နွေ
in #esteem8 years ago
ဟေမာန်​ ​နောက်​ဆုံး
image ဆန်းစ​ သစ်​​နွေ
ဝေလီ နံနက်
နှင်းမြူ ထပ်​၏။
       ညဉ်​နက်​    ခြမ်းဝယ်
           ချမ်းတုံ   ​သေ့၏။
             ဧရာ    မြစ်​တို့
     သဲ​သောင်​    ထွန်း​ပေါ်
        ကိုတံငါ     ဖို့
          ပိုက်​ချ     ​ပျော်​၏။
        ကိုင်းထဲ    ကျွန်း​ပေါ်
            ပဲခင်း    တစ်​​မျှော်
               ဖရဲ    သခွား
      စိုက်​လျှက်​    များ၏။
             မုရင်း    စိမ်းလဲ့
           မြစ်​ကျိုးး   အင်းပြတ်
           ကျွဲနက်​   ဗျိင်းဖြူ
       လိုက်​ဖက်​    ထူ၏။
          ပွင့်​ကြ     မြိုင်​၏။
           ရိုးပြတ်​    လယ်​ကွင်း
         ငှက်​​တွေ    ပျံ၏။
             ရွှံ့ဗွက်​    ​ရောယှက်
          ပက်​ကြား   အပ်​၏။
         အဇာဋာ     ထက်
      တိမ်​ကင်းပ   လျှက်
        ယဲ့ယဲ့ပြာ     ထဲ
         သိန်းစွန်​     ၀ဲ၏။
          ထန်းပင်​    ထန်းလက်
       ရင်း​ထောင်​   ထူဆွဲ
        ချိတ်​လျှက်​    အိုးမြူ
          ထန်းရည်​   ချ၏။
              သရဖီ     က
       လနှင့်​လည်း    ညီ
                ရာသီ    ညို၏။
                 ပင်​ရိုး    ပြိုင်​လည်း
              လက်​ပံ    ပွင့်​ရဲ
             ဆရက်​     နင်း​ခြေ
            ပြုတ်​ပြုတ်​   ​ကြွေ၏။
                ဥဩ      ငှက်​ကွဲ
               တွန်​သံ    တွဲ့နွဲ့
        ဖိုး​ခေါင်​ငှက်​     အီ
             စိတ်​​ထွေ    လီ၏။
               ရွက်​ရဲဝါ     ​ကြွေ
            မြင်းကွင်း       အုံ့ဆိုင်း
                      အူ       မရိုင်းလည်း
                 လွမ်းရ       ဘယ်​ဆီ
                   မတမ်း      တတ်​ပြီး။
                  Author:kyaw kyaw
                  Follow me smt68@mumushein
                  Photo from gallery
Sort:  
Hey @mumushein, gotta love Steemit! Still awesome platform and community and it's nice having great people contribute so we all benefit. Keep up the good work! Cheers!
Coin Marketplace
STEEM 0.06
TRX 0.32
JST 0.064
BTC 69842.17
ETH 2143.61
USDT 1.00
SBD 0.48