လူစကား

in #esteem8 years ago

image
"ငါ့မြေး အင်္ဂလိပ်စကား ပြေတတ်လား
မတတ်ပါဘူးဖိုးဖိုး သားကကျောင်းမှ မနေရသေးတာ

"ငါ့မြေး ရှမ်း,စကားကို ပြောတတ်လား
မတတ်ပါဘူး ဖိုးဖိုး သားကရှမ်းပြည်မှ မသွားဖူးတာ

"ငါ့မြေး မွန်,စကားကို ပြောတတ်လား
မတတ်ပါဘူး ဖိုးဖိုး သားက မွန်တွေကြားမှာ တခါမှမှ
မနေဖူးတာ

"ငါ့မြေး ကရင်,စကားကိုပြောတတ်လား
တတ်ပါဘူး ဖိုးဖိုး သားက ကရင်တွေးကြားမှ
တခါမှ မှ မနေဖူးတာ..

image
အေး ငါ့မြေးမှတ်ထား
လောကကြီးမှာ ဘာစကားမှ မတတ်နားမလည်လည်း
မျက်နှာငယ်စရာ အကြောင်းမရှိဘူး

ငါ့မြေး နားလည်ထားဖို့က
လူတွေက လူလိုပြောလာတဲ့ "လူစကား"က အဓိကပဲ

လူတချို့ ဘာသာစကားမြောက်များစွာ
ပြောတတ် နားလည်တယ် ဒါပေမယ့်
သူတို့ကိုယ်သူတို့တတွေ ကိုယ့်ကိုကိုယ် ဘဝင်မြင့်တတ်တော့
လူလိုပြောတဲ့ လူစကားကို နားမလည်ကြတော့ဘူး မြေး...

ကိုယ့်ဖာသာကိုယ် ပညာရှိမရှိ စာတတ်မတတ်
အဓိကမဟုတ်ဘူး အဓိက သိထားရမှာက လူးကြားမှာနေ
လူလိုပြောတဲ့ လူစကားတွေပဲ

ဘဝင်မမြင့်မိစေနဲ့ မြေးလေး
ဘဝင်မြင့်တတ်သွားတဲ့ သူတွေဟာ
ကိုယ့်စကားထက် ဘယ်သူစကားကိုမှ အရေးမထား မလေးစားတတ်တော့ဘူး ငါ့မြေး...

လူစကားကို လူလိုပြောတတ်ဖို့
ငါ့မြေး… တစ်သက်လုံး မှတ်ထားကွယ်…
image
မိမိအတွေးသာဖြစ်သည်။
အမှားများပါရင် ကျွန်တော်ရဲ့အားနည်းချက်သာဖြစ်သည်။

လေးစားစွာဖြင့်
@myathuaung
MSC- 032

Sort:  

ဟုတ်တာပေါ့။လူစကားကိုလူလိုနားလည်အောင်ပြောနေပေမယ့်တချို့တွေကလူလိုနားမလည်ကြဘူး။လူမဟုတ်ဘူးလားလို့သေချာပြန်ကြည့်လိုက်တော့လဲ လူပါပဲ။ဒါနဲ့စဉ်းစားတယ် လူကိုလူကစကားပြောနေတာကို ကပ်တတ်တတ်နဲ့ ဘာလို့များလူစကားကိုပဲ အဲ့လူကနားမလည်တာပါလိမ့်ပေါ့။

စေတနာအပြည့်နဲ့ ဖတ်ရှု့ပြီးသုံးသပါပေးတဲ့ အတွက် ကျေးဇူးပါ က်ုကြီး

မှတ်​သားစရာပါ

ဟုတ်ကဲ့

ကောင်းမွန်​တဲ့ အ​တွေးပဲဗျာ .. လူစကားတတ်​ဖို့ သာ အ​ရေးကြီးဆုံးပါ​လေ ..

ဘာပြောတာလည်း မသိအစ်ကို

အ​တွေး​လေး​ကောင်းတယ်​ဗျ

ဖတ်ရှု့ပေးတဲ့အတွက် ကျေးဇူးပါ

တော်တော်များများ လူစကားမတတ်ကြသေးဘူး

ဟုတ်တယ် အစ်ကိုရေ

ကောင်းချက်​ ​ထောင်းချက်​ထားသလို

M. .ဘာမှလည်းရေးပူး

ကောင်းဒေ

ကျေးဇူးဗျ

ဟုတ်ကဲ့မှတ်ထားပါမယ်ဗျ

လိုက်နာပါ့မယ် ဖိုးဖိုး..

Coin Marketplace

STEEM 0.06
TRX 0.31
JST 0.061
BTC 69149.88
ETH 2107.86
USDT 1.00
SBD 0.51