လက်မရှောင်

in #esteem6 years ago

စီအိုင်အေသည် လက်မရွံလူသတ်သမား အတွက်လူရွေးချယ်လျှက်ရှိသည်။ နောက်ခံကိုယ်ရေးရာဇ၀င်များ၊ အင်တာဗျူးများနှင့် စစ်ဆေးမှုများပြုလုပ်ပြီးနောက် ဇကာတင်အဖြစ် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထွက်ပေါ်လာသည်။

နောက်ဆုံးစစ်ဆေးမှုအနေဖြင့် တစ်ဦးချင်းကို သထ္တုခန်းမကျယ်တစ်ခုဆီသို့
ခေါ်ဆောင်သွားပြီး သေနတ်တစ်လက်ပေးလေသည်။

အရာရှိက
"မင်းတို့ဘယ်လိုအခြေအနေနဲ့ပဲကြုံကြုံ
အမိန့်ကိုလိုက်နာရမယ်ဆိုတာ
သိတယ်မဟုတ်လား, ဒီအခန်းထဲမှာ မင်းရဲ့မိန်းမ ထိုင်ခုံတလုံးပေါ်မှာ ထိုင်နေလိမ့်မယ် သူ့ကိုပစ်သတ်လိုက် ”

ပထမယောင်္ကျားက
" ကျုပ်မိန်းမကိုတော့မသတ်နိုင်ဘူး။ ”

အရာရှိ ။ ။ “ဒါဆိုမင်းမဖြစ်နိုင်ဘူး။”

ဒုတိယောက်ျားအလှည့်တွင်လည်းအလားတူအမိန့်ပေးလေသည်။

ဒုတိယလူလည်း သေနတ်ယူကာ
အခန်းတွင်းသို့ဝင်လေသည်။ ငါးမိနစ်ခန့် ငြိမ်သက်သွားပြီး မျက်ရည်တွဲလဲဖြင့် ပြန်ထွက်လာသည်။

ဒုတိယယောက်ျားက
"ကျွန်တော်မိန်းမကို မသတ်ရက်ဘူး"

အရာရှိက
“မင်းမှာလဲ
လိုအပ်တဲ့အရည်အချင်းမရှိဘူး.. မင်းမိန်းမကိုခေါ်ပြီးပြန်တော့”

နောက်ဆုံးအမျိုးသမီးအလှည်တွင်
၎င်း၏လင်ယောက်ျားကိုသတ်ရန်
အမိန့်ပေးပြန်၏။

အမျိုးသမီးလည်းသေနတ်ယူကာ
အခန်းတွင်းသို့ဝင်လေသည်။ သေနတ်ပစ်ခတ်သံများ
တချက်ပြီးတချက်ကြားရလေသည်။ ၎င်းနောက် အော်ဟစ်သံများ၊ ကွဲရှသံများနှင့် နံရံကိုထုနှက်သံများကိုကြားရလေသည်။

မိနစ်အနည်းငယ်အကြာ အခန်းထဲမှ အမျိုးသမီးထွက်လာလေသည်။
💯💯💯 ယုံကြည်မှု 💯💯💯

ယုံကြည်မှု ဆိုတာ စာရွက်တစ်ရွက်လိုဘဲ ...
ကြေမွသွားတာနဲ့ နဂိုအတိုင်း ပြန်ဖြစ်မလာတော့ဘူး တဲ့.
အင်တာနက်မှာဖတ်ဖူးတာ.

ဘယ်လိုလူမှုဆက်ဆံရေးမျိုးမဆို ...
မိဘ နဲ့ သားသမီး ...
ဆရာ နဲ့ တပည့်တွေ ...
အလုပ်ရှင် နဲ့ အလုပ်သမား ...
သူငယ်ချင်းမိတ်ဆွေ အချင်းချင်းကြား ...
ချစ်သူတွေ ...
ဇနီးမောင်နှံတွေ စသည်ဖြင့်ပေါ့လေ ...
ယုံကြည်မှုလေးတစ်ခါပျက်ကြည့် ...
ပြန်လည်တည်ဆောက်သည့်တိုင် ...
နဂိုအတိုင်းဖြစ်လာဖို့မလွယ်တော့ဘူး.

ယုံကြည်မှုပျက်သုဉ်းခြင်းနောက်မှာ ...
' သံသယ ' ဆိုတဲ့သိပ်ကြောက်စရာကောင်းတဲ့ virus က
တစ်ခါဝင်ပြီးရင် တောက်လျှောက်ဒုက္ခပေးတတ်တာမျိုး.

ခိုင်မြဲတဲ့ ... တည်မြဲတဲ့ တွဲလက်တွေမှာ ...
အခြေခံ အုတ်မြစ် ' ယုံကြည်မှု ' တွေက မမြင်နိုင်ပေမယ့် ...
စွမ်းအားရှိရှိ ချိတ်ဆက်ပေးထားတာမလား.

' ယုံကြည်မှု ' တွေခိုင်မြဲမို့ ...
ရိုးသားမှု ...
ပွင့်လင်းမှု ...
ဟန်ဆောင်ခြင်းကင်းမှု ...
နောက်ကျောဓါးထိုးကင်းမှု ...
ဣသာ မိစ္ဆရိယစိတ်ကင်းမှု ...
သူ့နေရာမှာ ငါသာဆိုရင်ဆိုတဲ့ ...
စိတ်ထားတတ်မှုတွေ လိုတယ်မလား ...

ကိုယ်က သန့်စင်တဲ့ ယုံကြည်မှု လိုချင်ရင် တစ်ပါးသူတွေကိုလည်း သန့်စင်တဲ့ ယုံကြည်မှုပေးရမှာပေါ့.

ကိုယ်ကဘဲလိုချင်တဲ့ ' အတ္တ' ရယူလိုမှုသာရှိ ...
တစ်ပါးသူကို ပေးလိုတဲ့ ' သဒ္ဒါ ' မရှိရင် ...
' ယုံကြည်မှု ' တွေအရောင်စွန်းတတ်တယ်.

ဖြူစင်တဲ့ ' ယုံကြည်မှု ' တွေပေးရင်း ဖြူစင်တဲ့ ' ယုံကြည်မှု ' တွေပြန်လည်ရရှိရင်း ခိုင်မြဲတဲ့ တွဲလက်တွေ တည်ဆောက်ကြရအောင်လေ.

image
နဖူးပေါ်မှချွေးများကိုသုတ်လိုက်ပြီး

“ရှင်တို့ကဗလာကျည်တွေ
ထည့်ထားတာကိုး
ကျွန်မမှာသူ့ကို
ခုံနဲ့မနည်းရိုက်သတ်လိုက်ရimage

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 62548.40
ETH 3435.15
USDT 1.00
SBD 2.51