မြနိမာ ကျပ်ငွေ တန်ဖိုးနှင့် ဗဟိုဘဏ်
မြနိမာ ကျပ်ငွေ တန်ဖိုးနှင့် ဗဟိုဘဏ်
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★
ယခု ရက်ပိုင်း အတွင်း ကျွန်ုပ်ထံသို့ မြန်မာ ကျပ်ငွေ
တန်ဖိုးကျဆင်းနေရခြင်းနှင့် ပတ်သက်သည့် မေးခွန်း
များစွာကို Messenger ကနေ မေးကြသည့် ပုဂ္ဂိုလ်
များ အလွန် များလာသည်ကို သတိပြုမိပါသည်။
တချို့ကလည်း ဆက်၍ ကျနိုင်သေးလား?ပြည်တွင်း
ဘဏ်တွေ အခြေအနေကော ဘယ်လိုဖြစ်နိုင်လည့်း?
ဗဟိုဘဏ် ကရော ဘာမှ မလုပ်ဘဲ ထိုင်ကြည့်နေတာ
လား?စသဖြင့် မေးလာကြသည်။ လွန်ခဲ့ပြီးသော လ
အတန်ကြာတုန်းက "ပြည်ထောင်စု မြန်မာနိုင်ငံတော်
ဗဟိုဘဏ် ကို ဝေဖန်ခြင်း"ဟူသောပိုစ့် တစ်ခု ရေး
တင်ခဲ့ဖူးသည်။၎င်း ပိုစ့် အပြီး၌ တချို့က ဒေါ်လာ-
ကျပ်ဈေးနှူန်းသည် ၁၄၀၀အထိ ရောက်နိုင်လား
ဟူသော မေးခွန်းအပေါ် ဗဟိုဘဏ်ကသာ ဒီအတိုင်း
လွှတ်ထားရင်တော့ ရောက် ရှိနိုင်ပါကြောင်း ဖြေ
ကြားဖူး ပါသည်။တချို့ လည်း ပြက်ရယ်ပြု ပြီး
၁၄၀၀တန်းကိုတော့ မရောက်နိုင်ကြောင်းနှင့်
ပြည်တွင်း စီးပွားရေး ပညာရှင်များ က ဘယ်လို
မြင်ထားကြတာ....ဘာညာ....စသဖြင့် မေးသလို
လို၊ခနဲ့ သလိုလို နှင့် ပြောပြီးလစ်သွားကြသည်။
ကဲ အခုတော့ .....ဘာပြောမလည်း.....
ပြည်ထောင်စု မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို ၁၉၄၈ခုနှစ်
ဖေဖော်ဝါရီလ ၃ရက်နေ့မှာ ၁၉၄၇ ဗဟိုဘဏ် အက်ဥ
ပဒေ အရ တည်ထောင်ခဲ့သညိ။ သို့သော် တည်ထောင်
ခါ စ တုန်းက ဗဟိုဘဏ် ၏ လုပ်ငန်း စဉ်များကို အပြည့်
အဝ လုပ်ဆောင် နိုင်ခွင့်မရရှိခဲ့ဘဲ မြန်မာနိုင်ငံ ငွေကြေး
အုပ်ချုပ် မှူ့ အဖွဲ့ ကသာ ဗဟိုဘဏ်ထက် လုပ်ပိုင်ခွင့်
အာဏာ ပိုရှိခဲ့သည်။ ၁၉၅၂ ခုနှစ်၊ဇူလှိုင် လကျမှ
၎င်းအဖွဲ့ ကို ဖျက်သိမ်းခဲ့ပြီး၊ဗဟိုဘဏ်က ငွေကြေးစက္ကူ
ထုတ်ဝေခွင့် အာဏာ အပါအ၀င် ဗဟိုဘဏ် ၏လုပ်
ငန်းစဉ် အားလုံးကို စီမံလုပ်ဆောင်ခွင့် ရရှိခဲ့သည်။
ပြည်ထောင်စုမြန်မာ နိုင်ငံတော် ဗဟိုဘဏ် ၏ ဖြစ်
တည်မှူ့ သမိုင်းတလျှောက် ၌ ငွေကြေးပေါ်လစီ
အပြောင်းအလဲ၊ဖွဲ့စည်း တည်ဆောက်ပုံ၊ စီမံလုပ်
ဆောင်ပုံ အမျိုးမျိုး အပြောင်းအလဲများစွာ ရှိခဲ့သည်။
