အရေးမလုုပ်တတ်ဖုို့

in #esteem8 years ago

ခင်မင်မူဆိုုတာ၊ ေ၀းလိုု့ရတယ်၊ နီးလိုု့လည်းရတယ်၊
တန်ဖိုုးထားမူပေါ်မှာပဲ တည်ပါတယ်။
မေတ္တာရှိတယ်ဆိုုတာ၊ နက်လိုု့ရတယ်၊ တိမ်လိုု့လည်းရတယ်၊
စစ်မစစ်ပေါ်မှာပဲ တည်ပါတယ်။
လူမူရေးဆိုုတာ၊ ရူပ်ထွေးလိုု့ရတယ်၊ လွယ်ကူလိုု့ရတယ်။
စိတ်ရှင်းမရှင်း အပေါ် ပဲ တည်ပါတယ်။

image
photo - google

လူရယ်လိုု့ဖြစ်လာရင်၊
သင်ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊
တန်ဖိုုးသိတဲ့လူနဲ့ တိုုးဖိုု့တော့ လုိုလိမ့်မယ်။

သင်ဘယ်လောက်ပဲ ပေးဆပ်ပေးဆပ်၊
တန်ဖိုုးထားတတ်တဲ့လူနဲ့ ဆံုုဖိုု့ အရေးကြီးပါတယ်။

ဆိုုလိုုတာက...
သင်ဘယ်လောက်ကောင်းအောင်လုုပ်လုုပ်
လက်ညိုးထိုုးတဲ့လူ၊ ပြစ်တင်တဲ့လူ၊
ကြက်ဥထဲမှာ အရိုုးကိုု ရှာဖွေတဲ့လူ ရှိနေအုုန်းမှာပါ။
အဲဒါကြောင့်
လူတိုုင်းကိုု ကျေနပ်နှစ်သက်အောင် ကြိုးစားစရာမလိုုပါဘူး၊
ဖြစ်လည်း မဖြစ်နိုုင်ပါဘူး၊
ဒါပေမဲ့၊ စိတ်ရှင်းဖိုု့တော့ လုိုတာပေါ့၊

လူဆိုုတာ...
အလကားရတာ အကျင့်ပါသွားရင်၊
ကျေးဇူးတင်ဖိုု့ မေ့သွားတတ်ပါတယ်။

လူ့သဘာ၀အရ..
ချီးမွမ်း ခုုနှစ်ရက်၊ ကဲ့ရဲ့ ခုုနှစ်ရက်ပါ။
ကျွန်တော်တိုု့ သင်ယူထားရမှာက အရေးမလုုပ်ဖိုု့ပါပဲ။
ချီးမွမ်းတုုန်းက သွားအရေးလုုပ်မိရင်
ကဲ့ရဲ့ တဲ့အခါ စိတ်ခံစားနိုုင်စွမ်း ကျသွားတတ်တယ်။
အဲဒီတော့၊ အကောင်းပြောပြော၊ အဆိုုးပြောပြော
အရေးမလုုပ်ဖိုု့လိုုတယ်။
ကိုုယ့်စိတ်ကိုု နိုုင်အောင် ထိန်းထားဖိုု့ လိုုတယ်။

အဲဒီတော့...
လုုပ်သင့်တဲ့အလုုပ်ကိုု အကောင်းဆံုုးဖြစ်အောင်လုုပ်မယ်။
လှေျာက်သင့်တဲ့လမ်းကြောင်းကိုု ဖြောင့်ဖြူးအောင်လှေျာက်မယ်။
စိတ်ကိုု ဖြူစင်အောင် အတတ်နိုုင်ဆံုုး ကြိုးစားမယ်။
အရိုုးရှင်းဆံုုးဖြစ်အောင် ပြောဆိုုနေထိုုင်မယ်။

လမ်းမဖြောင့်ခဲ့ရင် ကွေ့ပတ်ပြီးလှေျာက်မယ်၊
စိတ်မဖြောင့်ခဲ့ရင် တစ်ဆင့်လှေှျာ့ပြီး တွေးမယ်၊
မေတ္တာနဲ့ ေ၀းခဲ့ရင် လွတ်ချနိုုင်ဖိုု့ ကြိုးစားမယ်။

အချို့ကိစ္စတွေဟာ နည်းနည်းတောင့်ခံလိုုက်ရင် ကျော်သွားပါတယ်။
အချို့ လူတွေကျတော့ စိတ်နည်းနည်း မာလိုုက်ရင် မေ့သွားပါတယ်။
အချို့ ဒုုက္ခတွေကိုုတော့ နည်းနည်း ပြံုးလိုုက်ရင် သက်သာသွားတတ်ပါတယ်။

ဒီကနေ့ ဘယ်လောက်ကြီးတဲ့ ကိစ္စဖြစ်နေပါစေ၊
မနက်ဖန်ကျရင် ကိစ္စသေးသေးလေး ဖြစ်သွားနိုုင်ပါတယ်။
ဒီတစ်နှစ်မှာ ဘယ်လောက်ကြီးလေးတဲ့ ပြသနာဖြစ်ဖြစ်၊
လာမဲ့နှစ်မှာ ရီစရာ ဖြစ်သွားနိုုင်ပါတယ်။
ဒီဘ၀မှာ ဘယ်လောက်ကြီးလေးတဲ့ ပြစ်ချက်ကြီးဖြစ်နေပါစေ၊
နောင်ဘ၀မှာ ပံုုပြင်အဖြစ်ပဲ ကျန်ခဲ့ပါတော့တယ်။

image
photo google

လူဆိုုတာ ကောင်းကင်မှာ ပျံသန်းနေတဲ့ တိမ်တိုုက်နဲ့ တူတတ်ပါတယ်၊
အမြင်အားဖြင့် လွတ်လပ်ပေမဲ့၊ လေပင့်ရာသွားနေရတော့ မလွတ်လပ်ပါဘူး။
ကိစ္စတော်တော်များများမှာ၊ ကျွန်တော်တိုု့ အလေးထားတာ၊ အလေးမထားတာ နဲ့ မဆိုုင်ပါဘူး၊
အလေးထားတော့လည်း ဘာမှမတတ်နိုုင်လုို့ပါ။
အဲဒီတော့....
လစ်လျူရူ့တတ်တဲ့ အကျင့်၊ အလေးမထားတဲ့ အကျင့်
မွေးမြူထားဖိုု့ လိုုပါလိမ့်မယ်။

Sort:  
UpvoteBank
Your upvote bank
__2.jpgThis post have been upvoted by the @UpvoteBank service. Want to know more and receive "free" upvotes click here

Coin Marketplace

STEEM 0.06
TRX 0.31
JST 0.057
BTC 69421.09
ETH 2072.46
USDT 1.00
SBD 0.50