တော် တော် တာတာ တာတာsteemCreated with Sketch.

in #esteem6 years ago

#ဆရာတစ်ယောက်အကြောင်း (၈)

''ဆရာ အတန်းထဲမှာ ပိုက်ဆံပျောက်လို ့ဆရာ ''

မော်နီတာမှ ကျနော့်ကို လာတိုင်သည် ။

''ဘယ်သူပိုက်ဆံလဲ သား''

မော်နီတာဘေးမှ ပါလာသောကောင်မလေးက

''သမီးပိုက်ဆံပါဆရာ''

''ဘယ်လောက်လဲသမီး ''

''၁၀၀၀၀ ပါ''

''တစ်သောင်းတန်လားသမီး''

''ဟုတ်ဆရာ မုန် ့ဖိုးရထားတာ
အဲ့ဒါ စစ်ပေးပါဆရာ''

ဟူး ကျနော်စိတ်မောမိသွားသည်။
စစ်လို ့မိများမိခဲ့ရင် လူတစ်ယောက်ရဲ့သိက္ခာဟာ
၁၀၀၀၀ မက နစ်နာသွားမည်။
၁၀၀၀၀ မက အရှက်တွေကွဲသွားမည်။
ကျနော်ဘာလုပ်ရမလဲ
သူခိုးအားပေးလုပ်ပြီး ကျနော်အိပ်စိုက်လိုက်ရမလား။
ဒါမှမဟုတ် ခိုးသူကို ဖော်ထုတ်ရမည်လား။

'ပျောက်မှန်းသိတာကြာပြီလား''

''ပြီးခဲ့တဲ့ နာရီဝက်လောက်ကမှ
မုန် ့စားဆင်းချိန် သမီးအိမ်သာသွားတုန်း
အခိုးခံရတာ ကွန်ပါဘူးထဲထည့်ထားတာ''

စစ်ရင်တော့ ပေါ်မှာ သေချာသည်
ဒီအရွယ်လေးတွေ ဘယ်လောက် ပိရိနိုင်မှာလဲ။
ဖြစ်နိုင်ချေအရှိဆုံးက သူ ့ရဲ့အနီးစပ်ဆုံးသူများသာ...

''တပည့်တို ့ စုနှင်းအေးရဲ့ ပိုက်ဆံ၁၀၀၀၀ ပျောက်သွားတယ်။
ဘယ်သူယူသလဲဆိုတာ ဆရာဖော်ရလိမ့်မယ်။ တစ်ခုပြောပြမယ်
ဆရာခိုးမှုတွေဖော်ထုတ်လာတာ ကြာပြီ။ မပေါ်ခဲ့တာလည်း မရှိဘူး။
ခိုးသူရဲ့လက်ကို ကိုင်ကြည့်လိုက်တာနဲ ့ သွေးခုန်နှုန်း မမှန်တာကို ဆရာသိတယ်။

ဒီပိုက်ဆံကို သိပ်လိုအပ်လို ့ ယူထားမိပါတယ်ဆိုရင် ဆရာပြန်မတောင်းတော့ဘူး။
အေး ဒါပေမယ့် သွေးခုန်နှုန်းစမ်းပြီး မေးတဲ့အခါ ဝန်ခံပါ။
ခိုးယူလို ့မှားတဲ့အမှားကိုဆရာခွင့်လွှတ်ပေးမယ်။
အပြစ်မပေးဘူး ၊ မဆူဘူး
ဒါဆရာ ကတိပဲ။
အဲ့ဒိ၁၀၀၀၀ ကို ဆရာစိုက်ပေးမယ်။

ဒီ ၁၀၀၀၀ ကို သိပ်လိုအပ်လွန်းလို ့
ယူပါတယ်လို ့ဆရာလက်ခံပေးမယ်။
ယူမိတဲ့အမှားကို သတ္တိရှိရှိ ဝန်ခံလိုက်ဖို ့ပဲလိုတယ်။

''ကဲ အကုန် မတ်တပ်ရပ်
နောက်လှည့်ထား ဆရာခေါ်တဲ့ တစ်ယောက်ပဲ
ရှေ ့ကိုထွက်လာခဲ့''

နောက်ဆုံးတန်းမှ ကျောင်းသား ကျောင်းသူများကို တစ်ယောက်ချင်း ခေါ်ထုတ်ရင်း သူတို ့ရဲ့ မျက်နှာအမူအရာကို စစ်ဆေးသည်။

