နေတတ်သလိုဘဝမို့

in #esteem6 years ago

တိတ်ဆိတ်ခြင်းမှာ အသံများစွာရှိတတ်တယ်တဲ့.
ကိုယ့်ပေါ် ခံစားသူမှကြားနိုင်မယ်.
ကိုယ် ... တခဏ တိတ်ဆိတ်ပါရစေ ...

image

ကိုယ် ငယ်ငယ်က ကြိုက်ခဲ့တဲ့ မြန်မာကားဆိုတာက သင်္ကြန်မိုးဘဲ မှတ်မိတော့တယ် ...
ကျော်ဟိန်း ရဲ့ ပန်းမြိုင်လယ်က ဥယျာဉ်မှူးလည်းကြိုက်တယ် ...
ပန်းမြိုင်လယ်က ဥယျာဉ်းမှူးနောက်ပိုင်း ကိုယ့်နှလုံးသားတစ်ခုလုံး ကိုင်လှုပ်သွားတာ ' ဥပါယ်တံမျဉ် ' ပေါ့ ...

လက်မှတ်အသည်းအသန်ဝယ်ခဲ့ရတာ ဘောလုံးပွဲလက်မှတ်ရယ် ' ဥပါယ်တံမျဉ် ' လက်မှတ်ရယ်ဘဲရှိသေးတယ်.

ဥပါယ်တံမျဉ်ဇာတိကားကြည့်ပြီး ရင်ခုန်သံစည်းချက်လေးတွေရေးမယ်. ရေးခွင့်ပေးပါနော်.


ဥပါယ်တံမျဉ်ဇာတ်ကားမှ ရလိုက်တဲ့ 🍃 သင်ခန်းစာ 🍃

ဇာတ်ကားကြည့်ရင် ဇာတ်လမ်းထဲက သင်ယူစရာလေးတွေကို သင်ခန်းစာယူမို့ သင်ခန်းစာအကြောင်းအရင်ရေးပါရစေ ...

၁ လူ့စိတ်သဘောဆန်းကြယ်မလား. ကိုယ်ချစ်ခင်နှစ်သက်ပြီး မြတ်မြတ်နိုးနိုးလက်ထပ်ထားတဲ့ ဇနီးရှိပေမယ့် ... အခြေအနေ ... အချိန်အခါ ... အခွင့်အရေးပေးတဲ့အခါ ... ဖောက်ပြန်မှုဆိုတာ ရည်ရွယ်သည်ဖြစ်စေ ... မရည်ရွယ်သည်ဖြစ်စေ ဖြစ်သွားတတ်တယ်ပေါ့. အသားမစားတဲ့ ကျား ရှိတော့ ရှိမယ်. ဒါပေမယ့် ... တော်တော်လေးကို ရှားမယ်.
ဒါကြောင့် ... အမျိုးသမီးတွေဟာ ... ဘယ်လောက်ဘဲ ကိုယ့်ခင်ပွန်းကို ထိန်းချုပ် ထိန်းချုပ် သူတို့ စိတ်ဖောက်သွားချိန် ဘာနဲ့မှ ထိန်းချုပ်လို့မရတော့ပါဘူး. သူ့စိတ်ဆိုတာ ကိုယ့်စိတ်မှမဟုတ်တာ. ကိုယ့်စိတ်တောင် ထိန်းချုပ်ဖို့မလွယ် တစ်ပါးသူစိတ် ထိန်းချုပ်ဖို့ဆိုတာ ပိုတောင်မဖြစ်နိုင်သေး ( ဖြစ်နိုင်သူတွေလည်းရှိချင်ရှိကြမှာပေါ့ ).
တကယ်လို့များ ... ဘဝလက်တွဲဖော်က ဖောက်ပြန်ခဲ့ရင် အကောင်းဆုံး ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ ... စိတ်ကိုပြင်ဆင်ထားသင့်တဲ့ သင်ခန်းစာ.

၂ စိတ်ကွယ်ရာဆိုတာ မှောက်မှားဖို့အကောင်းဆုံးမို့ သနားခြင်းဆိုတာ အကန့်အသတ်နဲ့ထားရပြီး သဒ္ဒါလွန်ရင် တဏှာကျွန်ဖြစ်တတ်တာ ဒီဇာတ်လမ်းက ပြသွားပါတယ်. မင်းသားဟာ အိမ်နီးချင်းမိန်းကလေးပေါ် သဒ္ဒါလွန်မိတော့ နောက်ဆုံး တဏှာကျွန်ဖြစ် ... အရာရာကို ' အကန့် ' တွေမထားတဲ့အခါ ' အသတ် ' ဆိုတဲ့ အနားသတ်မရှိဘဲ ကျော်လွန်သွားတတ်ကြောင်း သင်ခန်းစာ.