သို့သော် မျက်မှောက်ခေတ် ဗဟိုဘဏ် ၏ လုပ်ငန်း
စဉ် ဆောင်ရွက်မှူ့ သည် အဆိုးဆုံး မဟုတ်ရင်တောင်
ကောင်းသည့် စာရင့်းဝင်တော့ မဟုတ်နိုင်ပေ။
ဗဟိုဘဏ် သည် နိုင်ငံတခု၏ ဘဏ်လုပ်ငန်းဆိုင်ရာ
အာဏာ ပါဝါ အရှိဆုံး ငွေကြေး အဖွဲ့ စည်းတရပ်
ပင် ဖြစ်သည်။အလုပ်အကိုင် အပြည့်အ၀ ရရှိရေး
ငွေကြေးဖောင်းပွမှူ့ ကို သင့်တင့်မျှတအောင် ထိန်း
ကျောင်းခြင်းနှင့် နိုင်ငံ့စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှူ့ ရှိစေရန်
တာဝန်ယူ ဆောင်ရွက် ရသည့် အပြင် ဘဏ်များ၏
"နောက်ဆုံး အားထားရာ ချေးငှါးသူ"အဖြစ်လည်း
တာဝန်ယူရပါသည်။
၁၉၅၂ခုနှစ် ဇူလှိုင်လတွင် ပြဋ္ဌာန်းခဲ့သော ဗဟိုဘဏ် အက် ဥပဒေ အရ အိန္ဒိယ ၁ရူပီး =၁ကျပ်၊ဗြိတိန်စတာ
လင် ပေါင် ၁ပေါင်=၁၃.၃၃ကျပ်နှင့်ညီမျှသည်ဟု
သတ်မှတ်ခဲ့သည်။IMFသို့ ၀င်ပြီးနောက်၁၉၅၃ခုနှစ်
သြဂုတ် လ၇ ရက်နေ့မှာ အမေရိကန် ၁ဒေါ်လာ=၄.၇၆
ကျပ် သာရှိခဲ့သည်။ အခုတော့ အမေရိကန် ၁ဒေါ်လာ=
၁၄၀၀ကျပ် ရှိနေပြီ။ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းရခြင်း
၌ ဗဟိုဘဏ် အရာရှိများ၏ ရှင့်းလင်းချက်၊ သတင်း
ထုတ်ပြန်ချက် မျိုးဟူ၍တော့ မကြားမိပါ။ တစ်ချို့က
လည်းအိမိနီးချင်းတရုတ် အပါအ၀င် ကုန်သွယ်ဖက်
နိုင်ငံများတို့၏ ငွေကြေးတန်ဖိုးများ ကျဆင်းနေခြင်း
သည် မြန်မာ ထက်တောင် ဆိုးလှကြောင်း ထေကာ
ပြောကြသည်။ တရုတ် ယွမ်ငွေတန်ဖိုးသည်ကတော့
ကျဆင်းတာ အမှန်။ အမေရိကန် Fedဗဟိုဘဏ်
၏ ဒီနှစ်ထဲ အတိုးနှူန်း ၂ကြိမ်တိုးပြီးနောက် လာ
မည့် အစည်း အဝေးများ၌လည်း အနည်းဆုံး နောက်ထပ်
တကြိမ် ထက်မနည်း ဒီနှစ်ထဲတိုးရန်နှင့် ၂၀၁၉ခုနှစိထဲ
၌ အတိုးနှူန်း ၃ကြိမ် တိုးရန် လျာထားခြင်းကြောင့်
ဒေါ်လာ တန်ဖိုး အတက် အနည်းငယ်သာ ပြနေပြီး
ကမ္ဘာ့ ရွှေဈေး ထိုးကျ နေခြင်းတို့က ဒေါ်လာ နှင့်
ယှဉ်တွဲဖက် နိုင်ငံများ၏ ငွေကြေးတန်ဖိုးများ ကျဆင်း
ရသည်ဆိုတာတော့ လက်ခံပါသည်။
သို့သော် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းရခြင်း၌ ရောင်းလိုအားနှင့် ၀ယ်လိုအား အတိုင်းသာ စောင့်ကြည့်သင့်
ပြီး ဗဟိုဘဏ် မှဝင်ရောက် ထိန်းကျောင်းလို့ မရနိုင်ပါ
ဆိုသည်ကတော့ လုံးဝ လက်မခံနိုင်ပါ။တရုတ်က ယွမ်
