ဦးမင်းကို

in #esteem8 years ago

မြန်မာနှစ်သစ်ကူးပိတ်ရက် နီးလာသော်လည်း မတ်ပဲနှင့် ပဲစင်းငုံ ပြည်ပအဝယ်နည်းနှစ်သစ်ကူးပိတ်ရက်နီး လာသော်လည်း မတ်ပဲနှင့် ပဲစင်းငုံဝယ်လိုအားတိုးလာခြင်းမရှိဘဲ ဈေးနှုန်းတည်ငြိမ်နေေ>>င်း မြန် မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည် အသင်း အတွင်းရေးမှူး ဦးမင်းကို ဦးက ပြောသည်။ ပြီးခဲ့သည့်နှစ်များက မြန်မာ နှစ်သစ်ကူးပိတ်ရက် နီးလာပါက ပြည်တွင်းဈေးကွက်တွင် မတ်ပဲ နှင့် ပဲစင်းငုံဝယ်လိုအား မြင့်တက် ခဲ့သော်လည်း ယခုနှစ်၌ အိန္ဒိယအစိုးရ၏ပဲတင်သွင်းမှု မူဝါဒ အသစ်မထွက်လာခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင် အရောင်းအဝယ်အေးပြီး ဈေးနှုန်းတည်ငြိမ်နေသည်ဟု ဦးမင်းကိုဦးက ပြောကြားသည်။ မြန်မာနိုင်ငံတွင် ယခင်နှစ် များက နှစ်သစ်ကူးပိတ်ရက်ရှည် များကြောင့် ဘဏ်များအပါအဝင် ကုန်သွယ်ရေးနှင့်သက်ဆိုင်သည့် ခွင့်ပြုချက်များရယူရန် အခက်အ ခဲရှိခဲ့၍ ပြည်ပကုန်ပစ္စည်း တင် ပို့သူများက ကြိုတင်ပြင်ဆင်ခဲ့ သည်။
image

‘‘မနှစ်ကဆို ဒီအချိန်တွန်း ဝယ်နေကြတဲ့အချိန်ပဲ။ ဒီနှစ်မှာ တော့ အဝယ်အရမ်းနည်းတယ်’’ ဟု ဦးမင်းကိုဦးက ပြည်တွင်းပဲ ဈေးကွက်အခြေအနေကို ရှင်းပြသည်။

Sort:  

Hello! I find your post valuable for the wafrica community! Thanks for the great post! @wafrica is now following you! ALWAYs follow @wafrica and use the wafrica tag!

Coin Marketplace

STEEM 0.07
TRX 0.30
JST 0.058
BTC 71433.25
ETH 2196.58
USDT 1.00
SBD 0.53