အားကိုးထိုက်သူ

in #esteem8 years ago

အရှေ့တိုင်းမှာ ... မိန်းကလေးဆိုတာ ...
အိမ်မှုကိစ္စဘဲလုပ်ရသတဲ့လား ?
ဟင့်အင်း ...
ခုခေတ်ကြီးက မိန်းမ ယောင်္ကျား ရင်ဘောင်တန်းတဲ့ခေတ်လေ ...
မိန်းကလေးဆိုတာ သေစာရှင်စာတတ် ... အချိန်တန်ယောင်္ကျားယူ ကလေးမွေး အိမ်မှုကိစ္စလုပ် ယောင်္ကျားလုပ်စာစား အိမ်ထောင်မှု ထိန်းသိမ်းရတာမျိုးမှ မဟုတ်တော့တာ.

ပညာတွေသင်ကြတယ် ... အလုပ်တွေလုပ်ကြတယ် ...
မိန်းမ ယောင်္ကျား အတူတူဘဲလိုခေတ်မလား .
အပြင်ထွက် ဝင်ငွေရှာ အိမ်ထောင်မှုထိန်းသိမ်း သားသမီးလည်းကြည့်ရှုစောင့်ရှောက် အဖက်ဖက်ကပြည့်စုံတဲ့ အိမ်ထောင်ရှင်အမျိုးသမီးတွေ အများကြီးမှ အများကြီး.

ဒီလိုမဟုတ် အကြောင်းကြောင်းကြောင့် သူများလုပ်စာစား ရတဲ့ဘဝ သူများမျက်နှာတော့ကြည့်ရတာဘဲ ...
ကိုယ်ပိုင်ဝင်ငွေမရှိလို့ ကိုယ့်ကိုယ်ကိုယုံကြည်မှု အနည်းလေးတော့ လျော့တာဘဲ ...
အစကအကောင်း တစ်ချိန် တစ်ဖက်သူကဖောက်ရင် (လူ့စိတ်ဆိုတာ ဖောက်ပြားတတ်တယ်လေ) ...
လူ့သဘာဝမာနလေးရှိတော့ မခံနိုင်ပေမယ့် ... ညည်းခံရတာဘဲ ...
ကိုယ့်ဘာသာမရပ်တည်နိုင်မှုရယ် ... သားသမီးတွေရှိရင် ငဲ့ညှာထောက်ထားစရာတွေရယ် ...
ဆိုတော့ကာ ... ဝင်ငွေရှာနိုင်သူ ပြုသမျှ နုရတာတွေလည်း မြင်ဖူး ကြားဖူး ဒီကမ္ဘာလောကကြီးမှာဖြစ်ပျက်သမျှလေ.

လူ့ဘဝ အငှားခန္ဓာတစ်ခဏဆိုပေမယ့် ...
စား ဝတ် နေ ရေး အတွက် ' ငွေ ' ဆိုတာလိုတာဘဲ ...
ကိုယ်ငွေမရှာနိုင် ငွေရှာနိုင်သူမျက်နှာကြည့်ရတယ်ဆို ...
သူများစိတ်နဲ့ ကိုယ့်ကိုယ်လေ ...

အကြွင်းမဲ့ ယုံကြည်ချင်ယုံကြည်ပါ ...
ကိုယ်သိပ်ချစ်တဲ့သူကို ...
ဒါပေမယ့် ...
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး သူ့ကို ယုံကြည်ပါ.
' မှီ ' စရာဆိုတာ မမြဲတဲ့အရာပါ ( အားလုံးကိုမဆိုလိုပါ. သက်ဆုံးတိုင်မြဲနေတာတွေလည်းရှိပါတယ်. ).
လူတစ်ယောက်နဲ့တစ်ယောက် ဘဝကံအကျိုးပေးမတူလို့ ... ကိုယ်မှီစရာက တစ်ချိန်မရှိနိုင်တော့တဲ့အခါ ... မရှိချင်တော့တဲ့အခါ ကိုယ်လဲပြိုရတယ်ဆို ကြေကွဲစရာကောင်းတာပေါ့.