ငွေတန်ဖိုးကို တမင်ချ၍ရသည်ကိုကြည့်ပါ။ကမ္ဘာပေါ်၌ ပို့ကုန်နံပါတ်၁နိုင်ငံဖြစ်နေသောကြောင့်`ယွမ်´ကျလေ
လေပိုပြီးအကျိုးရှိလေလေ ဖြစ်ပြီး ပြည်ပနိုင်ငံများ၌လည်း
တရုတ်ထုတ်ကုန်များသည် တခြားသောနိုင်ငံများ၏
ထုတ်ကုန်များနှင့် ယှဉ်ပြိုင် အသာစီးရနေမည် ဖြစ်
သောကြောင့် တမင်ချခြင်းသည် အကျိုးပိုပြီးရှိနိုငိပါသည်။ ။
မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းနေခြင်းသည် ပို့ကုန်
လုပ်ငန်း များ၊ဒေါ်လာ ၀င်ငွေ ရှိသူများအတွက်တော့
အကျိုး ပိုပြီးရှိစေနိုင်ပေမယ့် မြန်မာ့ပို့ကုန်တန်ဖိုးနှင့်
သွင့်းကုန်တန်ဖိုးတို့ ခြားနားချက်၌ သွင်း
ကုန်တန်ဖိုး ပို ၍ များနိုင်သောကြောင့်
အကျိုးယုတ်မှူ့ပိုရှိနိုင်ပါသည်။ပို့ကုန်၊သွင်းကုန်
လိုငွေပြမှူ့ ကြီးလာခြင်း၊ဈေးကွက် ၌ ဒေါ်လာ
ကို ဈေးကစားခြင်း၊ ဒေါ်လာ လိုအပ်မှု့ ရှိကြ
သောလုပ်ငန်းများတို့မှ ဒေါ်လာ ကို အလုအယက်
ဝယ်ယူလာခြင်းနှင့် အဓိက အကျဆုံးသော အချက်
ကတော့ ဝန်ကြီးဋ္ဌာနများ အနေဖြင့် နိုင်ငံခြား
ငွေကို ကိုယ်တိုင် ရှာ ပြီးသုံးစွဲကြရန်ဆိုသည့်
အချက် ပင်ဖြစ်သည်။
ကျပ်ငွေ တန်ဖိုးကျဆင်းခဲ့ပါက ဒေါ်လာစားတွေနှင့်ဒေါ်လာဝင်ငွေ ရရှိကြသူများ အတွက်တော့ အကြိုက်
ပင်ဖြစ်သည်။သို့သော် ကျပ်ငွေ၏ ကုန်စည်များအပေါ်
ဝယ်နိုင်စွမ်းအား(Purchasing Power)လျော့ကြ
လာမည်ဖြစ်ပြီး၊သွင်းကုန်ပစ္စည်းတွေ ဈေးကြီးလာပြီး
အဝယ် လျော့ခြင်းမှ အဝယ် ရပ်သွားနိုင်သည့် အ
ခြေအနေသည် ထုတ်လုပ်မှူ့ လုပ်ငန်းများနှင့်ဒေါ်
လာဝင်ငွေ ရှိကြသည့် လုပ်ငန်းများအပေါ်၌လည်း
"မီးခိုးကြွက်လျှောက်"ကွင်းဆက် လိုက်နိုင်ပါသည်။
မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းသည့်အခါ (သို့)ဒေါ်လာ
တန်ဖိုး မြင့်နေသည့်အခါ ၌ နိုင်ငံခြားမှ တင်သွင်းရ
သည့် မသုံးမဖြစ် ကုန်စည်များနှင့် ဆေးဝါး ကုန်စည်များ
စာရေးကိရိယာ၊အ၀တ်အထည် ဘိလပ်မြေ၊ ကွန်ပျူတာ
ဖုန်းနှင့် ဖုန်းပစ္စည်းများ၊ မော်တော်ကားနှင့်ဆိုင်ကယ်၊
လျှပ်စစ်နှင့် ဆက်စပ်ပစ္စည်းများ၊လုပ်ငန်းသုံးစက်ကြီး