လူသုံးဆယ်ရှိသော အတန်းတွင်
၂၃ယောက်မြောက်ကျောင်းသူ အလှည့်မှာ
ပိုက်ဆံယူသူကို ကျနော် ဖမ်းမိသွားသည်။
နောက်လှည့်ထားသော ကျောင်းသားကျောင်းသူများကတော့ ကျနော် နဲ ့သူ ဘာတွေလုပ်နေကြသည်ကို မမြင်နိုင်ပါ။

တုန်ရီစိုးရွံ ့နေဟန်ရှိသောမျက်နှာလေး
အရှက်တရားတို ့ဖြင့် ချေွးပျံနေသော မျက်နှာလေး....
သနားစရာ ကလေးမလေးတစ်ယောက်
ဒါကျနော့် မေတ္တာဝမ်းနဲ ့ လွယ်မွေးထားတဲ့ ကျနော့်တပည့်မလေးပါပဲ။

သူ ့လက်ကလေးကိုင်ကြည့်တော့လည်း ချေွးတွေထွက်နေသည်။
ကျနော်သူ ့မျက်လုံးကို တည့်တည့်ကြည့်ပြီး တိုးတိုးလေးမေးလိုက်သည်
''ဘာအခက်အခဲရှိလဲသမီး
ဆရာ့ကို ပြီးရင်ပြောပြပါ
အခု အတန်းထဲကို ဟန်မပျက်ပြန်ဝင်
မစိုးရိမ်နဲ ့မကြောက်နဲ ့ ''။

သူပြန်ဝင်သွားတော့ ကျန်တဲ့လူတွေကိုအကုန် ကျနော်စစ်ဆေးလိုက်သည်။

စစ်ပြီးတဲ့အခါမှာ
''ကဲ တပည့်တို ့ ဒီအတန်းထဲမှာ သူခိုးမရှိပါဘူး....
ဒါပေမယ့် သမီးစုနှင်းအေးပိုက်ဆံကို ဆရာ စိုက်ပေးထားမယ်။ သူခိုးမိတော့မှ အဲ့ဒိပိုက်ဆံဆရာပြန်ယူမယ်''။

ကျနော်ပိုက်ဆံ ၁၀၀၀၀ ကို
စုနှင်းအေးထံသို ့ပေးလိုက်သည်။

အဲ့ဒိညနေကျောင်းဆင်းတော့ ပိုက်ဆံယူထားတဲ့တပည့်မလေး
အိမ်သို ့ ကျနော်လိုက်သွားသည်

''လဲ့လဲ့မျိုးတို ့အိမ်လား''

''ဟုတ်ပါတယ်ဆရာ''

ကျနော်ကလည်း ကျောင်းဝတ်စုံနဲ ့ မို ့ ကျောင်းဆရာမှန်းတန်းသိပုံရသည်။

''အစ်မတို ့က
လဲ့လဲ့မျိုးရဲ့မိဘတွေလား''

''ဟုတ်ပါတယ်ဆရာ ''

''ကျနော်အိမ်ထဲဝင်မယ်နော် ပြောစရာရှိလို ့''

''ဟုတ်ကြွပါဆရာ''

လဲ့လဲ့မျိုးတို ့မိဘတွေက အလယ်လတ်လူတန်းစားထဲကပဲ ထင်ပါတယ် ။ ထိုက်သင့်တဲ့ ပရိဘောဂအစုံအလင်နဲ ့

''သမီးလဲ့လဲ့ သမီးဆရာရောက်နေတယ်။
ဆရာခဏနော် ကျမ အအေးလေး ဖျော်လိုက်ဦးမယ်''

ဖခင်ဖြစ်သူကျန်ခဲ့ပြီး တပည့်မလေးကတော့ အိပ်ခန်းထဲမှ စိုးရိမ်တဲ့ မျက်နှာလေးနဲ ့ ထွက်လာသည်။

သူ ့အမေက အအေးခွက်လေးကိုပြီး ထွက်လာသည်။

''ကျနော် စကားခံချင်ပါတယ် ကျနော်ပြောတဲ့စကားကို ကြားလို ့
ကလေးကို စိတ်မဆိုးလိုက်ပါနဲ ့
လဲ့လဲ့လုပ်ခဲ့တဲ့ ကိစ္စလေးတစ်ခုကို ကျနော်ပြောပြချင်တယ်''

အမေလုပ်သူက စိုးရိမ်တဲ့ မျက်နှာဖြင့်
''သူဘာလုပ်ခဲ့လဲဆရာ''

