Double strong

in #esteem6 years ago

⁉️❗️⁉️ ပြောင်းလဲမှာတဲ့လား ဘယ်လောက်ထိလဲ ဘယ်ချိန်ထိလဲ? ⁉️❗️⁉️

အကျင့်ဆိုတာဖျောက်ရင် ရပေမယ့်
ဗီဇဆိုတာ ဖျောက်မရဘူး တဲ့.
ကြားသိမှတ်ဖူးတာလေး.

ပြုပြင်ပြောင်းလဲလို့ရတာတွေရှိတယ် ...
ပြုပြင်မပြောင်းလဲလို့ရတာတွေရှိတယ် ...
ပြုပြင်ပြောင်းလဲပေးမယ့်သူက ...
မေတ္တာကရုဏာ အကြင်နာ စိတ်ရှည် ညည်းခံ ခွင့်လွှတ်မှုတွေရှိရမှာလို ...
ပြုပြင်ပြောင်းလဲခံမယ့်သူကလည်း ပြုပြင်ပြောင်းလဲလိုစိတ်ကြီးမား ကြံ့ခိုင်ဖို့လည်းလိုတာပေါ့ ...
ပြုပြင်ပြောင်းလဲပေးသူကပြောင်းလဲပေးပေမယ့် ...
ပြောင်းလဲခံမယ့်သူက ပြောင်းလဲလိုစိတ် မပြင်းပြရင်လည်း အလကားဘဲ ...
ဘယ်လိုဘဲဖြစ်ဖြစ် ကာယကံရှင်က အဓ်ိကမလား ?

ကိုယ့်အတွက် သူပြုပြင်ပြောင်းလဲမှာတဲ့လား ?
ဘယ်လောက်ထိလဲ ...
ဘယ်ချိန်ထိလဲ ...
တကယ်ဘဲ အရင်ပုံစံ ပြန်မဖြစ် လုံးဝပြောင်းလဲနိုင်သတဲ့လား ...

' အချိန် ' ဟာ အကောင်းဆုံး အမှန်တရားပြောနိုင်တယ်ဆိုပေသိ ...
အချိန်ပေါ်လိုက် အမျိုးမျိုးပြောင်းလဲတတ်ကြ ...
သေချာပြန်ဆန်းစစ်တော့ ...
' စိတ် ' ဟာ အဓိကမလား ...

သူ့ ' စိတ် ' ဆိုတာ ကိုယ်ဘယ်လောက်ထိ ယုံကြည်အားကိုးလို့ရတဲ့အရာလဲ ?
ကိုယ့်အတွက် သူပြုပြင်ပြောင်းလဲပေးတယ်ဆို ...
သူ့အတ္တထက် ကိုယ့်ကို ပိုချစ်လို့ပေါ့ ...
သူပြောင်းလဲမှုတွေ တန်ဖိုးထား ကိုယ်ကြည်နူးချမ်းမြေ့ရမှာမလား ...

ဒါပေမယ့် ...
ယုံကြည်ပါ အတိုင်းအတာတစ်ခုထိ ...
ယုံကြည်ချက်ထားပြီး တစ်သက်လုံး ကိုယ်ဖြစ်ချင်သလို သူနေမယ်လို့ မျှော်လင့်ချက်လေးတွေ မထားသင့်ဘူးပေါ့နော် ...
မျှော်လင့်ချက် ကြေမွသွားမှုနောက်ဆက်တွဲက ...
ပေါက်ကွဲမှု ပြင်းထန်တတ်တယ်မလား ...

' စိတ် ' တွေဟာ ပြောင်းလဲတတ် သူ့စိတ် ကိုယ့်စိတ်မလား ...
ပြောင်းလဲတတ်တဲ့သဘောတရားနှလုံးသွင်းရင်း ...
မျှော်လင့်ချက်တွေ များကြီးမထားရင်း ...
သူကိုယ့်အတွက် ပြောင်းလဲပေးနေတဲ့ အချိန်တွေကိုတန်ဖိုးထားရင်း ...
တကယ်လို့များ ...
သူစိတ်ပြောင်းလို့ အရင်ပုံ သို့မဟုတ် နောက်ပုံစံတစ်ခုပြောင်းသွားရင် ...
နားလည်ခွင့်လွှတ်မှု နဲ့ သူစိတ်ချမ်းသာရာ သူသွားပါစေ ...

ဘယ်လိုဖြစ်ဖြစ် ... ကိုယ့်အတွက်ဆိုပြီး သူ့အတ္တကိုသူမြေမြှုပ် ကိုယ့်အတွက် လူသစ်အဖြစ်မွေးဖွားပေးခဲ့တဲ့ အချိန်တစ်ခုရှိဖူးတယ်လေ.
တစ်ချိန် သူ ကိုယ်အနားမရှိတော့ရင်တောင် သူကောင်းတာလေးတွေတွေး ကမ်ဘကြီးရဲ့တစ်နေရာမှာ သူရှိချင်တဲ့သူတွေနဲ့အတူရှိပြီး သူပျော်ရွှင်ပါစေ ဆုတောင်းရင်း ...

သူလည်း အေးချမ်းပါစေ.
ကိုယ်လည်း အေးချမ်းပါစေ. image⁉️❗️⁉️ ေျပာင္းလဲမွာတဲ့လား ဘယ္ေလာက္ထိလဲ ဘယ္ခ်ိန္ထိလဲ? ⁉️❗️⁉️

အက်င့္ဆိုတာေဖ်ာက္ရင္ ရေပမယ့္
ဗီဇဆိုတာ ေဖ်ာက္မရဘူး တဲ့.
ၾကားသိမွတ္ဖူးတာေလး.