များ၊ဟိုတယ်နှင့် ဆက်စပ်ပစ္စည်းများနှင့် စားသောက်ကုန်များ...စသဖြင့် သွင်းကုန် တန်ဖိုးများ ကြီးမားလာ
နိုင်ပြီး၊ ပို့ကုန်-သွင်းကုန် တန်ဖိုး ကွာဟ ချက်ပို၍ ကြီး
လာနိုင်ပါသည်။
ငွေကြေးပေါ်လစီ နှင့်ဘဏ္ဍာရေး ပေါ်လစီ တို့ တည်ငြိမ်
မှူ့ မရှိခြင်း၊စနစ်ကျမှူ့  မရှိခြင်း၊စီးပွားရေး ဆိုင်ရာ အင်
စတီကျူးရှင်း မခိုင်မာမှူ့ ၊စီးပွားရေး အဆောက်အအုံ
ပုံသဏ္ဍာန် မကျမှူ့ ၊ရခိုင် ပြဿနာကဲ့သို့သော နိုင်ငံ
ရေး ပရောဂနှင့် FDI ခြိမ်းခြောက် မှူ့  အခြေအနေ
အကြောင်းအရင်းတို့နှင့် မြန်မာလူမျိုးတို့၏ ကြောင်းကျိုးမဲ့ မျက်စိမှိတ် ယုံကြည်တတ်မှူ့ တို့ကြောင့်
ဒီအတိုင်းသာ ဗဟိုဘဏ်က လွှတ်ထားပါက မြန်မာ
ကျပ်ငွေတန်ဖိုး ဆက်၍ ကျဆင်းဖို့ရန် အလားအလာ
ရှိနေပါသည်။
ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းကြောင့် အရပ်ရပ်သော ကုန်
စည် ဈေးနှူနိးများ မြင့်တက်မှူ့ ကြာရှည် စွာ ကြာမြင့်ခဲ့ပါက
ုပြည်သူတို့၏ စားဝတ်နေရေးကြပ်တည်းမှူ့ အထိ ရှိလာ
နိုင်ပါသည်။ အရင် ပိုစ့် တခု၌ ရေးခဲ့သလို လက်ရှိ အ
နေအထား၌ အမေရိကန် Fed ဗဟိုဘဏ် သည်ပင်
ဒီနှစ်ထဲ အတိုးနှူန်း၂ကြိမ် တိုးပြီးသည်အထိ စီးပွား
ရေးနှင့် အလုပ်အကိုင် ရရှိမှူ့ နူနိးတို့ ရလာဒ်ကောင်း
ရှိနေသည့်  တိုင် Recession(ရီဆက်ရှင်း)အတွက်
အဆင်သင့် မဖြစ်သေးကြောင်းနှင့် ၂၀၂၀ခုနှစ်လောက်
မှသာ ရင်ဆိုရန် အသင့် ရှိနိုင်သည် ဟူသော အနေအ
ထား ဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံဗဟိုဘဏ် ကြီးကတော့
ရီဆက်ရှင်း အတွက် အဆင်သင့် ဖြစ်၊မဖြစ် မသိရှိနိုငိပါ။
ဗဟိုဘဏ် သတင်းအချက်အလက်၊ ပေါ်လစီရှင်းတမ်း
နှင့် စီးပွားရေး ဒေတာ များထုတ်ပြန်မှူ့ တို့သည်လည်း
ပွင့်လင်းမြင်သာမှူ့ မရှိပေ။ပါလီမန်ခေတ်တုန်းက
ဗဟိုဘဏ် ငွေကြေးဆိုင်ရာ ဒေတာ၊အချက်အလက်
နှင့် ကိန်းဂဏန်းပိုင်းဆိုင်ရာ အစီရင်ခံစာများကို
၃လ ၁ကြိမ် ထုတ်ပြန်ပေးခဲ့သည်။ ဗဟိုဘဏ် အက်
ဥပဒေ ပုဒ်မ ၃၉ အရ လည်းဗဟိုဘဏ်သည် ငွေကြေး
ပေါ်လစီ နှင့် ဈေးနှူန်းတည်ငြိမ်ရေးတို့နှင့် စပ်လျဉ်း သည့်
ဒေတာ ၊ အချက်အလက် ၊အစီအရင်ခံစာများကို တစ်နှစ်
လျှင် ၂ကြိမ် ပြည်ထောင်စု လွှတ်တော်၌ အစီရင်ခံရ
မည်ဟု ပြဋ္ဌာန်းထားသည်။
