“Wake up Call”

in #esteem • 9 years ago

" ဆွဲမလား၊ ကမလား"

ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် ဟုတ်မှ ဟုတ်ကြရဲ့လား?

  • ငယ်ငယ်တုန်းကနေ ဆယ်ကျော်သက်အရွယ်အထိ မိဘအလိုကျ၊

  • ကိုယ်ပိုင်ဘဝလေးတည်ဆောက်ချိန်ကျပြန်တော့ မိသားစုအလိုကျ၊

  • အလုပ်ခွင်ထဲမှာကျပြန်တော့လဲ အလုပ်ရှင်အလိုကျ၊

  • ဒီနေ့အထိ တစ်ခြားသူတွေအလိုကျ ဘယ်လောက်အထိ နေခဲ့ရပြီးပြီလဲ?

"ကိုယ်လိုချင်တဲ့ အိပ်မက်က ကိုယ်လိုချင်တဲ့ အိပ်မက်ပဲဖြစ်ရမယ်"

"တစ်ခြားသူတွေဖြစ်စေချင်တဲ့ လိုချင်တဲ့ အိပ်မက်ဖြစ်လို့ မရဘူး"

လက်ရှိအခြေအနေကို ကျေနပ်ပါရဲ့လား?
ကျေနပ်ရင် ဆက်သွားပါ၊

မကျေနပ်ရင် တစ်ခုခုကို (ကိုယ်မကြိုက်တာကို) အမြန်ပြောင်းလဲလိုက်ပါတော့၊

"အဓိက ကတော့ မိမိကိုယ်ကို ရိုးသားဖို့ပါပဲ"

ကိုယ်စိတ်ကို အမှန်တကယ်သိအောင်လုပ်ပြီး ကိုယ်အမှန်တကယ်ဖြစ်ချင်တာတွေကို အကောင်အထည်ဖော် လုပ်ဆောင်ဖို့ပါပဲ၊

နေသာတဲ့ဘဝမှာ မသေချာ၊ မရေရာတာတွေ များလှပါတယ်၊

ကုန်လွန်သွားတဲ့ အချိန်တွေဆိုတာ ပြန်မရနိုင်သလို အစားထိုးလို့လဲ မရနိုင်ပါဘူး၊

ကိုယ်ရွေးချယ်တာ ကိုယ်ရကျမှာပါ၊ လက်ရှိကျန်နေသေးတဲ့ ဘဝခရီးမှာ ကျွန်တော်တို့ ဘယ်လိုပုံစံနဲ့ ရှေ့ဆက်ရပ်တည်ကြမလဲ၊

"တစ်ခုခုကိုရွေးချယ်ဖို့၊ ဆုံးဖြတ်ဖို့ အချိန်တန်ပါပြီ"
image
SMT(51)

Sort:  

SMT67
ရွေးချယ်ဆုးံဖြတ်တဲ့အချိန်တွေ တကယ်ကိုရောက်နေပြီညီ

ဟုတ်​တယ်​အကို