၃ ဇာတ်ကားတစ်ခုလုံးမှာ အကြိုက်ဆုံးက တစ်ဇာတ်လုံးမှာ မင်းသားက emotion control သိပ်အားကောင်းတာပါ. ပြဿနာတစ်ခုကို ဖြေရှင်းတဲ့အခါ အော်ဟစ်ဆူပူပေါက်ကွဲပြီး မဖြေရှင်းဘူး. သူ့ကို ဒုက္ခပေးတဲ့ သူကိုတောင် အေးအေးဆေးဆေးဘဲ စကားပြောတယ်. အသံ tone တောင်ထိန်းထားတယ်. မပြင်းဘူး. မကျယ်ဘူး. တစ်ခန်းလေးဘဲ ... သူစိတ်ရှုပ်တော့ သူ့ဆိုငါ လာပန်းချီကားဝယ်သူတွေကို စကားပြောအဆင်မပြေဖြစ်သွားတယ်. ဒါပေမယ့် ... သူတောင်းပန်လိုက်တယ်. ဘယ်လောက်ဘဲ စိတ်ခံစားမှုထိန်းချုပ်နိုင်စွမ်းအားကောင်းသူဖြစ်ဖြစ် ... အိမ်ထောင်ရေး မိသားစု လူမှုရေး ရှုပ်ထွေးတဲ့အခါ လုပ်ငန်းခွင်ကို အနည်းအများ ဂယက်ရိုက်ခတ်တယ်ပေါ့. ဒါကြောင့် ... လူမှုရေး ဖောက်ပြန်ခြင်းဟာ ဘဝရဲ့ အရာတော်တော်များများကိုရိုက်ခတ်တတ်တာပြသွားတယ်. အကြိုက်ဆုံး အခန်းကတော့ မင်းသားစိတ်ဖိစီးတော့ ရေကူးကန်ထဲမှာ အား လို့ အော်လိုက်တဲ့အခန်းပါ.
စိတ်ခံစားမှုကို အပြင်မှာ အော်ဟစ်မပေါက်ကွဲဘူး. ဘယ်သူမှ မသိနိုင်တဲ့ ရေအောက်မှာ ပေါက်ကွဲတယ်. သူကလွဲပြီး ဘယ်သူမှ မထိခိုက်အောင်ပေါ့.
ကိုယ် စိတ်ခံစားရတဲ့အခါ ကိုယ်ပေါက်ကွဲချင်တာတွေ ပေါက်ကွဲတော့ အနားကသူတွေထိမှန်တတ်တယ်. မင်းသားကတော့ ရေထဲမှာပေါက်ကွဲတော့ ဘယ်သူမှ မထိခိုက်ဘူး. အဲဒီ့အခန်း ရေလည် heart ထိတယ်. သင်ခန်းစာယူမိပါတယ်.

၎ အခြေအနေမတူပေမယ့် ပေါင်းစပ်လို့ရတာ ရှိတော့ရှိမယ်. ရှားတယ်. ဇာတ်လမ်းမှာ မင်းသမီးရဲ့ ချစ်သူကောင်လေးက မင်းသားကိုပြောလိုက်တဲ့ ... ခင်ဗျား မဆင်းရဲဘူးလို့ ဆင်းရဲတယ်ဆိုတာ ဘာမှန်းသိမှာမဟုတ်ဘူးတဲ့. အမှန်ပါဘဲ. ကိုယ်ချင်းစာတရားဆိုတာ ကိုယ်ထိမှ ကိချင်းစာတရား အစစ်အမှန် မွေးဖွားတာမလား. ကိုယ်မထိလည်း ကိုယ်ချင်းစာတရား မွေးဖွားနိုင်သူတွေရှိတယ်. ဒါပေမယ့် ... မေတ္တာ ကရုဏာ နှလုံးသားကြီးမားသူတွေမှသာ အဲ့လို စိတ်ထားနိုင်ကြတယ်.
မွေးကတည်းက ချမ်းသာလာတဲ့သူဟာ ဆင်းရဲတယ်ဆိုတာ ဘယ်သိပါ့မလဲ. သူမှ ထမင်းမငတ်ဘူးတာ. ထမင်းငတ်ဖူးသူမှ ဆာလောင်မှုရဲ့ ပူလောင်မှု ခံစားတတ်မှာကိုး ...

