပွားရေး အဆင်မပြေလို့ငိုကြတယ် ...
ချစ်တဲ့သူတွေနဲ့ ရှင်ကွဲ သေကွဲ ကွဲလို့ငိုကြတယ် စသည်ဖြင့်အကြောင်းအရာပေါင်းစုံနဲ့ငိုကြတယ်.

ရင်ဘတ်စည်းတီးငိုသလား ?
အကျယ်ကြီးအော်ငိုသလား ?
အသက်မထွက်ဘဲ တိတ်တိတ်ငိုသလား ?
ရင်နာလွန်းလို့ ကိုယ့်ရင်ဘတ်ကိုယ်လက်နဲ့ဆွဲဆုပ်ငိုသလား ?
မျက်ရည်မထွက်ဘဲ အသက်ရှူကြပ် ရှိုက်သံဘဲထွက် ရင်ဘတ်ထဲကငိုသလား ?

ငိုချင်တဲ့အခါ ငိုပါ.
ဒါပေမယ့် ... တစ်ရက်ဘဲငိုပါ.
ငိုခြင်းဟာ ပြဿနာအတွက် အဖြေရတဲ့ solution မှမဟုတ်တာ.
စိတ်ခံစားမှုအရငိုပြီးရင် စိတ်အေးအေးထား ဦးနှောက်နဲ့သေချာစဉ်းစား အဖြစ်သင့်ဆုံးသော solution ကိုရှာ
ရင်ဆိုင်ဖြေရှင်းရတာ ဘဝမို့လား?

ကြားဖူးတာဘဲ ...
သိပ်လှပတဲ့အပြုံးဆိုတာ ခက်ခဲကြမ်းတမ်းနာကျင်စရာကောင်းတာတွေကျော်ဖြတ်ပြီးမှ မွေးဖွားလာတာတဲ့.

ဒါဆို ... ဘဝမှာ နာကျင်စရာတွေကြုံတွေ့တိုင်း ဒါကိုဖြတ်ကျော်ပြီးသွားရင် ငါ့အပြုံးတွေပိုလှလာမယ်လို့ စိတ်ဓါတ်အားမွေးလေ့ကျင့်တဲ့အခါ တကယ်ဘဲ တစ်နေ့မှာ ကိုယ့်အပြုံးတွေ ပိုလှလာတာတွေ့ရမှာပါ (ကျွန်မကိုယ်တွေ့).
တစ်ချို့ကလည်း မွေးရာပါ ကံကောင်းသူတွေမို့ နာကျင်စရာတွေ ဖြတ်ကျော်စရာမလိုဘဲ သိပ်ကိုလှပတဲ့ အပြုံးလေးတွေ ပိုင်ဆိုင်ခွင့်ရတယ်.

သေချာတာကတော့ ... နာကျင်မှုတွေအောင်မြင်စွာကျော်ဖြတ်ပြီး ရရှိလာတဲ့အပြုံးမှာ ...
ရဲရင့်မှုတွေ ...
ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ...
သတ္တိတွေ ...
လောကဓံ ၈ ပါး ခံနိုင်ရည်ရှိမှုတွေ ...
မကြောက်ရွံ့မှုတွေ ...
အဓိပ္ပါယ်တွေအများကြီးပါဝင်ပြည့်စုံတဲ့ အပြုံးဖြစ်မှာ
သေချာတယ်.

ဒီနေ့ နဲ့ နံနက်ဖြန်မတူတာမပြောနဲ့ဦး ...
ခုန ကနဲ့ယခု မတူတာမို့ ...
' ဘယ်အရာမှ မမြဲဘူး ' လို့ စိတ်နှလုံးသွင်းရင် နာကျင်စရာတွေအတွက် အရမ်းသောကမရောက်ရဘူးပေါ့ .

လှပပြည့်စုံအဓိပ္ပါယ်ရှိတဲ့ အပြုံးတွေ ပိုင်ဆိုင်ဖို့ နာကျင်စရာတွေကို ခွန်အားအပြည့်နဲ့ ကျော်ဖြတ်ကြရအောင်နော်.

ငိုချင်ရင် ငိုလိုက်ပါ. ဒါပေမယ့် တစ်ရက်ဘဲငိုပါ. နောက်နေ့နံနက်မှာ သိပ်လှတဲ့ အပြုံးတွေနဲ့ နိုးထပါ😊.

မယ်
၁၇ . ၁ . ၂၀၁၈

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 62548.40
ETH 3435.15
USDT 1.00
SBD 2.51