Fashion

in #esteem8 years ago (edited)

ပျိုမေတွေ လည်ပြန်ငေးမယ့် ကိုကိုတို့အတွက် ဖက်ရှင် စတိုင်လ်တွေ
image
အခုခေတ်မှာတော့ ပျိုမေတွေသာမကပါဘူးပုရိသတွေလည်း ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိဖို့နဲ့ ဆွဲဆောင်မှုရှိစေဖို့ အတွက်ဖက်ရှင်ကျကျဝတ်ဆင်တတ်ဖို့ကလည်းအရေးပါပါတယ်။

ပုရိသကိုကိုတွေ စမတ်ကျကျဝတ်ဆင်ဖို့အတွက် သင့်တော်တဲ့ အခြေခံကျတဲ့နည်းလမ်း ကောင်းလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

(၁) မိမိနဲ့လိုက်ဖက်ပြီး ခန္ဓာကိုယ်နဲ့ Fit ဖြစ်စေမယ့်အ၀တ်အစားကိုရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ အင်္ကျီကကြီးနေတာ ဘောင်းဘီပွနေတဲ့ပုံစံကို ရုံးသွားတဲ့အခါမ၀တ်ဆင်မိဖို့သတိပြုသင့်ပါတယ်။ Fit ဖြစ်တဲ့အ၀တ်အစားတွေကသင့်ကို ဆွဲဆောင်မှုရှိရှိစမတ်ကျစေမှာပါ။

(၂) ရာသီဥတုနဲ့ကိုက်ညီမယ့် အ၀တ်အစားကိုရွေးချယ်တတ်ဖို့အရေးကြီးပါတယ်။ ဒါမှသာသင့်ကို သက်သောင့်သက်သာဖြစ်စေမှာပါ။

(၃) တအားကျပ်လွန်းတဲ့ Shoes တွေဝတ်မယ့်အစားသင်ခြေထောက်ကို သက်သောင့်သက်သာရှိပြီး စမတ်ကျကျဖြစ်စေမယ့် Shoes တွေကိုဝတ်ဆင်သင့်ပါတယ်။

(၄) Formal ဖြစ်တဲ့ဂျင်းသေသေချာချာ သပ်သပ်ရပ်ရပ်ဝတ်ဆင်မယ်ဆိုရင်လည်း သင့်ကိုစမတ်ကျစေပြီး ပေါ့ပေါ့ပါးပါးဖြစ်စေမှာပါ။

Written..@linkhant
Photo..google

Sort:  

As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!

Coin Marketplace

STEEM 0.07
TRX 0.30
JST 0.056
BTC 73718.77
ETH 2312.79
USDT 1.00
SBD 0.51