​​ကိုယ်​မှာရှာ

in #esteem8 years ago
  • သင့်ဘ၀မှာ ဘာကို တန်ဖိုးထားတယ် ဆိုတာကို လေ့လာပါ။

သင့်ဘ၀မှာ သင်ဟာ စည်းကမ်းရှိတာကို တန်ဖိုးထားတာလား။ ပညာကို တန်ဖိုးထားတာလား။ ပိုက်ဆံ ကို တန်ဖိုး ထားတာလား။ အဲ့ဒါကို သေချာလေ့လာသံုးသပ်ပါ။
ပညာကို တန်ဖိုးထားလှျင်တော့ ပညာနဲ ့ဆိုင်တဲ့ အလုပ်အကိုင်မျိုးကို စဥ်းစားသင့်ပါတယ်။ ပိုက်ဆံကို တန်ဖိုးထားတာဆိုလှျင်တော့ စီးပွားရေး ပိုင်းကို ရွေးသင့်ပါတယ်။ ဒါတွေက ဥပမာပေးတာပါ။

image
google

  • သင့်ရဲ ့ကျွမ်းကျင်မှု ကို လေ့လာပါ။

အပေါ်မှာတော့ ပင်ကို ဗီဇ အရ ပါလာတဲ့ ကျွမ်းကျင်မှုကို ပြောခဲ့ပါတယ်။ အခု ပြောမှာကတော့ သင်ယူ တတ်ကျွမ်းလာတဲ ့(ဒါမှမဟုတ်) ဘ၀မှာ ကြံုတွေ ့လာတဲ့ အခြေအနေတွေအရ ဖြစ်ပေါ်လာတဲ့ ကျွမ်းကျင်မှုတွေပေ့ါ။ ဥပမာ သင်က လူတွေရှေ ့မှာ စကားပြောကောင်းတယ်၊ လူတွေကလည်း သင့်ကို ခဏခဏ စကားထွက်ပြောခိုင်းတဲ ့နေရာမှာ တာ၀န်ပေးတယ် ဆိုယင်တော့ သင့်ရဲ ့ကျွမ်းကျင်မှုဟာ public speaking လို ့သတ်မှတ်လို ့ရပါတယ်။

  • သင့်ကို စိန်ခေါ်စေနိုင်တဲ့အရာ၊ အခက်အခဲ ဖြစ်စေနိုင်တဲ့အရာတွေကို လည်း သံုးသပ်ပါ။

ဘယ်အရာတွေက သင့်ကို အခက်အခဲ ဖြစ်စေနိုင်လဲ။ စိန်ခေါ်မှု ဖြစ်စေနိုင်လည်းဆိုတာကို လည်း သံုးသပ်သင့်ပါတယ်။ အဲ့ဒီအရာတွေကနေ သင့်ရဲ ့အားနည်းချက်ကို သိရှိိနိုင်ပါတယ်။
နောက်တစ်ခုကတော့ အဲ့ဒီအခက်အခဲ၊ စိန်ခေါ်မှုတွေကို သင်ဘယ်လို ရင်ဆိုင်ဖြေရှင်းလဲ ဆိုတာကို သံုးသပ်ပါ။ အဲဒီလို ဖြေရှင်းလိုက်တဲ့ သင့်လုပ်ဆောင်ချက်မှာ သင့်ရဲ ့ကျွမ်းကျင်မှု ကို တွေ ့ရပါလိမ့်မယ်။

