ဖိနပ်

in #esteem8 years ago

မိုးရေထဲမှာ လမ်းလျှောက်ရတာက တစ်ခါတလေတော့ ပျော်ဖို့ကောင်းပေမယ့်လည်း စီးတဲ့ ဖိနပ်လေးတွေက အဆင်မပြေရင် လမ်းမှာ ဒုက္ခရောက်လို့ စိတ်ညစ်ရပါတယ်နော်…
ဒါကြောင့် Wowbox ပရိသတ်တွေ မိုးရာသီမှာ လွတ်လပ်ပေါ့ပါးလန်းဆန်းစွာနဲ့ လိုရာခရီးကိုသွားနိုင်ဖို့ ဒီရာသီမှာ ရွေးချယ်စီးသင့်တဲ့ ဖိနပ်အမျိုးအစားလေးတွေ အကြောင်းကို ပြောပြလိုက်ပါတယ်။

(၁) ကြိုးသိုင်းဖိနပ်

ပါးလွှာတဲ့ကြိုးသိုင်းဖိနပ်လေးတွေက ပေါ့ပါးပြီးရေတွေကြားမှာ စီးလို့အဆင်ပြေစေပါတယ်။ ကြိုးသိုင်းဖိနပ်အမျိုးအစားတွေ အများကြီးရှိတဲ့ထဲကနေမှ ကြာရှည်ခံတဲ့ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ အမျိုးအစားကို ရွေးချယ်ရမှာပါ။ ခိုင်မြဲတဲ့ကြိုးသိုင်းဖိနပ်တွေက ရေစိုနေတဲ့လမ်းတွေပေါ် ချော်မကျသွားဖို့ အထောက်အကူ ပြုမှာပါ။

(၂) Slip-proof Kicks

ဒီလိုဖိနပ်အမျိုးအစားကတော့ ခြေနင်းကိုမချော်အောင်လို့ အထူးပြုလုပ်ထားတဲ့ဖိနပ်အမျိုးအစားဖြစ်ပါတယ်။ ဒီိလိုဖိနပ်အမျိုးအစားဆိုရင် မိုးရာသီတောင်တက်တာမျိုးမှာ ခြေမချော်ကျသွားအောင်လို့ အထောက်အပံ့ဖြစ်စေပါတယ်။ မိုးတွင်းကိုယ်သွားရမယ့်နေရာကို မူတည်ပြီး အသုံးပြုနိုင်ပါတယ်။

(၃) ရာဘာသားဖိနပ်

ရာဘာသားနဲ့ပြုလုပ်ထားတဲ့ဖိနပ်တွေကတော့ မိုးတွင်းမှာစီးဖို့ ဒေါက်ဖိနပ်တွေထက်စာရင် အသင့်တော်ဆုံး လို့ဆိုလို့ရပါတယ်။ အချို့ဖိနပ်တွေဆိုရင် ဒီဇိုင်းဆန်းပြီးလှပတာမို့လို့ ဘယ်နေရာသွားသွားလှပပြီး စမတ်ကျစေနိုင်ပါတယ်။

(၄) ဘွတ်ဖိနပ်

မိုးတွင်းမှာ ဒီလိုဖိနပ်စီးမယ်ဆိုရင်တော့ ရေစိုခံပြီး အခြောက်မြန်တဲ့ဘွတ်ဖိနပ်အမျိုးအစားက ပိုပြီးတော့ အဆင်ပြေစေနိုင်မှာပါ။ ရေစိုမခံတဲ့ ဘွတ်ဖိနပ်တွေက မိုးရာသီနဲ့ဆိုသိပ်အဆင်မပြေလှပါဘူး။ မိုးတွင်းမှာ ဘွတ်ဖိနပ်လေးတွေက ဒီဇိုင်းမျိုးစုံးနဲ့ စတိုင်ကျလှပစေနိုင်ပါတယ်။

(၅) ညှပ်ဖိနပ်

ညှပ်ဖိနပ်ကတော့ ဘယ်ရာသီဥတုနဲ့မဆို စီးနိုင်တဲ့အပေါ့ပါးဆုံး ဖိနပ်အမျိုးအစားဖြစ်ပါတယ်။ များသောအားဖြင့်တော့ နွေရာသီနဲ့ မိုးရာသီမှာ ဒီိလိုဖိနပ်တွေကို စီးကြပါတယ်။ ညှပ်ဖိနပ်အများစုကို ရာဘာနဲ့ပြလုပ်ထားတာဖြစ်ပြီး သူရဲ့ကောင်းတဲ့အချက်တွေက ဆေးကြောလျှော်ဖွပ်နိုင်တယ်၊ ထားရလွယ်တယ်၊ ရေစိုရင်အခြောက်မြန်ပြီး ကြာရှည်ခံစေတာဖြစ်ပါတယ်။ အရောင်စုံ၊ အရည်သွေးစုံ၊ ဒီဇိုင်းစုံတဲ့ ဒီလိုညှပ်ဖိနပ်လေးတွေကို မိုးတွင်းမှာစီးမယ်ဆိုရင်လည်း ဝတ်ရတာပေါ့ပါးပြီး အဆင်ပြေစေမှာပါ။

Sort:  

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
http://www.boxofficemojo.com/

Coin Marketplace

STEEM 0.06
TRX 0.31
JST 0.061
BTC 66928.42
ETH 2058.33
USDT 1.00
SBD 0.51