ချစ်ပါ ... သိပ်ချစ်လို့ရပါတယ် ...
ကိုယ်ချစ်ချင်တဲ့သူကို ...
ဒါပေမယ့် ...
ကိုယ့်ခြေထောက်ပေါ်ရပ်တည်ပြီး သူ့ကိုသိပ်ချစ်ပါ.
' အချစ် ' ဆိုတာ မြဲတာလည်းရှိ မမြဲတာလည်းရှိ ...
မမြဲချင်လို့ တစ်ဖက်သူက အကြောင်းပြချက်မျိုးစုံပေးပေး ...
ဖောက်ပြန်ချင်ဘဲဖောက်ပြန်ပြန် ...
ကိုယ်ခံစားရမှာက ' နှလုံးသား ခံစားချက် ' ကလွဲလို့ ' ဘဝ ' ပါမသွားပါဘူး ...
သူမရှိရင် ငါ့ ဘယ်သူစောင့်ရှောက်မလဲ လုပ်ကျွေးမလဲဆိုတဲ့ သောကမပါပါဘူး.

' အားကိုး ' မိတယ်ဆိုတာ ' ကိုယ့်ဘာသာရပ်တည် ' ရတာထက် လွယ်ပါတယ်.
ဒါပေမယ့် ...
လွယ်တဲ့အရာတိုင်း မြဲနေရင်အကြောင်းမဟုတ်ပေမယ့် ...
မမြဲတဲ့အခါတွေမှာ ' အားကိုးမဲ့ ' ရင် စိတ်ထောင်းလို့ကိုယ်မကြေအောင် ...
ကိုယ်ထူကိုယ်ထ ကိုယ့်ဘဝကို ကိုယ့်ဘာသာရပ်တည် ကိုယ့်ကိုယ်ကိုမှီ သူတစ်ပါးကို ' အမှီ ' ကင်းလွတ်တဲ့အခါ ...
ကိုယ့်ကိုယ်ကို ယုံကြည်မှု ...
ကိုယ့်အားကိုယ်ကိုးတတ်မှု ...
သတ္တိရှိရဲဝင့်မှု ...
မမြဲခြင်းတွေခံနိုင်ရည်ရှိမှုတွေအပြင် ...
စိတ်ပူပန်မှုတစ်ချို့လည်း လျော့ရတာပေါ့ ...

ရှက်စရာဆိုတာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည် ...
ကိုယ့်ဝမ်းစာကိုယ်ရှာဖွေနိုင်တာလေးနဲ့ ရှာဖွေစားနေတာမဟုတ်ပါဘူး.
ပညာတတ်ခြင်း မတတ်ခြင်းထက် ...
အလုပ်လုပ်ချင်စိတ်ရှိတယ်ဆို ...
အလုပ်ဟူသမျှ ဂုဏ်ရှိစွပါဘဲ ...
သမာအာစီဝ အသက်မွေးဝမ်းကြောင်းမှန်သမျှ ချစ်စရာကောင်းတာချည်းဘဲ.

ကိုယ့်ဝင်ငွေလေးနဲ့ ...
လှူချင်တာလှူမယ် ...
မိဘကန်တော့မယ် ...
ဝယ်သင့်တာလေးတွေဝယ်မယ် ...
စားချင်တာစားမယ် ...
ခရီးလေးသွားမယ် ...

တစ်ခုလိုချင်ရင် မပေးဆပ်ဘဲရတယ်ဆိုတာ သိပ်ကံကောင်းလွန်းသူတွေပါ ...
ကိုယ်ပိုင်ဝင်ငွေလေးနဲ့ ကိုယ့်ခြေထောက်ပေါ်ရပ်တည်ချင်ရင် စိတ်ပင်ပမ်းမှု လူပင်ပမ်းမှုရှိတာဘဲ ...
ဒါပေမယ့် ...
နေ့စဉ် နံနက်အိပ်ယာထတိုင်း ...
ကိုယ့်ဘာသာရပ်တည်မှုအတွက်
ကိုယ့်အားကိုယ်ကိုးနေရမှုအတွက် အားအင်တွေနဲ့နိုးထပြီး ...
ညအိပ်ယာဝင်တိုင်း
ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေနဲ့ အိပ်စက်ရပါတယ်

Sort:  

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://steemit.com/queen/@kyawkta004/minkelsaota-7fb3aa8f165a4

Coin Marketplace

STEEM 0.06
TRX 0.30
JST 0.053
BTC 71613.41
ETH 2096.67
USDT 1.00
SBD 0.48