မင်းသားကလည်း နောက်ဆုံးခန်းမှာဝန်ခံသွားတယ်. သူမဆင်းရဲဘူးလို့ ဆင်းရဲတာမသိဘူးတဲ့.
လောကကြီးမှာ အမှန်တကယ်ဖြစ်ပျက်နေတဲ့ အမှန်တရားပါ.
အခြေအနေမတူတဲ့ ဘဝတွေပေါင်းစပ်တဲ့အခါ တစ်ဖက်သူက ကိုယ့်ခံစားချက်နားမလည် ... တစ်ဖက်သူရဲ့ ခံစားချက်ကိုယ်နားမလည် ...
' သူ့နေရာ မှာ ကိုယ် ' ဆိုပြီး ဝင်ခံစားပေသည့်တိုင် စာနာခြင်းတော့ဖြစ်နိုင်ပေမယ့် ကိုယ်ချင်းစာတရားစစ်စစ်တော့ ဖြစ်ချင်မှဖြစ်မယ် ...
image
မတူညီတဲ့ ဘဝတွေမှာ ... တစ်ပါးသူဆီက ကိုယ်ချင်းစာတရားစစ်စစ်ကိုယ်ရခဲ့ရင် ကိုယ်ကံကောင်းတာပေါ့. ဒါပေမယ့် ... သူ ငါ့ကိုနားလည်ကိုယ်ချင်းစာမှာဘဲဆိုတဲ့ မျှော်လင့်ချက်တော့မထားသင့်ပါဘူး. မျှော်လင့်တိုင်းဖြသ်မလာတဲ့နောက်မှာ စိတ်ပျက်ဝမ်းနည်းခြင်းနဲ့အတူ ဒေါသတွေကပ်ပါတတ်တာကိုး.

ဘဝတွေမတူလို့ တစ်imageဖက်သူဆီက ကိုယ်ချင်းစာတရားမရတဲ့အခါ ... ဪ ... သူမှ ငါ့လို မကြုံဖူးဘဲလို့ဖြည့်တွေး ကိုယ်ကဘဲ နားလည်းခွင့်လွှတ်ကြရမယ်ဆိုတာ သင်ခန်းစာရပါတယ်.

၅ ကျား မ ခွဲခြားမပြောလိုပါဘူး. ပုထုဇဉ်တွေ အထိအတွေ့ရှောင်နိုင်သူ ဒီကမ္ဘာပေါ် ဘယ်နှစ်ယောက်ရှိမလဲ ?
ထိတွေ့ပြီးနောက် စိimageတ်အာရုံဆိုတာ မမိုက်မှားဖို့ စောင့်ထိန်းရခက်တဲ့အရာလား ...
ဒီကမ္ဘာကြီးပေါ် မဖြစ်သင့်ဘူး ဆိုတာက အထိအတွေ့ဆိုတာအောက် ပျောက်ကွယါတတ်သလား ...

ဘဝမှာ မထိသင့်တဲ့အရာကိုသွားထိတွေ့တဲ့အခါ တစ်ဘဝလုံး ပျက်စီးဆုံးရှုံးတတ်ပြီး ပြည်လည်တည်ဆောက်မရတော့ဘဲ ... တစ်ခါလေးထိတွေimage့မှုအောက်မှာ တစ်ဦးတစ်ယောက်ရဲ့ ဘဝမဟုတ် ဘဝများစွာ ပျက်စီးတတ်တဲ့ သင်ခန်းစာရပါတယ်.

၆ ဇာတ်လမ်းထဲက သမီးယောင်းမ ဆက်ဆံရေးလေးကိုလည်း သဘောကျတယ်. ငါ့ အimageစ်ကို ပစ္စည်းဥစ္စာယူသွားသူရယ်လို့ နင်ဘဲငါဆမရှိဘဲ ယောင်းမဖြစ်သူကို အေးအေးဆေးဆေးဆက်ဆံပြောဆို နှစ်ဖက်မျှတွေးပေး ... ပစ္စည်းဥစ္စာထက် အစ်ကိုဖြစ်သူရဲ့ အသက်အန္တာရာယ်ကို စိုးရိမ်ပေး ... လောကမှာ လူအချင်းချင်း မျှတစွာတွေးပေးတတ် ... သူများအိမ်ထောင်ရေးကို ဝင်ရောက်မစွက်ဖက်ဘဲ ကိုယ် ပါဝင်သင့်တဲ့နေရာမှပါဝင် ပါဝင်သင့်တဲ့အချိန်မှ ပါဝင်သင့်တဲ့ သင်ခန်းစာရပါတယ်.

၇ နောက်ဆုံးသင်ခန်းစာကတော့ ကိုယ့်အပေါ်မကောင်းတာလုပ်သူကိုတောင် ထောက်ပံ့ငွေပေးပြီး သူ့ဘဝသစ်တည်ထောင်ဖို့ မေတ္တာတရားကြီးမားတတ်သူဟာ သူ့ဖက် ကိုယ့်ဖက့် ငြိမ်းချမ်းစေတယ်ဆိုတဲ့ သင်ခန်းစာရပါတယ်. ရန်ကို ရန်ချင်းမတုံ့နှင်းတဲ့. ချစ်စကိုရှည်စေ. မုန်းစကိုတိုစေဆိုရိုးရှိတယ်မလား.

စာရှည်မှာမို့ ' ရင်ထဲက အကယ်ဒမီ ခီ၂ ' ကို ရေးပြီး နောက်ပိုစ့်တစ်ခုမှာတင်မယ်နော်.
' ရင်ထဲက အကယ်ဒမီ ခီ ၁ ' ကို ဒီမှာခဏနားမယ်နော်.

#မယ်
#Maecoffee

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by lthu from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 62604.24
ETH 3437.54
USDT 1.00
SBD 2.50