စိတ်​ဓာတ်​ပိုင်းဆိုင်​ရာအ​ကြာင်းရာ

in #esteem8 years ago

ပုံပြင်လေးတစ်ပုဒ်ကြားဖူးပါတယ်... တောအုပ်တစ်အုပ်ထဲမှာ သူတော်စင်တစ်ပါးနေနေတာပေါ့... တစ်နေ့တော့ အမျိုးသမီးတစ်ယောက်က ကလေးတစ်ယောက်ကိုခေါ်ပြီး သူတော်စင်ဆီကိုရောက်လာတယ်... သူတော်စင်ကြီးက တန်ခိုးကြီးတယ်လို့ ကြားရတယ်ပေါ့.... အခုသူတို့သားအမိဆီမှာ စားစရာမရှိတဲ့အတွက် စားစရာလေးများ ပေးကမ်းဖို့ တောင်းဆိုသတဲ့.... အဲ့တော့ သူတော်စင်ကြီးက ပြင်းပြတဲ့ စိတ်ဆန္ဒရှိရင် ရလိမ့်မယ်လို့ ပြန်ပြောလိုက်တယ်... အမျိုးသမီးက ဟုတ်ပါတယ်... သူတို့သားအမိမှာ တကယ်ပဲစားစရာမရှိလို့ပါ... စားချင်စိတ်လည်း တကယ်ဖြစ်နေပါတယ်... ဒါကြောင့် စားစရာပေးပါလို့ထပ်ပြောတယ်... သူတော်စင်ကတော့ ပြင်းပြတဲ့ စိတ်ဆန္ဒရှိရင် ရလိမ့်မယ်လို့ပဲ ထပ်ပြောတယ်....
image
အဲ့လိုပြောရင်းနဲ့ ကလေးကလည်း ဆာတော့ ငိုတာပေါ့... အမျိုးသမီးလည်း သူတော်စင်ကို ထပ်ခါထပ်ခါတောင်းပန်နေတယ်... သူတော်စင်ကြီးတန်ခိုးကြီးတယ်ဆိုလို့ အားကိုးပြီးလာတာပါ... ကလေးကလည်း ဆာလို့ငိုနေပြီ... သူကိုယ်တိုင်လည်းဆာလှပြီ... အစားအစာရချင်တဲ့ဆန္ဒလည်း ပြင်းပြလှပါပြီ... စားစရာလေးများ ဖန်တီးပေးဖို့ ဆိုပြီး ထပ်တောင်းဆိုနေတာပေါ့... သူတော်စင်ကြီးကလည်း ပြင်းပြတဲ့ စိတ်ဆန္ဒရှိရင် ရလိမ့်မယ်လို့ပဲ ထပ်ပြောသတဲ့... ဒီလိုနဲ့ အမျိုးသမီးလည်း ဆာလောင်လွန်းလို့ တုန်ရီမောဟိုက်နေပြီ... နေကလည်း တဖြည်းဖြည်းမြင့်လာတာပေါ့... သူတော်စင်ကို ငိုယိုတောင်းပန်ပြီး အစာပေးဖို့ပြောနေတုန်းပါပဲ... သူတော်စင်ကလည်း ပြင်းပြတဲ့ စိတ်ဆန္ဒရှိရင် ရလိမ့်မယ်လို့သာ ပြန်ပြောနေပါတယ်...
image

အဲ့ဒီလိုနဲ့ အမျိုးသမီးက ငိုယိုတောင်းဆိုရင်း သူတော်စင်ကပြန်ပြောရင်းနဲ့ မွန်းတည့်လုနီးပါးရောက်လာခဲ့တယ်... အမျိုးသမီးခမျာ ဆာလောင်တဲ့စိတ်နဲ့ သတိလစ်မတတ်ဖြစ်နေတာပေါ့... ကလေးကလည်း ငိုရလွန်းလို့ အသံတောင်မထွက်နိုင်တော့ဘူး... အဲ့ဒီအချိန်မှာ ဘုရင်တစ်ပါးက ခရီးသွားလာရင်း သူတို့အနီးကဖြတ်သွားတယ်... သူတော်စင်တစ်ပါး... မေ့မျောလုမတတ် ငိုယိုနေတဲ့အမျိုးသမီးတစ်ယောက်နဲ့ ကလေးတစ်ယောက်ကို တွေ့တော့အကြောင်းရင်းကို စုံစမ်းတာပေ
image
Crd by @millioner

Sort:  
UpvoteBank
Your upvote bank
__2.jpgThis post have been upvoted by the @UpvoteBank service. Want to know more and receive "free" upvotes click here

Good artical...