''ကြိုပြောပါဦးမယ်
သူကျူ းလွန်ခဲ့တဲ့ ကိစ္စကို ကျနော်ကလွဲပြီး ဘယ်သူမှ မသိပါဘူး။
ဘယ်သူ ့ကိုမှ ပေးမသိစေချင်ဘူး။
ဒါကြောင့် ကျောင်းမှာစကားခေါ်ပြောပြန်ရင်လည်း ရိပ်မိသွားကြမှာမို ့ အိမ်အထိ လိုက်လာပြီး သူ ့ကို ပြောချင်တာပါ''

''ကျမတို ့သိခွင့်ရှိမလားဆရာ''

''အစ်မတို ့ဘက်က ကလေးအပေါ် နားလည်ခွင့်လွှတ်မှုအပြည့်ရှိရင်တော့ ကျနော် ပြောပြနိုင်ပါတယ်
အစ်မတို ့ ကလေးကို မရိုက်ဘူး မဆူဘူး စိတ်ဒဏ်ရာမပေးဘူးဆိုရင် ကျနော်ပြောပြပါမယ်''။

မိဘဆရာ ပူးပေါင်းရမယ့်ကိစ္စမို ့ မိဘကိုပါရအောင်ဆွဲခေါ်လိုက်သည်။
အဖေဖြစ်သူက
''ပြောပါဆရာ ကျနော်တို ့ကတိပေးပါတယ်''

''အတန်းထဲမှာ လဲ့လဲ့ ပိုက်ဆံ ၁၀၀၀၀ ယူထားတယ်''

''ဗျာ '' ''ရှင်''ဟူသော အာမေဋိတ်အသံနှင့်အတူ မိဘနှစ်ယောက်လုံး မျက်နှာပျက်သွားသည်။

''ခဏလေး ခဏလေး စိတ်ကို အေးဆေးထားပေးပါ
ဒီကိစ္စကျနော်တစ်ယောက်တည်းသိတာပါ
ဒီကိစ္စကို ဖော်ထုတ်လိုက်ရင် ကလေးမှာ အမှားနဲ ့တောင် မတန်တဲ့ ပြစ်ဒဏ်တွေ စိတ်ဒဏ်ရာတွေ အထင်သေးခံရမှုတွေ ရရှိသွားမယ်။

မပြောပြန်ရင်လည်း သူ ့အမှားကို နောင်တရပါ့မလား
အမှားမှန်းသိပါ့မလား''

''ဒါ ကျနော်တို ့မိဘတွေအသုံးမကျလို ့ ဖြစ်တာ ''
မျက်နှာကို အောက်ငုံ ့ထားပြီး
သူ ့အဖေကပြောသည်

''သူများပစ္စည်းဆို အပ်တို တစ်ချောင်းတောင်မယူဖို ့
ကျမတို ့ ဆုံးမပါတယ်ဆရာရယ်''

အမေဖြစ်သူကတော့ မျက်ရည်တွေပါ ကျနေသည်
လဲ့လဲ့ကလည်း မျက်ရည်လေးဝဲလို ့

''ဒါအစ်မတို ့ အပြစ်မဟုတ်ပါဘူး
ငွေ ၁၀၀၀၀ ဆိုတဲ့ပမာဏက ကလေးတစ်ယောက်အတွက်ကျ
နည်းမှ မနည်းပဲ ။
သူ ့ဆင်ခြင်တုံတရားဟာ
သူ ့ လောဘလောက်အားမကောင်း
သေးဘူး

ဒါ ဦးနှောက်အင်အားနည်းပါးသေးတဲ့ ကလေးတစ်ယောက်မို ့လို ့ပါ
ဒီအရွယ်ဆိုတော့ လှချင်လာတယ်။
လိုချင်တာတွေရှိလာတယ်
အဲ့ဒါတွေဝယ်ဖို ့ ပိုက်ဆံလိုချင်လာတယ်လေ။

ခုတော့ တစ်သောင်းနဲ ့ မတန်တဲ့ သိက္ခာတွေ အရှက်တွေ ကွဲသွားနိုင်တယ်ဆိုတာ သူသိသွားပြီ''။

သူ ့အဖေမှ
''သမီး အဲ့ဒိပိုက်ဆံရော''

ငိုသံလေးဖြင့်
''လွယ်အိတ်ထဲမှာ ဖေဖေ''

''အေး သွားယူ''

ပိုက်ဆံ ၁၀၀၀၀ တန်လေးကိုင်ပြီး ပြန်ရောက်လာသည်။

'ပေး ငါ့ကိုပေး

ဆရာ ပျောက်သွားတဲ့ကလေးကို ပြန်ပေးပေးပါ''

''ကျနော်စိုက်ပေးထားတယ် အစ်ကို''

'ဗျာ ဒါဆို ဆရာပြန်ယူပါနော် ''ဆိုပြီး အားတုံ ့အားနာမျက်နှာဖြင့် ကျနော့် ထံသို ့ရိုရိုသေသေလှမ်းကမ်းသည်။

