ငပဲ့လောဂျစ်

in #esteem6 years ago

1 -

ငါသာ အလ္လာဟ် ဆို
လက်နှစ်ဖက်ပါမလာတဲ့ လူတစ်ယောက်ကို
ဗုဒ္ဓဘာသာအသိုင်းဝိုင်းမှာ လူဖြစ်စေမယ် ။

လက်မပါလျှက်နဲ့ ငါ့ကို ဒီလူသားဘယ်လောက်ထိ ရိုသေကိုင်းရှိုင်း
လေးမြတ်မှုရှိသလဲဆိုတာ ကောင်းကင်ဘုံက စောင့်ကြည့်မယ် ။ အဂါရဝလုပ်ရင် ငရဲကို ထာဝရ ပစ်ချမလို့ ။

2 -

ယောဟောဝါ ကို မင်းသိလား ?

ဟ … သိပ်သိတာပေါ့ ။

အကယ်၍ ယောဟောဝါက မင်းကို ချစ်လို့ လိုရာဆုတစ်ခုကို
တောင်းပါဆို ဘယ်လိုဆုမျိုးတောင်းမလဲ ?

သိမှုသစ်သီးကို စားမိတဲ့ အာဒံ လို ဘာမှ ပြန်မဖြစ်တော့တဲ့ အဘာဝ အခြေနေကို တောင်းမယ် ။ ဘာမှ ထပ်မဖြစ်တော့ခြင်းဟာ ငြိမ်းချမ်း ခြင်းလို့ ယူဆမိလို့ပါ ။

3 -

မင်းဟာ ဖန်ဆင်းရှင်ဗြဟ္မာကြီးဆို ဘာလုပ်မလဲ ?

ကိုယ့်သေတွင်း ကိုယ်တူးခိုင်းမယ် ။

လူသားတွေရဲ့ အနာဂတ်ကြမ္မာကို မိမိဖာသာ ဖန်တီးပုံဖော်ဆေးခြယ်ခိုင်းမယ် ။ သူတို့ ကိုယ်ကျင့်တရားတွေ နဲ့ ဘယ်လောက်ထိ ကမ္ဘာကြီးကို ငြိမ်းအေးစေနိုင်မလဲ လို့ပေါ့ ။

4 -

ဗုဒ္ဓရဲ့ လုပ်ရပ်တွေဟာ ဘယ်တော့မှ မမှားဘူးလို့ ပြောစမှတ်ရှိတယ် ဒီအပေါ် မင်း ဘာမှတ်ချက်ပေးချင်သေးလဲ'?

No …
ဗုဒ္ဓမမှား ခဲ့ဘူးဆိုတာတော့ လက်မခံပါဘူး ဗုဒ္ဓလည်း မှားခဲ့တယ် ။

ဘာမှားလို့လဲ …

သုဒိန္နရဟန်းလေးကို ရဟန်းပြုပေးပြီးတာနဲ့ ပထမ ပါရာဇိက သိက္ခာပုဒ်ကို စတင်ပညတ်သင့်တယ်လေ ။

ဘာလို့လဲ …… ?

သူ့ကို သနားလို့ … ။

5 -

ဗုဒ္ဓစာပေက မဟောသဓါလေး ငယ်ငယ်ရွှယ်ရွှယ်နဲ့ ပညာညဏ်ကြီးမားတာ မင်းအားကျ အတုမယူချင်ဘူးလား ?

ဟင့်အင်း အားမကျပါဘူး ။

ဘာလို့လဲ … ?

ရေပေါ်က ပတ္တမြားအရိပ်ကို ပတ္တမြားထင်ပြီး တကန်လုံးအိုင်ပက် သလို ပိုက်စိတ်တိုက်ရှာဖွေနေတဲ့ ရွှာသားတွေအားလုံးထက် ကျနော့အသိညဏ်က ပိုမြင့်တယ် ။

ဒါကြောင့် မဟော်သဓါသတို့သားငယ်လေးကိုတော့ အနူတောထဲက လူချောလေးလို့ တနည်း ပြောနိုင်ပါတယ် ။

.
လေးစားလျှက် . . .
image
Writer by @minhtikesan
Thank ကောင်မလေး

Sort:  

This post has received a 1.20 % upvote from @drotto thanks to: @minhtikesan.

This post has received a 1.20 % upvote from @morwhale thanks to: @minhtikesan.

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.030
BTC 57962.42
ETH 3050.85
USDT 1.00
SBD 2.25