ျပဳျပင္ေျပာင္းလဲလို႔ရတာေတြရွိတယ္ ...
ျပဳျပင္မေျပာင္းလဲလို႔ရတာေတြရွိတယ္ ...
ျပဳျပင္ေျပာင္းလဲေပးမယ့္သူက ...
ေမတၱာက႐ုဏာ အၾကင္နာ စိတ္ရွည္ ညည္းခံ ခြင့္လႊတ္မႈေတြရွိရမွာလို ...
ျပဳျပင္ေျပာင္းလဲခံမယ့္သူကလည္း ျပဳျပင္ေျပာင္းလဲလိုစိတ္ႀကီးမား ၾကံ့ခိုင္ဖို႔လည္းလိုတာေပါ့ ...
ျပဳျပင္ေျပာင္းလဲေပးသူကေျပာင္းလဲေပးေပမယ့္ ...
ေျပာင္းလဲခံမယ့္သူက ေျပာင္းလဲလိုစိတ္ မျပင္းျပရင္လည္း အလကားဘဲ ...
ဘယ္လိုဘဲျဖစ္ျဖစ္ ကာယကံရွင္က အဓ္ိကမလား ?

ကိုယ့္အတြက္ သူျပဳျပင္ေျပာင္းလဲမွာတဲ့လား ?
ဘယ္ေလာက္ထိလဲ ...
ဘယ္ခ်ိန္ထိလဲ ...
တကယ္ဘဲ အရင္ပံုစံ ျပန္မျဖစ္ လံုးဝေျပာင္းလဲႏိုင္သတဲ့လား ...

' အခ်ိန္ ' ဟာ အေကာင္းဆံုး အမွန္တရားေျပာႏိုင္တယ္ဆိုေပသိ ...
အခ်ိန္ေပၚလိုက္ အမ်ိဳးမ်ိဳးေျပာင္းလဲတတ္ၾက ...
ေသခ်ာျပန္ဆန္းစစ္ေတာ့ ...
' စိတ္ ' ဟာ အဓိကမလား ...

သူ႔ ' စိတ္ ' ဆိုတာ ကိုယ္ဘယ္ေလာက္ထိ ယံုၾကည္အားကိုးလို႔ရတဲ့အရာလဲ ?
ကိုယ့္အတြက္ သူျပဳျပင္ေျပာင္းလဲေပးတယ္ဆို ...
သူ႔အတၱထက္ ကိုယ့္ကို ပိုခ်စ္လို႔ေပါ့ ...
သူေျပာင္းလဲမႈေတြ တန္ဖိုးထား ကိုယ္ၾကည္ႏူးခ်မ္းေျမ႕ရမွာမလား ...

ဒါေပမယ့္ ...
ယံုၾကည္ပါ အတိုင္းအတာတစ္ခုထိ ...
ယံုၾကည္ခ်က္ထားၿပီး တစ္သက္လံုး ကိုယ္ျဖစ္ခ်င္သလို သူေနမယ္လို႔ ေမွ်ာ္လင့္ခ်က္ေလးေတြ မထားသင့္ဘူးေပါ့ေနာ္ ...
ေမွ်ာ္လင့္ခ်က္ ေၾကမြသြားမႈေနာက္ဆက္တြဲက ...
ေပါက္ကြဲမႈ ျပင္းထန္တတ္တယ္မလား ...

' စိတ္ ' ေတြဟာ ေျပာင္းလဲတတ္ သူ႔စိတ္ ကိုယ့္စိတ္မလား ...
ေျပာင္းလဲတတ္တဲ့သေဘာတရားႏွလံုးသြင္းရင္း ...
ေမွ်ာ္လင့္ခ်က္ေတြ မ်ားႀကီးမထားရင္း ...
သူကိုယ့္အတြက္ ေျပာင္းလဲေပးေနတဲ့ အခ်ိန္ေတြကိုတန္ဖိုးထားရင္း ...
တကယ္လို႔မ်ား ...
သူစိတ္ေျပာင္းလို႔ အရင္ပံု သို႔မဟုတ္ ေနာက္ပံုစံတစ္ခုေျပာင္းသြားရင္ ...
နားလည္ခြင့္လႊတ္မႈ နဲ႔ သူစိတ္ခ်မ္းသာရာ သူသြားပါေစ ...

ဘယ္လိုျဖစ္ျဖစ္ ... ကိုယ့္အတြက္ဆိုၿပီး သူ႔အတၱကိုသူေျမျမႇဳပ္ ကိုယ့္အတြက္ လူသစ္အျဖစ္ေမြးဖြားေပးခဲ့တဲ့ အခ်ိန္တစ္ခုရွိဖူးတယ္ေလ.
တစ္ခ်ိန္ သူ ကိုယ္အနားမရွိေတာ့ရင္ေတာင္ သူေကာင္းတာေလးေတြေတြး ကမ႓ႀကီးရဲ႕တစ္ေနရာမွာ သူရွိခ်င္တဲ့သူေတြနဲ႔အတူရွိၿပီး သူေပ်ာ္ရႊင္ပါေစ ဆုေတာင္းရင္း ...

သူလည္း ေအးခ်မ္းပါေစ.
ကိုယ္လည္း ေအးခ်မ္းပါေစ.

#မယ္image

#မယ်

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 62548.40
ETH 3435.15
USDT 1.00
SBD 2.51