ဆုံချင်သေးတယ်

in #esteem8 years ago

image

သိမ်းထားမိတုန်းပဲ
ပက်သက်သမျှ အရာရာတိုင်းကို

မေ့ထားပေမယ့်သတိရနေတုန်းပဲ
အကြင်နာလွှမ်းတဲ့မေတ္တာပန်းစကား
တချိန်က နားဝယ်ချိုမြိန်ခဲ့ပုံတွေကို

တွေးမိနေတုန်းပဲ
သူရောကိုယ့်လို တိုက်ဆိုင်တဲ့အခါသတိများရနေမလား
ရေစက်လေ လား
ဝဋ်ကြွေးလေ လား
ဆုံဆည်းခြင်းက
အဆုံးသတ်မှာ
ရင်နာခြင်းတွေ ဆင်မြန်းလို့သာ

အိပ်မပျော်တဲ့ညပေါင်းများစွာ
သူ့အရိပ်လေးက စိုးမိုးချင်တုန်း

ဆိုးလှတဲ့ကြမ္မာ
ပြင်းပြ တဲ့လောကဓံ
ဘယ်အငြိုးနဲ့များ
ငါတို့နှစ်ဦးကြား
အလွမ်းမိုးတွေစွေစေသလဲကွယ်

အကြောင်းကောင်းလို့ အကျိုးထင်ခဲ့ရင်
ဘဝတစ်ကွေ့ဝယ်
နင်နဲ့ငါ
ပြန်ဆုံချင်သေးတယ်

Sort:  

Upvoted ☝ Have a great day!

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.064
BTC 69629.07
ETH 2157.74
USDT 1.00
SBD 0.47