''ဒါနဲ ့ဆရာ သမီးယူတာကို တစ်တန်းလုံးမသိအောင် ဆရာ ဘယ်လိုဖော်ခဲ့တာလဲဆရာ''

''ဒီအရွယ်လေးတွေက အမှန်အမှားကိုခွဲခြားဖို ့ ဉာဏ်ရည်မပြည့်စုံသေးပေမယ့်
သိပ်ကို ဖြူ စင်ကြသေးတယ်
သိပ်ကို မာယာနည်းကြသေးတယ်
အမူအယာတွေက သိပ်မလိမ်တတ်သေးဘူးလေ
တပည့်တွေ တစ်ယောက်ချင်းကျနော် ခေါ်မေးတယ်
ဒါပေမယ့် ဘယ်သူယူတယ်ဆိုတာ ကျနော်မဖော်ခဲ့ဘူး
image
ကလေးတွေက မှန်ဖို ့သင်ယူနေကြတဲ့ အရွယ်ပါ
ဒါကြောင့် ကျနော်ခွင့်လွှတ်တယ်။
ဒီလုပ်ရပ်ဟာ မကောင်းဘူး မလုပ်သင့်ဘူးလို ့ လဲ့လဲ့သိသွားရင် ကျနော်ကျေနပ်ပြီ။

ကဲ သမီးလဲ့လဲ့''

''ရှင်''

''သမီးအပေါ် နားလည်ခွင့်လွှတ်ပေးတဲ့ မိဘတွေ ဆရာတွေရဲ့ မေတ္တာကို သမီးနားလည်ရင် ဒီလိုလုပ်ရပ်မျိုး ထပ်မလုပ်ပါဘူးလို ့ ဆရာ့ကို ကတိပေးပါ''

''ဟုတ် ပေးပါတယ်ဆရာ''

''သမီး ဆရာကို ကန်တော့လိုက်ဦး''
မိခင်ဖြစ်သူမှ ပြောတော့ ကျနော့်ကို ကျုံ့ကျုံ့လးထိုင်ပြီး ကန်တော့ရှာသည်

ကျေးဇူးတင်ပါတယ်ဆရာဟု အထပ်ထပ်ပြောရင်း အိမ်ပေါက်ဝအထိ လိုက်ပို ့သော မိဘနှစ်ပါးကို အကြည်လင်ဆုံး ပြုံးပြ ခဲ့သည်။

ကျနော့်အပြန်လမ်းမှာ အတွေးများစွာဖြင့်

လူတွေကပဲ လူတွေကို အထင်သေးကြသည်
လူဆိုတာ ရိုက်မှ မှတ်မယ့် သတ္တဝါတဲ့လား
ဆူမှ ဆဲမှ နာတတ်ကြမှာတဲ့လား။
ကျနော်သိပ်လေးစားရတဲ့ ဗုဒ္ဓလို
ဘာလို ့များ မေတ္တာနဲ ့ မဆုံးမချင်ကြတာလဲ။
သခင်ယေရှုလို ဘာလို ့များခွင့်မလွှတ်ချင်ကြတာလဲ

ကျနော်ကတော့ မေတ္တာကိုယုံသည်။
ကျနော့်ငယ်ဘဝမှာ သူများပစ္စည်းယူမိလို ့ အရှက်ခွဲခံရ အရိုက်နှက်ခံရသည့် သူငယ်ချင်းများ၏ နာကျင်ရှက်ရွံ ့ မှုများကို ကိုယ်ချင်းစာပေးခဲ့သည်။
ဘယ်ကလေးငယ်ရဲ့ ရင်ထဲကိုမှ ဒဏ်ရာအကြီးကြီးတွေမပေးရက်ခဲ့။

သူ ့လုပ်ရပ်အမှားကို အမှားမှန်းသိဖို ့ ပြောပြခြင်းနည်းနှစ်ခုတော့ ရှိစမြဲပဲ။

တစ်ခုက အပြစ်ပေးအရေးယူဆုံးမနည်း

နောက်တစ်ခုက
နားလည်ခွင့်လွှတ်ဆုံးမနည်း ။

ကျနော်စွဲစွဲမြဲမြဲယုံကြည်ထားတာက
ဆရာဆိုတာ နှလုံးသားသိပ်လှဖို ့ လိုအပ်တဲ့သတ္တဝါပေါ့....
တပည့်မလေး နားလည်ပါစေကွယ်
image

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.030
BTC 58296.60
ETH 3064.91
USDT 1.00
SBD 2.26