" သနပ်ခါး "

in #esteem6 years ago

image

…" သနပ်ခါး "……

အားစိုက်ပြီး သွေးရင်
အနားတဝိုက်ထိ မွှေးချင်တယ် ။

မစို့မပို့လေး သွေးလည်း
မခို့တရို့လေး မွှေးဆဲပါ ။

ကျောက်ပျ ဉ် အသားထဲထိ
ဖောက်ဝင်သွားရဲတဲ့ ရနံ့ဟာ
နှစ်ယောက်ရင်ကြားထဲလည်း ပျံ့ မှာပါပဲ ။

သွေးပါများလို့
အမွှေးလွှာ ပါးရင်တောင်
မွှေးအားက တန်ခိုးအဖြစ်နဲ့
အရိုးအနှစ်ထဲထိ
ရစ်ဝဲပြီး ရှိနေဦးမယ် ။

image

အပင်ထက်မှာ
ရှင်လျက်နဲ့ မွှေးသလောက်
သွေ့ခြောက်တဲ့ အထိလည်း
အဝေးရောက်တဲ့ အထိစွဲ
အငွေ့မပျောက်ပျက်အောင် ရှိဆဲလေ ။

နွေနေထဲမှာလည်း
ရေကျဲရဲ့ရနံ့လေး
လေခွဲပြီး ပျံ့ မွှေးလို့
သန့်သန့်လေး အေးစက်
ခန့်ခန့်လေး ဈေးတက်ရင်း
အပွေးပျက်ရရင်တောင်
ဆေးဖက်ကတော့ ဝင်နေဦးမယ် ။

ချစ်သူရေ………
အပူဝေသမျှ လွမ်းလို့
အတူနေရရင် နမ်းဖို့လေ
မတွေဝေတမ်း ပြတ်သား
သေသေချာချာလေး မှတ်ထားနော်
သနပ်ခါး နဲ့ ပါးကြားမှာ
စိတ်ဓါတ်တွေ မဖျားပါစေနဲ့
မိတ်ကပ်တွေ မခြားပါစေနဲ့ကွယ် ။ ။

                        photo : facebook

image

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.030
BTC 58119.97
ETH 3054.21
USDT 1.00
SBD 2.26