  • သင့်ရဲ ့ပရိသတ် ကို လေ့လာပါ။

လူတိုင်းမှာ ပရိသတ် ရှိပါတယ်။ ပရိသတ်ဆိုလို ့သင့် ရဲ ့အနုပညာကို ကြိုက်တဲ့ ပရိသတ်ကို ပြောတာ မဟုတ်ပါဘူး။ သင်နဲ ့ဆက်ဆံလို ့အဆင်ပြေတဲ့၊ သင်အပေါ်မှာ ယံုကြည်တဲ့ လူတွေကို ပြောတာပါ။ အဲ့ဒီ လူတွေကို ခွဲခြမ်းစိတ်ဖြာကြည့်ပါ။ အမျိုးသမီးများလား၊ အမျိုးသားများလား၊ ရွယ်တူများလား၊ အသက်ကြီးတာများလား၊ အသက်ငယ်တာများလား၊ မျိုးစံု ခွဲခြမ်းစိတ်ဖြာကြည့်ပါ။
ပြီးလှျင်တော့ သင်က ဘယ်လို လူမျိုးတွေနဲ ့ပိုပြီး အဆင်ပြေတယ်ဆိုတာ နားလည်လာပါလိမ့်မယ်။ သင့်မှာ အဲ့ဒီလိုလူမျိုးတွေနဲ ့ဆက်ဆံတဲ့ နေရာမှာ အားသာချက် ရှိနေပါတယ်။ ဒါဆိုလှျင် သင်အလုပ် တစ်ခု ရွေးမယ်ဆိုလှျင်လည်း အဲ့ဒီလို လူမျိုးတွေနဲ ့များများဆက်ဆံရတဲ့ အလုပ်မျိုးဆိုလှျင် အောင်မြင်မှု ပိုရနိုင်ပါတယ်။

  • သင် ဘာကို ယံုကြည်တယ် ဆိုတာကို လေ ့လာသံုးသပ်ပါ။

image
google

ဒါကတော့ နောက်ဆံုး ဆင့်ပါပဲ။ သင့်ကို သင် ဘာကို ယံုကြည်တယ်ဆိုတာကို သိဖို ့လိုပါတယ်။ သင် တန်ဖိုးထားတဲ့ အရာတွေ၊ လေးစားတဲ့ အရာတွေနဲ ့အတူ အရေးကြီးတာက သင်ယံုကြည်တာပါ။ သင်က “ပညာရွှေအိုး လူမခိုး” ဆိုတာကို ယံုကြည်တယ်ဆိုလှျင်တော့ သင့်ရဲ ့ဘ၀ လမ်းကြောင်းဟာ ပညာရေးနဲ ့သက်ဆိုင်တဲ့ လမ်းကြောင်းပေါ်လှေျာက်လှမ်းရပါမယ်။ “ကျန်းမာခြင်းဟာ လာဘ် တစ်ပါး” လို ့ဆိုလှျင်တော့ ကျန်းမာရေးနဲ ့သက်ဆိုင်တဲ့ လမ်းကြောင်းပေါ ့။ အဲ့ဒီ ယံုကြည်မှုပေါ်လိုက်ပြီး သင့်ဘ၀ကို ဖန်တီးယူတာ အကောင်းဆံုးပါပဲ။
ဒါပေမယ့် အရေးကြီးတဲ့ အချက်ကတော့ သင့်ရဲ ့ယံုကြည်မှုတွေဟာ အချိန်နဲ ့အမှျပြောင်းလဲနေလားဆိုတာကိုလည်း လေ့လာသံုးသပ်ပါ။ နောက်တစ်ခုကတော့ တစ်ခုခုကို ယံုကြည်ပြီးလှျင် ပိုပြီး လေးလေးနက်နက် ယံုကြည်လာတာလား။ ဆိုတာကို လည်း သိသင့်ပါတယ်။ သတိထားရမှာကတော့ အပေါ်ယံယံုကြည်မှုကို တကယ့် ယံုကြည်မှု အနေနဲ ့အယူမှားသွားမှာကို မဖြစ်စေချင်လို ့ပါ။

Sort:  
UpvoteBank
Your upvote bank
__2.jpgThis post have been upvoted by the @UpvoteBank service. Want to know more and receive "free" upvotes click here

Coin Marketplace

STEEM 0.06
TRX 0.28
JST 0.048
BTC 72969.54
ETH 2138.66
USDT 1.00
SBD 0.48