Lann Ma Khwe Jay

in #esteem6 years ago

ဒီတော့ ညီမလေးတို့ …. ဘယ်လိုလုပ်ကြမလဲ????
image

  1. “ဘ” တွေကို အမြဲသတိရပါ။

ကိုယ့်ရဲ့ ဘ၀မှာ အဓိက -------

  • ဘာကိုလိုအပ်သလဲ။
  • ဘာကိုလိုချင်သလဲ။
  • ဘယ်လို အိပ်မက်တွေရှိလဲ။
  • ဘာတွေကို တန်ဖိုးထားလဲ။
  • ဘယ်အရာတွေကို ဦးစားပေးသလဲ။

ဒါတွေဟာ ကိုယ့်ကိုယ်ကိုယ် အမြဲမေးနေရမယ့် မေးခွန်းတွေပဲ ဖြစ်ပါတယ်။ အဓိကက ကိုယ့်အကြောင်းကိုယ် သိရမယ့် အခြေခံအချက်တွေပဲ။ ဒါတွေကို သေချာရှင်းလင်းပြီး သိထားပြီဆိုရင် ကိုယ့်ဘ၀မှာ ဘာအတွက်ရှင်သန်နေတယ် ဘာကအရေးကြီးတယ်ဆိုတာကို တွေ့ လာရပါလိမ့်မယ်။

တွေ့ လာပြီဆိုရင် ဒီလမ်းကို တည့်တည့်လျောက်လိုက်တော့။ ဒီလိုလုပ်နိုင်ပြီဆိုရင် confidence အရမ်းရှိလာလိမ့်မယ်။ ကိုယ့်ချစ်သူနဲ့ ပြတ်သွားလို့ ဘ၀ပျက်သွားပြီဆိုတာမျိုး လုံးဝမရှိတော့ဘူး။ သူပါပါ မပါပါ ကိုယ်ကတော့ ကိုယ့်ဘ၀အတွက် ကိုယ်တည့်တည့်လျှောက်နေတုန်းပဲ။

Still Rocking! ဒါမျိုးကို လိုချင်တာ။ Self power. Self confidence. Self Value.

🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃

  1. ပေးသော်လည်း ပေးတိုင်းပြန်မရတာ အချစ်လို့ ခေါ်ပါတယ်။

ခေါ်သလား မမမေးတော့ဘူး။ ခေါ်တယ်ဆိုတာ သေချာလွန်းလို့ ။ များများပေးရင် များများပြန်ရတယ်ဆိုတဲ့ logic က အချစ်မှာတော့ မသက်ရောက်ဘူးရယ်။ ကံအရမ်းကောင်းရင်တော့ သက်ရောက်မှာပေါ့။ ဒါပေမယ့် သေချာကြည့်နော်။ ကိုယ်ကသာ အကုန်ပေးပလိုက်တာ။ ဟိုက ဒါကြီးကို တန်ဖိုးကို မထားတော့တာ။ ဒီစော်က ငါဘာလုပ်လုပ်ပါကွာ၊ ငါ့ကို သူအဆုံးရှုံးမခံနိုင်ပါဘူး ဆိုတဲ့ စိတ်ကြီးက ၀င်သွားရော။ အဲ့လိုနဲ့ ခဲရာခဲဆစ်ရယူရတဲ့ အသစ်အဆန်းတွေနောက်လိုက်သွားရော။ မြောက်ပေးတာတော့ မဟုတ်ဘူး၊ အရမ်းမချစ်ပြနဲ့ ၊ အရမ်းမပေးနဲ့ ။ ပေးလွန်းရင် တန်ဖိုးမဲ့ကုန်တယ်။ ဒါ ဘယ်သူမဆိုအဲ့လိုပဲ။
image
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃

  1. စည်းကမ်းရှိပါ။

စည်းကမ်းသည် လူ့ တန်ဖိုးတဲ့။ အရာရာတိုင်းမှာ စည်းကမ်းရှိရတယ်​။ RS မှာလည်း ကိုယ့်ရဲ့ အရေးပါမှုကို မဆုံးရှုံးချင်ရင် စည်းကမ်းရှိရတယ်။ ကိုယ်မကြိုက်တာတွေဆိုရင် ပြတ်ပြတ်သားသားမကြိုက်ဘူးဆိုတာကို သေချာပြောရဲရမယ်။ သည်းမခံနိုင်တာရှိရင် လုံးဝသည်းမခံကြောင်းပြောပြတတ်ရမယ်။

အားနာစရာမလိုဘူး။ ဒီ relationship မှာကိုယ်လုံးဝမလိုချင်တာကို demanding လုပ်တတ်ရမယ်။ ကိုယ့်ရဲ့ သတ်မှတ်ချက်နဲ့  စည်းကမ်းကို ပြတ်ပြတ်သားသားပြောပြထားမှ သူကလည်း ကိုယ့်အပေါ် လေးစားမှုထားမှာဖြစ်သလို ကိုယ့်ရဲ့ limit ကဘယ်လောက်အထိပဲ သည်းခံနိုင်မယ်ဆိုတာ သူသိနေဖို့ လိုတယ်။

ဒါမျိုးမှသာလျှင် ဒီ rs တစ်ခုက ပရမ်းပတာ မဖြစ်မှာ။ ဘယ်အရာမဆို ဘ၀မှာ ဘာပဲကြုံကြုံ ကိုယ့်ရဲ့ ခံယူချက်အပေါ်မှာ စိတ်ခိုင်ခိုင်မာမာထားတတ်ဖို့ လိုတယ်။ တစ်ခါတစ်လေ အသည်းမာစေချင်တယ်။

🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃

  1. ကိုယ့်သူငယ်ချင်းတွေကို မမေ့လိုက်ပါနဲ့ ။

တော်တော်များများဖြစ်တတ်ကြပါတယ်။ ကိုယ့်ချစ်သူနဲ့ ပဲ လုံးခြာလည်ရိုက်နေတော့ ကိုယ့်သူငယ်ချင်းတွေကိုဆိုရင် လုံးဝသတိမရတော့ဘူး၊ အပြင်ကမ္ဘာကြီးနဲ့ ဆို လုံးဝအဆက်အသွယ်ပြတ်။ ပြဿနာတတ်ပြီဆိုမှ အသည်းအသန်ပြန်လိုက်ရှာပြီး ရင်တွေဖွင့်လိုက်တွေ လုပ်ကြတော့တာပဲ။

အဲ့လို မဖြစ်ပါနဲ့ ချစ်တို့ ။ ကိုယ့်ချစ်သူကို ချစ်တာလည်း ချစ်ပေါ့။ ဒါပေမယ့် ကိုယ့်သူငယ်ချင်းတွေကိုလည်း လိုသုံးမျိုးမဆက်ဆံမိစေနဲ့ ။ ဒီလို လုပ်ဖန်များလာရင် နောက်ဆိုရင် ကိုယ့်ဘေးကနေ တစ်ဖြည်းဖြည်းနဲ့ သူငယ်ချင်းတွေ ဝေးကွာသွားလိမ့်မယ်။ အဲ့လိုနဲ့ ကိုယ့်ချစ်သူသာလျှင် ကိုယ့်ရဲ့ သူငယ်ချင်းပဲဖြစ်နေရင် သူ့ ကို ဆုံးရှုံးရမှာ အရမ်းကြောက်ပြီး အမြဲတမ်းခေါင်းငုံ့ နေရလိမ့်မယ်။

🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃

  1. ပွင့်ပွင့်လင်းလင်းပြောဆိုပါ။

မေအမြဲပြောပါတယ်။ RS တစ်ခုမှာ အရေးကြီးဆုံးက တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်းပြောဆိုဖို့ ပါပဲ။ ကိုယ်ဘာကြိုက်တယ်၊ မကြိုက်ဘူး။ ဘာခွင့်ပြုတယ်၊ မပြုဘူး။ ဒါတွေဟာ အစောကြီးထဲက တစ်ယောက်နဲ့ တစ်ယောက် အသိပေးထားရမယ့် အရာတွေပဲဖြစ်ပါတယ်။ တစ်ခုခုလုပ်မယ်ဆိုလည်း ပွင့်ပွင့်လင်းလင်း ပြောပြပြီးမှ လုပ်တာမျိုး၊ တိုင်ပင်ပြောဆိုပြီးမှ လုပ်တာမျိုး။

ဒါဆို တစ်ယောက်နဲ့ တစ်ယောက် အပြစ်ပြောစရာမရှိတော့ဘူး။ တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်းရှိခြင်းက RS တစ်ခုကို ပိုပြီး လွယ်ကူစေတယ်။ ဒါမှ သူဘာလိုချင်တယ်၊ မလိုချင်ဘူး ဆိုတာကို သိထားမှာဖြစ်ပါတယ်။ ဒါဆိုရင် လုပ်ရကိုင်ရတာ ပိုအဆင်မပြေဘူးလား?

🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃

  1. ကိုယ့်ဘာသာကိုယ် ပျော်အောင် နေတတ်ပါ။

ချစ်သူဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ဘ၀အတွက် ဖေးမကူညီပြီး supporting လုပ်ပေးရပါတယ်။ သူ့ အတွက်ကြီးပဲ တစ်ဖက်သပ်လုံးဝလုပ်လို့ မရပါဘူး။ ဒါကြောင့် ကိုယ့်အတွက်လည်း ကိုယ်အချိန်ပေးဖို့ လိုတယ်။ ကိုယ့် အိပ်မက်တွေ၊ ကိုယ်ဝါသနာပါတာတွေ၊ ကိုယ့်ကို ပျော်ရွှင်စေတဲ့ အရာတွေကို လက်မလွှတ်လိုက်ပါနဲ့ ။ သူ့ အတွက်ကို အချိန်ပေးသလို ကိုယ့်ပျော်ရွှင်မှုတွေအတွက်လည်း ကိုယ်အချိန်ပေးသင့်တယ်။

🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃

  1. ကိုယ်​က သူ့ အတွက်​ တန်​ဖိုးရှိ​နေပါ​စေ။

လူ​တွေက ကိုယ်​အထင်​ကြီး​လေးစားမြတ်​နိုးရတဲ့ သူကို မစွန့်လွှတ်​ရဲကြဘူး။ ဒါ​ကြောင့်​ ကိုယ်​က အဲ့လိုလူဖြစ်​​နေဖို့ လိုတယ်​။ ကိုယ့်​ချစ်​သူက ကိုယ့်​အ​ကြောင်းကို သူ့ လူ​တွေကြားမှ ဂုဏ်​ယူစွာ​ပြော​နေပြီဆိုရင်​​တော့ You are doing it right! ဒါ​ကြောင့်​ ကိုယ်​က အလကားလူမဖြစ်​​စေနဲ့။ ကိုယ်​သွား​နေတဲ့ လမ်းမှာ​အောင်​မြင်​​အောင်​လုပ်​ကိုင်​ ကြိုးစားပါ။ တန်​ဖိုးရှိတဲ့ သူကိုမှ တန်​ဖိုးထားကြတာမလား?

🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃
image
ဒါကတော့ မေ အဓိက ၇ ချက်ပဲပြောသွားတာဖြစ်ပါတယ်။

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 62946.22
ETH 3453.83
USDT 1.00
SBD 2.50