အမေရိကန် ၌ FOMC ဗဟိုဘဏ် အစည်းအဝေးကို
၁လခွဲ တစ်ကြိမ် လုပ်လေ့ရှိပြီး၊ တစ်နှစ်ကို ၈ကြိမ်
ငွေကြေးပေါ်လစီ နှင့် ပတ်သက်သည့် မူဝါဒချမှတ်
ရေး၊ အတိုးနှူနိး ပေါ်လစီ အပြောင်းအလဲ လုပ်ရေး
တို့ကို အစည်းအဝေးတိုင်း၌ ဗဟိုဘဏ် အရာရှိများ
က တွေ့ဆုံ ဆွေးနွေးကြပြီး၊ အတိုးနှူန်းတိုးသင့်၊
မသင့်နှင့် မူလ အတိုင်းထားရန် (သို့)လျှော့ချရန်
သင့်၊ မသင့် ဆုံးဖြတ် ချက်များကိုလည်း အစည်း
အဝေး၌ မဲခွဲ အတည်ပြု ဆုံးဖြတ်ကြသည်။
ဈေးကွက်နင့် စီးပွားရေး သုံးသပ်သူများတို့က
FOMC အစည်းအဝေး မှ အတိုးနူန်းနှင့်ငွေကြေး
ပေါ်လစီ အပေါ်"Hawkish"လား?"Dovish"
လား?ဆိုသည်ကို သုံးသပ် ၍ အဆိုးမြင်၊အကောင်း
မြင် အမျိုးမျိုး သတ်မှတ်ကြသည်။လက်ရှိအစည်းအဝေးပြီးသည့်နောက်တော့ "Hawkish"ဖြစ်သည်
ဟု ယူဆထားကြပြီး ဒေါ်လာ သည် အတက် နှင့်
ကမ္ဘာ့ ရွှေဈေးသည် အကျရှိနေခြင်းသည် အမေရိ
ကန် ဗဟိုဘဏ်၏ ပေါ်လစီ ကြောင့်ပင်ဖြစ်သည်။
ဒေါ်လာ တန်ဖိုးကို အသင့်အတင့် ရှိစေဖို့အတွက်
ဒေါ်လာ အပေါ် အကောင်းမြင်သူတွေ များလွန်း
နေသည့်အခါ၌ အမေရိကန် Fed ဗဟိုဘဏ် အ
ရာ ရှိများက အတက်ကို ထိန်းရန်အတွက်
အတိုးနှူန်း တိုးခြင်းအပေါ်၌ Dovishအသံပေး
ခြင်းဖြင့် ဈေးကွက်ကို ထိန်းကြသည်။ ဒေါ်လာ
တန်ဖိုး အလွန်အကျွံ ကျဖို့ရန် လမ်းကြောင်းရှိနေ
ခြင်းနှင့် ဈေးကွက်က ဒေါ်လာအပေါ် အဆိုးမြင်
လွန်းအားကြီးနေပါက Fed အရာရှိ များက
Hawkish အသံပေးခြင်းဖြင့် ဒေါ်လာတန်ဖိုး
ထိုး စိုက် မကျဆင်းစေရန် ထိန်းကျောင်းပေး
ကြသည်။
မြန်မာနိုင်ငံ ဗဟိုဘဏ် ကတော့ စီးပွားရေးဒေတာ
နင့် ကိနိးဂဏန်း ၊အချက်အလက်တို့ကို ပုံမှန်ထုတ်
ပြန်ခြင်း မရှိသည့်တိုင် ဗဟိုဘဏ် အရာရှိများတို့
၏ လစဉ် (သို့)၃လပတ် အစည်းအဝေး လုပ်ကြ
သည် ဟူသော သတင်း၊နင့် Hawkish ဆန်သော
မှတ်ချက်ပေးမှူ့ ၊ Dovish ဆန်သော မှတ်ချက်ပေး
မှူ့ တို့သည်လည်း မကြားဖူးပါ။ ၂၀၁၁ခုနှစ် နောက်ပိုင့်း
တုန်းက နိုင်ငံ တကာ ငွေကြေးနှင့် သတင်းဒေတာ
အချက်အလက် ပြုစုရေး အဖွဲ့စည်းကြီးက ဗဟိုဘဏ်
သတင်းအချက်အလက် ပွင့်လင်းမြင်သာမှူ့ ရှိစေရေး
နင့် စနစ်တကျ ရှိစေရေးတို့်အတွက် ဒေါ်လာ သန်းချီ
