လက်သုံးတော်

in #esteem8 years ago (edited)

အသုံးတော် မခံလို

ဘဝက ဇာတ်ခုံတဲ့
ခိုင်းနှိုင်းခဲ့ကြ
တင်စားခဲ့ကြ
အရုဏ်ကျင်းတာနဲ့
ပြည့်ဖုံးကားချလိုက်ရမှာကျ
မေ့ပြန်ရော
လူ့သဘောက မဆန်းလား။

ဇာတ်စင်အလယ်မှာ
သေတ္တာတစ်လုံးကို ချထားမယ်
ရှင်ဘုရင်ထိုင်ရင် ရာဇပလ္လင်
ရသေ့ထိုင်ရင် ကျောင်းသင်္ခဏ်း
သုဘရာဇာထိုင်တော့
အုတ်ဂူပေါ့
ဇာတ်သေတ္တာထဲမှာ
ဝတ်ပြီးသား လောကဓံတွေပါတယ်
ခေါက်ရိုး ကျိုးလိုကျိုး ကြေလိုကြေ။

ပရိသတ်အာရုံကို ဖမ်းစားဖို့
မီးဆလိုက်ကိုပဲ အားကိုးတဲ့ ကံဇာတ်ဆရာရေ
မင်းသမီး မလုပ်ရလည်း နေပါတော့
ကျွန်မက
မိတ်ကပ်အားကိုးနဲ့ လှရမှာ ပျင်းလို့ပါ။

နှစ်ပါးသွား ကပြီးခါမှ
ဝန်ကြီးနှစ်ပါးက ထွက်ယုတ်မာပြရမှာကို
ပြဇာတ်ကတည်းက
ထိုင်စောင့်နေကြ
''မမှန်လှပါ ဘိုးဘိုးတို့ရယ်''။

ပြည့်ဖုံးကားချတိုင်း မိုးမလင်းပေမယ့်
မိုးလင်းတိုင်းတော့ ပြည့်ဖုံးကားချရမှာပဲ
ကံဇာတ်ဆရာရေ
ကျွန်မ နှလုံးသားထောင့်မှာ
ရောင်နီ ပျို့လို့လာပြီလေ။ ။

Coin Marketplace

STEEM 0.06
TRX 0.31
JST 0.058
BTC 69269.44
ETH 2069.42
USDT 1.00
SBD 0.50