ထောက်ပံ့မှူ့ ပေးပြီးသုတေသနနှင့် ကွန်ပျူတာစနစ်
များအားလုံးခေတ်မီလာစေရန်နှင့် ငွေကြေးစီးဆင်းမှူ့ 
ိဆိုင်ရာ ကိစ္စရပ်အားလုံးတို့၌ ပွင့်လင်းမြင်သာမှူ့ 
ရှိစေရေးတို့အတွက် အကူညီ ပေးမည့် အစီအစဉ်
သည်လည်း ဘယ်လို ဘယ်ပုံ ရှိခဲ့သလည်းဆိုတာ
လည်း မသိရှိရပါ။
ဒီအတိုင်းဆိုပါက ဗဟိုဘဏ် သည် သေနေသော
ငွေကြေးအဖွဲ့ အစည်းလေး တစ်ခုအနေဖြင့်သာ
ရှိနေအုံးမည့် အနေအထားဖြစ်သည်။လက်ရှိ
ကျပ်ငွေတန်ဖိုး ကျဆင်းနေခြင်းသည် ၁၄၀၀
အထက်တောင် ရောက်ခဲ့ပြီးဖြစ်သည်။
အဲဒိ ကိစ္စ နှင့် စပ်လျဉ်း ပြီး ဗဟိုဘဏ် အစည်း
အဝေးပြုလုပ်ခြင်း၊ အများပြည်သူတို့၏ ကျပ်ငွေ
အပေါ် အယုံ အကြည်မဲ့မှူ့  မှ ကောလာဟလ
သတင်းများနှင့် မသမာ သူတို့၏ မမှန်မကန်
ဝါဒ ဖြန့်သတင်းများတို့၏ လုပ်ကြံသတင်းများ
ကို ချေပ ကာကွယ် မှူ့ ရှိစေရန် အတွက် Statement
ထုတ်ပြန်ခြင်း(သို့)ဗဟိုဘဏ် အရာရှိများ၏ မှတ်ချက်
ပေး ရှင်း လင်းချက် တခုခု အသိပေး ထုတ်ပြန်ခြင်း
လို ဟာမျိုး တို့ကို မဖြစ်မနေ လုပ်ဆောင်သင့်သည်
ဟု ထင်မြင်မိပါသည်။သို့မဟုတ်ပါက ၂၀၀၃ခုနှစ်
ငွေရေးကြေးရေး အကြပ်အတည်း မျိုး နောက်ထပ်
ဖြစ်ပေါ် လာနိုင်ဖို့ အလားအလာ သည် ရာခိုင်နှူနိး
တိုး၍တိုး၍ များလာ နိုင်ကြောင်း သုံးသပ်မိပါသည်။
Credit#Ko Nay Nay
Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.nhl.com/player/evgeny-kuznetsov-8475744
Congratulations @lagyi! You have completed the following achievement on Steemit and have been rewarded with new badge(s) :
You published your First Post
You got a First Vote
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOP
Do not miss the last post from @steemitboard:
SteemitBoard World Cup Contest - The results, the winners and the prizes
Congratulations @lagyi! You received a personal award!
You can view your badges on your Steem Board and compare to others on the Steem Ranking
Vote for @Steemitboard as a witness to get one more award and increased upvotes!